ရာသီဥတု ကို ပြောင်းလဲ ပစ်နိုင်တဲ့ သဘာဝလွန် ဘေး အန္တရာယ် လက်နက် ကို တရုတ် ပိုင်ဆိုင်နေ ပြီလား…( တိုက်ဆိုင် မှုလား ဖန်တီးမှုလား )?

တိုက်ဆိုင်မှုလား ဖန်တီးမှုလား ( သို့ ) နည်းပညာ စစ်ပွဲ အစလား ကမ္ဘာကြီး..? သဘာဝ ဘေးအန္တရာယ် ရာသီဥတု လက်နက်တွေ ပိုင်ဆိုင် နေကြပြီလား..?

ဘဂ်လား ပင်လယ်အော်က မိုးတိမ်တောင် နဲ့ လေပြင်းတွေဟာ ခါတိုင်း ပုံမှန်နှစ်တွေတုန်းက၊ အိန္ဒိယ ဘဂ်လားဒေ့ နဲ့ ဖိလစ်ပိုင် မြန်မာ စတဲ့ အနောက်ဘက်တွေကိုပဲ ရွေ့လျားပြီး၊ မုန်တိုင်းနဲ့ မိုး‌ကြီး လေထန် ဖြစ်နေကြပါ… ယခုတော့ အဲ့မိုးတိမ်တောင်တွေဟာ အရှေ့ဘက်ခြမ်း တရုတ်ပြည်ထဲ ရောက်ပြီး၊ ယခုလို မိုးဆက်တိုက် ရွာသွန်းနေလို့ ရေတွေ ကြီးပြီး ဆည်တွေ ဖောက်နေရတဲ့ အဖြစ်ဆိုတော့၊ တရုတ်ပြည်မှာ ဒီလောက်ကြီးဖြစ်‌နေတာနဲ့ ဆည်တွေဖောက်ချ ရလောက်အောင် အဖြစ်မျိုး မကြုံဘူး မတွေ့ဘူးပါဘူး။

ဒီတော့ တနှစ်ပတ်လုံး ခြုံကြည့်လိုက်ရင်၊ ကမ္ဘာမှာ သူ့တနိုင်ငံထဲ ရောဂါပေါင်းစုံ ဖြစ်နေတာ ‌တွေ့ရပြီး၊ ယခုလည်း ရာသီဥတုနဲ့ ရေဘေးဒဏ် အကြီးအကျယ် ဖြစ်ရတဲ့အထိ ကြုံတွေ့နေပြီး၊ ကမ္ဘာ့အြက်ီးဆုံး အကောင်းဆုံး အခိုင်ခန့်ဆုံးဆိုတဲ့ ဆည်ကြီး‌တောင် သတင်းမျိုးစုံ ထွက်နေပြီး၊ ထိုကနေပဲ ရေတွေ မနိုင်လို့ လွှင့်ထုတ်ပြနေပြီး၊ ဆည်တွေ ဖောက်ချ ရေတွေကြီးပြနေခြင်းဟာ သံသယ ဝင်စရာ ကောင်းလှသလို၊ ကမ္ဘာက စစ်ရေးအရ အရေးယူဖို့ နိုင်ငံကို ပတ်ဝိုင်းထားချိန်နဲ့လည်း တိုက်ဆိုင်နေတော့။

ဒီဖြစ်ရပ်ဟာ သာမန်တိုက်ဆိုင်မှုလား၊ အထူး ပြုလုပ်ချက်လားဆိုတာ စဉ်းစားစရာပါ။ ဒီအတွက် ဗိုင်းရက်စ်ကေ့ကတော့ ကိုဗစ်ဟာ တရုတ်က သူမလုပ်ကြောင်းပြသဖို့နဲ့ သဘာဝကပ်ဘေး ပုံဖော်ဖို့အတွက်၊ အခြားရောဂါပေါင်းစုံ ဖြစ်ပြနေရတယ်ဆိုတာ၊ ဒါဟာ ဖန်တီးမှု ဇာတ်ညွှန်း လုပ်ဇာတ်ဆိုတာ၊ တကမ္ဘာလုံးကလည်း ရိပ်မိနေပါပြီ၊ ရိပ်မိနေသည့်အတွက် သိပ်အထူးဆန်း မဟုတ်တော့သလို၊ ခန့်မှန်းသူများကလည်း အချဉ်တွေ မဟုတ်လို့ သိရှိနေပါပြီ။

သို့သော် ရာသီဥတုကို နည်းပညာနဲ့ ဖန်တီးပြီး လုပ်ဆောင်မှုများကတော့၊ ယနေ့မှာ နည်းပညာရှင်နဲ့ ထိုနိုင်ငံတွေမှလွဲ၊ အခြားသူများအဖို့ တိကျတဲ့ အဖြေ မရှိ၊ လက်တွေ့ သက်သေ မမြင် မပြနိုင်သေးတဲ့အတွက်၊ ယုံတမ်းစကားအဖြစ်နဲ့ ခန့်မှန်းမှုအရသာ ကျေနပ်နေရပြီး၊ နေရပေမယ့် တချိန် ဒါတွေဟာ အမှန်တကယ်ပါဟု ပြောလာ ပေါ်ပေါက်လာတော့မည့် သဘာဝလက်နက် သို့ အကျိုးအပြစ် ရှိသော လျို့ဝှတ် နည်းပညာများ ဖြစ်ပါသည်ဆိုတာ။

သို့ကြောင့် ယခု ဖြစ်ပေါ်နေမှုများကို သုံးသပ်ကြည့်ရသော် .. သဘာဝဖြစ်စဉ်အမှန်နဲ့ တိုက်ဆိုင်မှုလား၊ လူလုပ်ဖန်တီးမှု အရာတွေလားဆိုတာနဲ့၊ တိုက်ဆိုင်မှု ဆိုလျင်တောင် အံ့ဩဖွယ်ရာ တိုက်ဆိုင်မှုဟု သက်မှတ်နိုင်ပြီး၊ ရှားရှားပါးပါး ဖြစ်စဉ် အခြေနေ အဖြစ်ပျက်လည်း ဖြစ်ပါသည်ဟု။

သို့ကြောင့်.. ယခု ဖြစ်ပျက်နေမှု အဖြစ်ပျက်များသည်…

– စစ်ရေးအရ အလွယ်တကူ တိုက်နိုင်ဖို့၊ US ကပဲ သဘာဝရာသီဥတု‌ကို နည်းပညာနဲ့ ဖန်တီးပြီး တရုတ်ကို ရေမြုပ်စေတာလား။ – ထို မိုးရွာသွန်းမှု ရေကြီးမှုကို အခွင့်ကောင်း ယူပြီး၊ တရုတ်ကပဲ စစ်ရေး ရှောင်လွှဲချင်လို့ ဆည်တွေ ဖောက်ချနေတာလား။ – ထို case နှစ်ရပ်လုံးကို တရုတ်ကပဲ တမင်ဖန်တီး ပြုလုပ်နေသလား။

ဒါတွေက တိုက်ဆိုင်မှု သဘာဝဖြစ်စဉ်တွေလား၊ နည်းပညာ အထူးပြုလုပ်ချက်နဲ့ နိုင်ငံရေး လှည့်ကွက် ကစားကွက်တွေလား ဆိုတာ၊ မည်သူမျှ တတ်အပ် မသိပေ။

ဘာကြောင့်ဆိုတော့ သမိုင်းမှာ ဝိဇ္ဇာအတတ်နည်းအရ ဗိသနိုးစည်ကို ဖောက်ပြီး၊ ရန်သူ့နယ်မြေကို ရေကြီးစေပြီး၊ ဗိသနိုးကို အနိုင် သိမ်းပိုက်ခဲ့တဲ့ ရာဇဝင်ရှိသလို၊ ယနေ့ကမ္ဘာမှာ သိပ္ပံနည်းအရလည်း၊ မိုးတိမ်တောင် အတုတွေ ဖန်တီးပြီး မိုးရွာသွန်းခြင်း အတတ်ပညာတွေကို ဖန်တီး လုပ်လာနိုင်တဲ့အတွက်။

အီရန်က အစ္စရေးကို သူတို့ မိုးတိမ်တောင်တွေ ခိုးသွားတယ်လို့ ပြောတုန်းက၊ တကမ္ဘာလုံး ဟားတိုက် ဖူးခဲ့တယ် မဟုတ်လား။ တကယ်တော့ အစ္စ‌ရေးဆိုတာ သဲကန္တာရထဲမှာ အပင်တွေ စိုက်ပျိုးလို့ရတဲ့ နည်းပညာထွင်ပြီး စားနပ်ရိက္ခာ ဖြည့်တင်းနေရသူတွေ မဟုတ်ပါလား။ နောက် အဲ့ အစ္စရေး ဂျုးတွေဟာ နည်းပညာ သိပ္ပံမှာ ထိပ်ဆုံးက သူတွေဆိုတာ။

နောက် သတင်းအချက်လက်တွေအရ၊ နည်းပညာ မြင့်မားပြီး ကုန်ကျစရိတ်များလို့သာ သိပ်မလုပ်ဆောင်ကြပေမယ့်၊ တတ်နိုင်တဲ့ နိုင်ငံတွေ လုပ်ကြတယ်ဆိုတာ ဖတ်မှတ်သား မိသလောက်၊ မိုးတိမ်တောင် အတုတွေ ဖန်တီးပြီး မိုးရွာသွန်းစေတဲ့ နည်းပညာတွေဟာ လက်တွေ့ ရှိနေ လုပ်ဆောင်နေတယ်ဆိုတာနဲ့၊ ထိုနည်းဟာ လေထုထဲက ‌ရေငွေ့ကို ခဲစေပြီး မိုးအဖြစ် ရွာသွန်းစေတယ်ဆိုတာနဲ့။

နောက် သံလိုက်စက်ကွင်းကို ရွေ့လျားစေပြီး၊ ဝန်ရိုးစွန်း တွေကို အေးခဲအောင် ဖန်တီးလို့ ရတယ်ဆိုတယ်။ အခု မြောက်ဝန်ရိုးစွန်း အာတိတ်က ရေခဲတွေ၊ အရေပျော်နေမှု မြင့်မားလို့ နည်းပညာနဲ့ အေးခဲအောင် လုပ်နိုင်တယ်၊ သို့ပေမယ့် ကုန်ကျစားရိပ် များတယ်ဟု ဆိုတယ်၊ များလို့ မလုပ်နိုင်ကြဘူးဟု သိရတယ်။ သို့သော် သူကတော့ အဲကွန်းသဏ္ဍန် အအေး fan နဲ့ မှုတ်ထုတ်ပြီး၊ မူလရှိတဲ့ ရေခဲတွေကို အရည်မပျော်အောင်၊ အအေးငွေ့ပေးပြီး အေးခဲအောင်၊ လုပ်ဆောင်မှုဖြစ်ကြောင်း သိရတယ်။

ဒီအတွက် အာကသတပ်ဖွဲ့ဆိုတာ၊ အာကသဆိုင်ရာ နည်းပညာနဲ့ နယ်မြေအတွက်ဆိုပေမယ့်၊ ခုလို နည်းပညာတွေ ဖန်တီး လုပ်နိုင်သလား ဆိုတာနဲ့၊ ဘာတွေ ဖန်တ်ီး လုပ်နိုင်သလဲဆိုတာ၊ မည်သူမျှ အတိကျ မသိကြပါဘူး။ သို့အတွက် ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးများ အနေဖြင့်၊ သဘာဝ ရာသီဥတုလက်နက်တွေကို ဖန်တီး ပိုင်ဆိုင်နေပြီဆိုလားနဲ့ အသုံးပြုနေကြပြီလားဆိုတာ။

သို့သော် ဒါဟာ..

ယခုဖြစ်တည်နေမှု သဘာဝဖြစ်စဉ်နဲ့ တိုက်ဆိုင်မှုတွေအပေါ်၊ ချိန်သားကိုက် အခွင့်ကောင်းယူပြီး နိုင်ငံရေး လှည့်ကွက် ကစားကွက်နဲ့၊ ဗျုဟာ အခင်းကျင်းများကို ဖန်တီးကစား နေကြသလားဆိုတာ၊ စိတ်ဝင်စားဖွယ် ‌ကောင်းလှသဖြင့် .. ယခု ကမ္ဘာ့ဖြစ်စဉ်အရေးနဲ့အတူ၊ နည်းပညာ ဆန်းသစ်မှု ဖန်တီးမှု လျို့ဝှတ်မှုတို့သည်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အားပြိုင်မှုနဲ့အတူ ပေါ်ထွန်း ပေါ်ပေါက်လာတော့မည်လား ဆိုတာ၊ UFO တွေလို သိသာသိ မမြင်စေနဲ့ဆိုသလို၊ ကမ္ဘာသူကမ္ဘာသားများမှ UFO နဲ့ ဂြိုလ်သားများ အကြောင်း၊ သိရှိ ကြားနေကြရသော်လည်း၊ ယုံကြည် တွေ့မြင်ချင်ပေမယ့်၊ လက်တွေ့ သက်သေ အဖြစ်၊ မမြင် မသိ မထုတ်ပြန်၊ အတိလင်း ကြေငြာ မပြောကြသောကြောင့်၊

လူသားများဖြစ်သော ကျွန်ုပ်တို့မှ အားမလို အားမရစွာဖြင့်၊ နည်းပညာအရသော်လည်းကောင်း၊ လက်တွေ့သက်သေ အဖြစ်သော်လည်းကောင်း၊ မြင်ချင် သိချင်ကြပေမယ့်၊ ယုံတမ်းစကားလိုလို တကယ့်အဖြစ်ပျက်လိုလိုနဲ့၊ နည်းပညာရှင်များရဲ့ လျို့ဝှတ် လှည့်စားမှုများအောက်မှာ၊ မျက်စိသူငယ် နားသူငယ်ဖြင့် အာဖရိကမော့စ်လို လက်ထဲက ပုလင်းကို ကိုင်လျက်၊ ဘာမှန်းမသိ အရူးဘုံပျောက် ဖြစ်နေကြရသည်ဆိုတာ ။

(မင်းကြည်ညိုနေ)

Add a Comment

Your email address will not be published. Required fields are marked *

18 + fourteen =