အမေ ဆုံးသွားလို့ အားငယ်ပြီး ငိုနေ တဲ့ ဆုမြတ်နိုးဦး ကို ပွေ့ဖက်ပြီး အားပေးခဲ့တဲ့ ညီထွဋ်ခေါင် နဲ့ကျော်ကျော်

အမေ ဆုံးသွားလို့ အားငယ်ပြီး ငိုနေ တဲ့ ဆုမြတ်နိုးဦး ကို ပွေ့ဖက်ပြီး အားပေးခဲ့တဲ့ ညီထွဋ်ခေါင် နဲ့ကျော်ကျော်

အား ငယ်ပြီးငိုနေတဲ့ ဆုမြတ်နိုးဦးကို ပွေ့ဖက်ပြီး အားပေးခဲ့တဲ့ ညီထွဋ်ခေါင် နဲ့ ကျော်ကျော်

ညီ ထွဋ်ခေါင်၊ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ကတော့ တကယ့်ကို ခင်မင်ရင်းနှီးကြတဲ့ BFF တွေပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်လာခဲ့တဲ့ သူတို့သုံးယောက်က “ဗရမ်းဗတာ BFF” များဆိုတဲ့

Page လေးကိုလည်း တည်ထောင် ထားတာ ဖြစ်ပါတယ်။ ဒီ Page လေးကနေ သူတို့သုံးယောက်ရဲ့ပျော်စရာလေးတွေကို အမြဲမျှဝေပေး တတ်တာ ဖြစ်ပါတယ်။

ကျော်ကျော်တို့သူငယ်ချင်း သုံးယောက်က ပျော်ပျော်နေတတ်ပြီး တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်ကျီစယ်နေတတ်တာ ဖြစ်ပါတယ် ။

အခုတော့ ကျော်ကျော်နဲ့ ညီထွဋ်ခေါင် တစ်ယောက်တည်းအားငယ်နေတဲ့ ချစ်သူငယ်ချင်းလေးဆုမြတ်နိုးဦးကို ဝိုင်းဝန်းအား ပေးနေကြတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦး ကတော့မကြာသေးခင်ကမှ သူမရဲ့ မိခင်ကွယ်လွန်သွားတာကြောင့် စိတ်ထိခိုက်နေတာပဲ ဖြစ်ပါတယ် ။

ကျော်ကျော်နဲ့ ညီထွဋ်ခေါင်က “အခုချိန်မှာ ကိုကျော် နဲ့ ကိုညီက သမီးရဲ့ကမ္ဘာကြီးပဲလေ”လို့ပြောလာတဲ့ ချစ်သူငယ်ချင်းဆုမြတ်နိုးဦး ကိုပွေ့ဖက်ကာ အားပေးနေကြတာပဲ ဖြစ်ပါတယ် ။ ငိုနေတဲ့သူ ငယ်ချင်းလေး ကိုနှစ်သိမ့်ဖေးမပေးနေတဲ့ကျော်ကျော် တို့သူ ငယ်ချင်းတွေရဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေရဲ့ရင်ကိုပါ ထိစေနိုင်တာ ဖြစ်ပါတယ် ။

ကဲ ချစ်ပရိသတ်တွေအတွက် မိသားစုလို ချစ်ခင်ရင်းနှီးကြတဲ့ ကျော်ကျော် ၊ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦး တို့သူငယ်ချင်းသုံးယောက်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: ဗရမ်းဗတာဘီဖက်ဖက်များ

Add a Comment

Your email address will not be published. Required fields are marked *

eighteen + 8 =