




unicode

ကလေးလေး တစ်ယောက်လို ပျော်ရွှင်ပြီး အရမ်း လှလွန်းနေတဲ့ ခေးဆက်သွင် ရဲ့ Tik Tok ဗီဒီယိုလေး

မင်းသမီးချောလေး ခေးဆက်သွင် ကတော့ ရုပ်ရည်လေး က ချောမောလှပ သလို သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူလေးလည်း ဖြစ်ပါတယ် ။ သဘာဝကျပီပြင်တဲ့ အိုင်တင်တွေနဲ့ ထိထိမိမိသရုပ်ဆောင်တတ်တဲ့ ခေးဆက်သွင်က ဇာတ်လမ်းတွဲတွေ အများအပြားရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေ ကေ တာ့ သူမရဲ့ ဇာတ်လမ်းတွဲလေးတွေကို ကြည့်ရှုအားပေး ရင်း ချစ်ခင်လာခဲ့ကြတာ ဖြစ်ပါတယ် ။

ခေးဆက်သွင် ရဲ့မျက်နှာလေး က ပြုံးလိုက်တိုင်းမှာ အရမ်းချစ်ဖို့ကောင်းသလို သူမရဲ့ စိတ်ထားလေးကလည်း ဖြူစင်ပြီး မာန်မာနကင်းနေတာ ဖြစ်ပါတယ် ။ ချစ်ခင်သူတွေများပြားတဲ့ ခေးဆက်သွင်က အနုပညာမောင်နှမတွေနဲ့ဆိုရင်လည်း ရင်းရင်းနှီးနှီးနေတတ်တာ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ ခေးဆက်သွင် တစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ စိုပြေမြင့်၊ ဘုန်းဆက်သွင် တို့နဲ့အတူ ပုဂံကိုခရီးထွက်နေတာ ဖြစ်ပါတယ် ။

အခုလည်း ခေးဆက်သွင် က ပုဂံ မှာလျှောက်လည်ရင်း ပျော်ပျော်ရွှင်ရွှင် Tik Tok ကစားထားတဲ့ သူမရဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ ခေးကတော့ သီချင်းလေးအတိုင်းစီးမြောကာ လမ်းမထက်မှာပြေးလွှားရင်း ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာပဲ ဖြစ် ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခေးဆက်သွင် ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Khay Sett Thwin’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *

5 − 2 =