




unicode

ဦးထုပ်လေး ဆောင်းပြီး ဆွဲဆောင်မှု ရှိတဲ့ အမူအရာ လေးတွေ နဲ့ အသည်းယားစရာ ကောင်းလောက်အောင် ပို့စ်ပေး နေတဲ့ အိချောပို

ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပို ကတော့ ဆွဲဆောင်မှုရှိတဲ့ body ကောက်ကြောင်းအလှတရား တွေနဲ့ ပုရိသတွေ ရဲ့ ရင်ကိုလှုပ်ခါသွားအောင် လုပ်နိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမက အနုပညာလောမှာလည်း နေရာတစ်နေရာကို ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုတွေကြောင့် အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီး ထိပ်တန်းမင်းသမီးတွေထဲကမှာလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ လတ်ရှိ မှာတော့ အိချောပို က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဆက်တိုက်ပါဝင် သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

ဒါ့အပြင် ယနေ့အချိန်ထိ အိမ်ထောင် မပြုသေးပဲ အပျိုကြီးဘဝနဲ့သာ ချစ်ရတဲ့ မိသားစုနဲ့ အတူ ဘဝကို အေးအေးချမ်းချမ်း နဲ့ ဖြတ်သန်း နေထိုင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပို က ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေအပြင် ချစ်စရာ tik tok ဗီဒီယိုလေးတွေကို ဖော်ပြပေးလေ့ ရှိပါတယ်။ ယခုမှာလည်း အိချောပိုလေးက လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ အလန်းစား ပုံရိပ်လေးတွေကို တင်ပေး လာခဲ့ပြန်ပါပြီနော်..။

ဒီပုံလေးတွေထဲမှာတော့ အိချောပို က ဦးထုပ်လေး ဆောင်းပြီး ဘိုဆန်တဲ့ အလှတရားတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ညို့အား ပြင်းပြင်း နဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ အိချောပို ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကတော့ မြင်သူတိုင်း ချစ်အားပိုစေမှာ အမှန်ပါနော်..။ ကဲ..ချစ် ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး အိချောပို ရဲ့ အလန်းစား ပုံရိပ်လေးတွေကို ပြန်လည် ကြည့်ရှုလို့ရအောင် ဖော်ပြပေး လိုက်ပါတယ်။

Source – Ei Chaw Po’s facebook Page

Add a Comment

Your email address will not be published. Required fields are marked *

thirteen − five =