ဖတ္ဖူးၾကလိမ့္မယ္ ထင္ပါတယ္ ဒီေန႕ေခတ္မွာျဖစ္ေလ့ျဖစ္ထ ရွိတဲ့ ျဖစ္စဥ္ေလး တစ္ခုပါ
|ဖတ္ဖူးၾကလိမ့္မယ္ ထင္ပါတယ္ ဒီေန႕ေခတ္မွာျဖစ္ေလ့ျဖစ္ထ ရွိတဲ့ ျဖစ္စဥ္ေလး တစ္ခုပါ
ဖတ္ဖူးၾကလိမ့္မယ္ ထင္ပါတယ္
”ၾကက္ဥတစ္လုံး ဘယ္ေလာက္လဲ”လို့ အမ်ိဳးသမီး တစ္ေယာက္က ၾကက္ဥသည္ အဘိုးအို ကိုေမးတယ္။ အဘိုးအိုက “ၾကက္ဥ တစ္လုံး ၁၀၀ပါ”တဲ့။
အဲဒီအမ်ိဳးသမီးက အဘိုးအို ကို “ကၽြန္မ ၁၀ လုံးယူမယ္ေလ။ ၉၀၀ ပဲထား။ မရရင္ေတာ့ မယူေတာ့ဘူး” လို့ဆစ္ေတာ့အဘိုးအိုက”ေစ်းဦးေပါက္မို့ ယူသြားပါ သမီးရယ္၊ ဒီေန႔ တစ္လုံးမွ မေရာင္းရေသးလို့ပါ” လို့ျပန္ေျဖတယ္။
အမ်ိဳးသမီးက ၾကက္ဥေတြ ယူၿပီး ေအာင္ပြဲခံ ခဲ့ၿပီဆိုတဲ့ ဟန္ပန္ နဲ႔ ၾကက္ဥသည္ အဘိုးအိုေရွ႕က ထြက္ သြားတယ္။
ၿပီးေတာ့ လွပတဲ့ ကားကေလးေပၚတက္ၿပီး အေဖာ္ နဲ႔ တန္ဖိုးႀကီးတဲ့ စားေသာက္ဆိုင္ သြားစားၾကတယ္။ သူတို့ႀကိဳက္တာေတြ မွာစားၾကတယ္။ နည္းနည္းသာ စားၿပီး ခ်န္ထား ခဲ့တာေတြကအမ်ားႀကီးပဲ။
ေငြရွင္းေတာ့ ၃၂၄၀၀ က်တယ္။ ဆိုင္ရွင္ ကို ၃၃၀၀၀ ေပးၿပီး ပိုတာျပန္ မအမ္းနဲ႔ေတာ့လို့ ေျပာရင္း ခပ္ႂကြားႂကြား ထြက္လာ ခဲ့ၾက တယ္။ ပိုတဲ့ပိုက္ဆံျပန္ မအမ္းခိုင္းတာက ဆိုင္ရွင္အတြက္ ဘာမွ မထူးျခားတဲ့ တကယ့္ျဖစ္ရိုးျဖစ္စဥ္ ပါပဲ။ ဒါေပမဲ့ ဆင္းရဲတဲ့ ၾကက္ဥ သည္ အဘိုးအို အတြက္ကေတာ့ အင္မတန္ နာက်င္ဖြယ္ရာေပါ့။
ေမးခြန္း(၁) ။
ခ်ိဳ့တဲ့ၿပီး ေငြလိုအပ္ေနသူေတြ ဆီက တစ္ခုခု ဝယ္ယူတဲ့အခါဘာလို့ ကၽြန္ေတာ္တို့ အာဏာ ျပရတာလဲ။
ေမးခြန္း(၂)။
ကၽြန္ေတာ္တို့ ဆီက ရက္ေရာမွုကို မလိုအပ္တဲ့ သူေတြကို ဘာလို့ ကၽြန္ေတာ္တို့က ေစတနာျပခ်င္ ရတာလဲ။
#creditမူရင္း
unicode
ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ် ဒီနေ့ခေတ်မှာဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဖြစ်စဉ်လေး တစ်ခုပါ
ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်
”ကြက်ဥတစ်လုံး ဘယ်လောက်လဲ”လို့ အမျိုးသမီး တစ်ယောက်က ကြက်ဥသည် အဘိုးအို ကိုမေးတယ်။ အဘိုးအိုက “ကြက်ဥ တစ်လုံး ၁၀၀ပါ”တဲ့။
အဲဒီအမျိုးသမီးက အဘိုးအို ကို “ကျွန်မ ၁၀ လုံးယူမယ်လေ။ ၉၀၀ ပဲထား။ မရရင်တော့ မယူတော့ဘူး” လို့ဆစ်တော့အဘိုးအိုက”ဈေးဦးပေါက်မို့ ယူသွားပါ သမီးရယ်၊ ဒီနေ့ တစ်လုံးမှ မရောင်းရသေးလို့ပါ” လို့ပြန်ဖြေတယ်။
အမျိုးသမီးက ကြက်ဥတွေ ယူပြီး အောင်ပွဲခံ ခဲ့ပြီဆိုတဲ့ ဟန်ပန် နဲ့ ကြက်ဥသည် အဘိုးအိုရှေ့က ထွက် သွားတယ်။
ပြီးတော့ လှပတဲ့ ကားကလေးပေါ်တက်ပြီး အဖော် နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင် သွားစားကြတယ်။ သူတို့ကြိုက်တာတွေ မှာစားကြတယ်။ နည်းနည်းသာ စားပြီး ချန်ထား ခဲ့တာတွေကအများကြီးပဲ။
ငွေရှင်းတော့ ၃၂၄၀၀ ကျတယ်။ ဆိုင်ရှင် ကို ၃၃၀၀၀ ပေးပြီး ပိုတာပြန် မအမ်းနဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာ ခဲ့ကြ တယ်။ ပိုတဲ့ပိုက်ဆံပြန် မအမ်းခိုင်းတာက ဆိုင်ရှင်အတွက် ဘာမှ မထူးခြားတဲ့ တကယ့်ဖြစ်ရိုးဖြစ်စဉ် ပါပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥ သည် အဘိုးအို အတွက်ကတော့ အင်မတန် နာကျင်ဖွယ်ရာပေါ့။
မေးခွန်း(၁) ။
ချို့တဲ့ပြီး ငွေလိုအပ်နေသူတွေ ဆီက တစ်ခုခု ဝယ်ယူတဲ့အခါဘာလို့ ကျွန်တော်တို့ အာဏာ ပြရတာလဲ။
မေးခွန်း(၂)။
ကျွန်တော်တို့ ဆီက ရက်ရောမှုကို မလိုအပ်တဲ့ သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာပြချင် ရတာလဲ။
#creditမူရင်း