မဂၤလာပြဲမွာ ဟင္းလုရင္း ရန္ျဖစ္ခဲ့ ၾကတဲ့ ပြဲလာ ဧည့္သည္မ်ား (႐ုပ္/သံ)

မေလးရွားလူမ်ိဳးေတြ ၊ အင္ဒိုနီးရွားလူမ်ိဳးေတြ အတြက္ ကေတာ့ Rendang ဆိုတဲ့ အမဲသားဟင္းပြဲတစ္မ်ိဳးက မႀကိဳက္တဲ့သူမရွိေလာက္ေအာင္ပါပဲ ။အဲ့လိုဟင္းပြဲမ်ိဳးေၾကာင့္ ရန္ျဖစ္ၾကတယ္ဆိုတာကေတာ့ မဆန္းပါဘူး ။ ၿပီးခဲ့တဲ့ေန႔တုန္းကလည္း အင္ဒိုနီးရွားႏိုင္ငံက မဂၤေဆာင္ပြဲရဲ႕ဘူေဖးတစ္ခုမွာ အမ်ိဳးသမီး တစ္ေယာက္က Rendang ဟင္းပြဲကို အေျမာက္အမ်ားယူလြန္းလို႔ ပြဲလာဧည့္သည္အမ်ိဳးသမီးႏွစ္ဦးရန္ျဖစ္စကားမ်ားၾကတဲ့ Video တစ္ခုကို Twitter အသုံးျပဳသူတစ္ဦးက ေဝမွ်သြားခဲ့ပါတယ္ ။

Video ထဲမွာေတာ့ အစိမ္ေရာင္ဝတ္စုံနဲ႔ အမ်ိဳးသမီးတစ္ေယာက္ဟာ ဘူေဖးယူတဲ့ စားပြဲခုံမွာ ရပ္ေနရင္း သူမ၏ပန္ကန္ထဲတြင္လည္း Rendang ဟင္းမ်ားစြာထည့္ၿပီးေနၿပီျဖစ္ေပမဲ့လည္း ဟင္းကိုဆက္ၿပီးထည့္ေနေသာေၾကာင့္ အပန္းေရာင္ဝတ္စုံႏွင့္အမ်ိဳးသမီးက အသံက်ယ္ႀကီးျဖင့္ ဟင္းကိုဆက္မယူဖို႔ ေအာ္ဟစ္ခဲ့ ပါတယ္ ။

ထို႔ေနာက္ ၎အမ်ိဳးသမီးႏွစ္ေယာက္ဟာ အခ်င္းခ်င္းေအာ္ဟစ္ ခဲ့ၾကၿပီး၊ အခ်ိဳ႕ေသာပြဲလာ ဧည့္ပရိသတ္မ်ားကလည္း ရန္မျဖစ္ဖို႔ေဖ်ာင့္ဖ်ေပးခဲ့ၾကၿပီး ပြဲလာေသာလူအမ်ားစုဟာ အဆိုပါေနရာမွာအေတာ္ေလးအုံႂကြသြားခဲ့ၾကပါတယ္ ။ ေနာက္ပိုင္းမွာေတာ့ ကိုယ္ထိလက္ေရာက္အေျခအေနအထိ သို႔ေရာက္ရွိသြားခဲ့ရပါတယ္ ။

အခ်င္းခ်င္းတြန္းထုတ္ၿပီး လက္ျဖင့္႐ိုက္ပုတ္ ခဲ့ၾကေပမဲ့လည္း ၎တို႔ ကိုင္ေဆာင္ထားတဲ့ Rendong ဟင္းပန္ကန္ကိုေတာ့ကိုင္ထားစဲပါပဲ ။ ထို႔ေၾကာင့္ Twitter အသုံးျပဳသူက Rendong ဟင္းပြဲဟာအရသာရွိလြန္းတဲ့အတြက္ ယခုကဲ့သို႔ရန္ျဖစ္သည့္အေျခအေနမ်ိဳးထိေရာက္ ရွိခဲ့ျခင္းကို သေဘာတူနားလည္ေၾကာင္း စေနာက္ၿပီးေျပာဆို သြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

unicode

မင်္ဂလာပွဲမှာ ဟင်းလုရင်း ရန်ဖြစ်ခဲ့ ကြတဲ့ ပွဲလာ ဧည့်သည်များ (ရုပ်/သံ)

မလေးရှားလူမျိုးတွေ ၊ အင်ဒိုနီးရှားလူမျိုးတွေ အတွက် ကတော့ Rendang ဆိုတဲ့ အမဲသားဟင်းပွဲတစ်မျိုးက မကြိုက်တဲ့သူမရှိလောက်အောင်ပါပဲ ။အဲ့လိုဟင်းပွဲမျိုးကြောင့် ရန်ဖြစ်ကြတယ်ဆိုတာကတော့ မဆန်းပါဘူး ။ ပြီးခဲ့တဲ့နေ့တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက မင်္ဂဆောင်ပွဲရဲ့ဘူဖေးတစ်ခုမှာ အမျိုးသမီး တစ်ယောက်က Rendang ဟင်းပွဲကို အမြောက်အများယူလွန်းလို့ ပွဲလာဧည့်သည်အမျိုးသမီးနှစ်ဦးရန်ဖြစ်စကားများကြတဲ့ Video တစ်ခုကို Twitter အသုံးပြုသူတစ်ဦးက ဝေမျှသွားခဲ့ပါတယ် ။

Video ထဲမှာတော့ အစိမ်ရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘူဖေးယူတဲ့ စားပွဲခုံမှာ ရပ်နေရင်း သူမ၏ပန်ကန်ထဲတွင်လည်း Rendang ဟင်းများစွာထည့်ပြီးနေပြီဖြစ်ပေမဲ့လည်း ဟင်းကိုဆက်ပြီးထည့်နေသောကြောင့် အပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အသံကျယ်ကြီးဖြင့် ဟင်းကိုဆက်မယူဖို့ အော်ဟစ်ခဲ့ ပါတယ် ။

ထို့နောက် ၎င်းအမျိုးသမီးနှစ်ယောက်ဟာ အချင်းချင်းအော်ဟစ် ခဲ့ကြပြီး၊ အချို့သောပွဲလာ ဧည့်ပရိသတ်များကလည်း ရန်မဖြစ်ဖို့ဖျောင့်ဖျပေးခဲ့ကြပြီး ပွဲလာသောလူအများစုဟာ အဆိုပါနေရာမှာအတော်လေးအုံကြွသွားခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ ကိုယ်ထိလက်ရောက်အခြေအနေအထိ သို့ရောက်ရှိသွားခဲ့ရပါတယ် ။

အချင်းချင်းတွန်းထုတ်ပြီး လက်ဖြင့်ရိုက်ပုတ် ခဲ့ကြပေမဲ့လည်း ၎င်းတို့ ကိုင်ဆောင်ထားတဲ့ Rendong ဟင်းပန်ကန်ကိုတော့ကိုင်ထားစဲပါပဲ ။ ထို့ကြောင့် Twitter အသုံးပြုသူက Rendong ဟင်းပွဲဟာအရသာရှိလွန်းတဲ့အတွက် ယခုကဲ့သို့ရန်ဖြစ်သည့်အခြေအနေမျိုးထိရောက် ရှိခဲ့ခြင်းကို သဘောတူနားလည်ကြောင်း စနောက်ပြီးပြောဆို သွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *

1 + twenty =