လူတိုင်းဟာ ပြိုင်ဆိုင်လိုစိတ် များလာတာ နဲ့ မသိမသာ ကျရှုံးဖို့ ပိုများလာတယ် ဆိုတဲ့ သံသာမိုးသိမ့်

လူတိုင်းဟာ ပြိုင်ဆိုင်လိုစိတ် များလာတာ နဲ့ မသိမသာ ကျရှုံးဖို့ ပိုများလာတယ် ဆိုတဲ့ သံသာမိုးသိမ့်”

MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်း တွဲတွေ မေပျိုဖြူအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သံသာမိုးသိမ့်ကတော့ ကျရာဇာတ်ရုပ် ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း အနုပညာလုပ်ငန်းမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

သံသာမိုးသိမ့်ကတော့ အိမ် မှာနေရင်း သူမရိုက်ကူးထားတဲ့ ဇာတ်လမ်းထဲကအမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ သူမက” လူတစ်ယောက်ဟာ ပြိုင်ဆိုင်လိုစိတ်..ဖြစ်ချင်လို စိတ်တအားများတဲ့အခါမာ မသိမသာနဲ့ကျရှုံးတက်ကျတယ်..အဲ့တာ လောကနိယာမပဲ”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ လောကနိယာမအကြောင်းလေးကို ရေးပြီး တင်ပေးလိုက်တာပါပဲနော်။

ပရိသတ်တွေအတွက် သံသာမိုးသိမ့် ရဲ့ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေး လိုက်ပါတယ်။ ပရိတ်ကြီးကလည်း သံသာမိုးသိမ့် ကို အားပေးချစ်ခင်တယ် ဆိုရင် မှတ်ချက်လေးတွေရေးပေး ခဲ့ကြပါအုံးနော်။

Soure…. Than Thar Moe Theint’s Facebook
Angella(CeleConnections)

Add a Comment

Your email address will not be published. Required fields are marked *

3 × four =