ဗီယက္နမ္ တြင္ မူလတန္းေက်ာင္းမ်ား ျပန္ဖြင့္ၿပီ

ဗီယက္နမ္ႏိုင္ငံ မွာ သူငယ္တန္း နဲ႔ မူလတန္းေက်ာင္းေတြ ကို ေမ ၁၁ ရက္က ျပန္ဖြင့္ခဲ့ၿပီး ေက်ာင္းဝင္ေပါက္မွာ ကေလးေတြရဲ႕ ကိုယ္ပူခ်ိန္ကို စစ္ေဆးခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေဘးအတြင္း ေက်ာင္းေတြကို တလၾကာပိတ္အၿပီး က်န္ခဲ့တဲ့ သီတင္းပတ္မွာေတာ့ တျခားေက်ာင္းေတြကို တစိတ္တပိုင္း ျပန္ဖြင့္ခဲ့ ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ လူနာ ၂၈၈ ေယာက္ ရွိၿပီး ေသဆုံးသူ လူနာ မရွိခဲ့တဲ့ ဗီယက္နမ္ ႏိုင္ငံမွာ ေရာဂါအသစ္ကူးစက္မႈ မရွိတာ တလနီးပါး ရွိေနပါၿပီ။ ဒါေၾကာင့္ အေရွ႕ေတာင္အာရွ ေဒသတြင္း တျခားႏိုင္ငံအမ်ားစုထက္ ပိုေစာၿပီး လႈပ္ရွားမႈေတြ စတင္ႏိုင္တာ ျဖစ္ပါတယ္။ၿမိဳ႕ေတာ္ဟႏြိဳင္းက သူငယ္တန္းေက်ာင္း အေတာ္မ်ားမ်ားရဲ႕ ဝင္ေပါက္ေတြမွာ ေဆးဘက္ဝန္ထမ္းေတြက ေက်ာင္းသားေတြ ကို ကိုယ္ အပူခ်ိန္ စစ္ေဆးၿပီး သူတို႔လက္ေတြကို လက္သန႔္ေဆးရည္ေတြနဲ႔ ေဆးေပးခဲ့ၾကပါတယ္။

FILE PHOTO: Do Thi Kim Dung, 41, and her son Nguyen Dinh Thanh, 11, get to the primary school for their fisrt day after the government eased nationwide lockdown during the coronavirus disease (COVID-19) outbreak in Ho Chi Minh, Vietnam May 8, 2020. REUTERS/Yen Duong

စာသင္ခ်ိန္အတြင္း ေက်ာင္းသားေတြကို လူခ်င္းခြာၿပီး ထိုင္ႏိုင္ေအာင္ ဝန္ထမ္းေတြက စနစ္တက် ေနရာ ခ်ထားခဲ့ၾကပါတယ္။ ဗီယက္နမ္ ရဲ႕ ဗိုင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ေရးကို ပယ္ဖ်က္တဲ့အထဲမွာ ေက်ာင္းျပန္ဖြင့္တာက ေနာက္ဆုံးေပၚ လုပ္ေဆာင္ခ်က္ျဖစ္ၿပီး ႏိုင္ငံတကာ စီးပြားေရး ေလေၾကာင္းလိုင္းေတြ၊ အကကလပ္ေတြနဲ႔ ကာရာအိုေက၊ ဘားေတြ ကိုေတာ့ ပိတ္ထားဆဲ ျဖစ္ပါတယ္။

crd : panpyoelat

unicode

ဗီယက်နမ်နိုင်ငံ မှာ သူငယ်တန်း နဲ့ မူလတန်းကျောင်းတွေ ကို မေ ၁၁ ရက်က ပြန်ဖွင့်ခဲ့ပြီး ကျောင်းဝင်ပေါက်မှာ ကလေးတွေရဲ့ ကိုယ်ပူချိန်ကို စစ်ဆေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ကျောင်းတွေကို တလကြာပိတ်အပြီး ကျန်ခဲ့တဲ့ သီတင်းပတ်မှာတော့ တခြားကျောင်းတွေကို တစိတ်တပိုင်း ပြန်ဖွင့်ခဲ့ ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၂၈၈ ယောက် ရှိပြီး သေဆုံးသူ လူနာ မရှိခဲ့တဲ့ ဗီယက်နမ် နိုင်ငံမှာ ရောဂါအသစ်ကူးစက်မှု မရှိတာ တလနီးပါး ရှိနေပါပြီ။ ဒါကြောင့် အရှေ့တောင်အာရှ ဒေသတွင်း တခြားနိုင်ငံအများစုထက် ပိုစောပြီး လှုပ်ရှားမှုတွေ စတင်နိုင်တာ ဖြစ်ပါတယ်။မြို့တော်ဟနွိုင်းက သူငယ်တန်းကျောင်း အတော်များများရဲ့ ဝင်ပေါက်တွေမှာ ဆေးဘက်ဝန်ထမ်းတွေက ကျောင်းသားတွေ ကို ကိုယ် အပူချိန် စစ်ဆေးပြီး သူတို့လက်တွေကို လက်သန့်ဆေးရည်တွေနဲ့ ဆေးပေးခဲ့ကြပါတယ်။

FILE PHOTO: Do Thi Kim Dung, 41, and her son Nguyen Dinh Thanh, 11, get to the primary school for their fisrt day after the government eased nationwide lockdown during the coronavirus disease (COVID-19) outbreak in Ho Chi Minh, Vietnam May 8, 2020. REUTERS/Yen Duong

စာသင်ချိန်အတွင်း ကျောင်းသားတွေကို လူချင်းခွာပြီး ထိုင်နိုင်အောင် ဝန်ထမ်းတွေက စနစ်တကျ နေရာ ချထားခဲ့ကြပါတယ်။ ဗီယက်နမ် ရဲ့ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးကို ပယ်ဖျက်တဲ့အထဲမှာ ကျောင်းပြန်ဖွင့်တာက နောက်ဆုံးပေါ် လုပ်ဆောင်ချက်ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး လေကြောင်းလိုင်းတွေ၊ အကကလပ်တွေနဲ့ ကာရာအိုကေ၊ ဘားတွေ ကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

crd : panpyoelat