တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္စာရင္း မ်ားကို ၾသဂုတ္လ (၉) ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာမည္

၂၀၂၀ျပည့္ႏွစ္၊ မတ္လတြင္က်င္းပသည့္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေအာင္စာရင္း မ်ားကို ၾသဂုတ္လ ၉ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာၾကားထားပါတယ္။

ပညာေရး ဝန္ႀကီးဌာနက သူတို႔ရဲ႕ website ကေန ေၾကညာေပးမွာပါ။ ႐ုပ္ျမင္သံၾကား ကေနလည္း ထုတ္ျပန္ေပးမယ္။ သက္ဆိုင္ရာ ေက်ာင္းကေတာ့ ကပ္ရမွာပါ။ ေအာင္စာရင္း လာၾကည့္တဲ့အခါမွာ လူစုလူေဝးမျဖစ္ရန္အတြက္ အစီအစဥ္မ်ားလည္း
ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။၂၀၂၀ခုႏွစ္အတြက္ တကၠသိုလ္ဝင္ စာေမးပြဲကို ဝင္ေရာက္ေျဖဆိုထားသူေပါင္း ၉၁၀,၂၇၃ ေယာက္ရွိၿပီး ပ်က္ကြက္သူဦးေရမွာ ၆၁,၁၃၄ ေယာက္ရွိတာျဖစ္ပါတယ္။

အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း ကလည္း ယခု တကၠသိုလ္ဝင္စာေမးပြဲရလဒ္မွာ (၃၈)ရာခိုင္ႏႈန္း ေအာင္ျမင္မႈရွိတယ္လို႔လည္း ေျပာၾကားထားပါေသးတယ္။ ယခင္ ၂၀၁၉တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၃၁.၄၄ %သာ ရွိခဲ့တာျဖစ္ပါတယ္။

Credit – WE Media

unicode

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း များကို သြဂုတ်လ (၉) ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်

၂၀၂၀ပြည့်နှစ်၊ မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း များကို သြဂုတ်လ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားထားပါတယ်။

ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ website ကနေ ကြေညာပေးမှာပါ။ ရုပ်မြင်သံကြား ကနေလည်း ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ကျောင်းကတော့ ကပ်ရမှာပါ။ အောင်စာရင်း လာကြည့်တဲ့အခါမှာ လူစုလူဝေးမဖြစ်ရန်အတွက် အစီအစဉ်များလည်း
ဆောင်ရွက်နေတယ်လို့ သိရပါတယ်။၂၀၂၀ခုနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားသူပေါင်း ၉၁၀,၂၇၃ ယောက်ရှိပြီး ပျက်ကွက်သူဦးရေမှာ ၆၁,၁၃၄ ယောက်ရှိတာဖြစ်ပါတယ်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း ကလည်း ယခု တက္ကသိုလ်ဝင်စာမေးပွဲရလဒ်မှာ (၃၈)ရာခိုင်နှုန်း အောင်မြင်မှုရှိတယ်လို့လည်း ပြောကြားထားပါသေးတယ်။ ယခင် ၂၀၁၉တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၃၁.၄၄ %သာ ရှိခဲ့တာဖြစ်ပါတယ်။

Credit – WE Media

Add a Comment

Your email address will not be published. Required fields are marked *

6 + four =