Moderna ကာကြယ္ေဆး ေမ်ာက္ေတြ မွာ စမ္းသပ္ေလ့လာမႈ အရ COVID-19 ကို ကာကြယ္ႏိုင္
|ေမ်ာက္ေတြမွာ စမ္းသပ္ ေလ့လာမႈအရ ကိုယ့္ခံအားတုံ႔ျပန္မႈကို ျဖစ္ေပၚေစၿပီး ကူးစက္မႈကေန ကာကြယ္ႏိုင္ခဲ့ပါတယ္။အေမရိကန္အေျခစိုက္ ဇီဝနည္းပညာကုမၸဏီ Moderna က ထုတ္လုပ္ထားတဲ့ COVID-19 ကာကြယ္ေဆးကို ေမ်ာက္ေတြမွာ စမ္းသပ္ေလ့လာမႈအရ အားေကာင္းတဲ့ ကိုယ့္ခံ အားတုံ႔ျပန္မႈကို ျဖစ္ေပၚေစၿပီး ကူးစက္မႈကေန ကာကြယ္ႏိုင္ေၾကာင္း ကုမၸဏီက ယမန္ေန႔ (ဇူလိုင္ ၂၈ ရက္) မွာ ေျပာပါတယ္။Moderna ရဲ႕ mRNA-1273 ကာကြယ္ေဆးကို လူသားမဟုတ္တဲ့ အဆင့္အျမင့္ဆုံး ႏို႔တိုက္သတၱဝါေတြမွာ ထိုးႏွံစမ္းသပ္ခဲ့ရာ အဆုတ္ နဲ႔ ႏွာေခါင္းမွာ ကူးစက္မႈမရွိရန္ ကာကြယ္ခဲ့ၿပီး တိရိစာၦန္အားလုံးမွာ အဆုတ္ေရာဂါ မျဖစ္ေစရန္ တားဆီးႏိုင္ခဲ့ေၾကာင္း ကုမၸဏီက သတင္းထုတ္ျပန္ခ်က္တစ္ရပ္မွာ ေျပာထားပါတယ္။
Rhesus macaque ေမ်ာက္ေတြ မွာ ကာကြယ္ေဆး ထိုးႏွံစမ္းသပ္မႈရလဒ္ကို New England Journal of Medicine ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပခဲ့ေၾကာင္း သိရပါတယ္။ တိရိစာၦန္ေတြမွာ စမ္းသပ္ေလ့လာမႈရလဒ္ေတြက ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈကို ပိုမိုျမင့္တက္ေစႏိုင္ ပါတယ္။ Moderna က ၎တို႔ ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးကို လူေတြနဲ႔လည္း စမ္းသပ္မႈမ်ား လုပ္ေဆာင္ေနခဲ့ၿပီ ျဖစ္ပါတယ္။Moderna က COVID-19 ကာကြယ္ေဆးကို တတိယအဆင့္ လူေတြမွာ စမ္းသပ္မႈအျဖစ္ လူဦးေရ ၃၀,၀၀၀ နဲ႔ စမ္းသပ္မႈမ်ား တနလၤာေန႔ (ဇူလိုင္ ၂၇ ရက္) မွာ စတင္ခဲ့ၿပီျဖစ္ပါတယ္။ ထိုစမ္းသပ္မႈရလဒ္ ေကာင္းမြန္းခဲ့ပါက Moderna ရဲ႕ COVID-19 ကာကြယ္ေဆးကို အေစာဆုံးအျဖစ္ ယခုႏွစ္ကုန္ပိုင္းမွာ က်ယ္က်ယ္ျပန႔္ျပန္ အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။
ၿဗိတိန္အေျခစိုက္ AstraZeneca ေဆးဝါး ကုမၸဏီနဲ႔ ေအာက္စ္ဖို႔တကၠသိုလ္တို႔ ပူးေပါင္းထုတ္လုပ္ထားတဲ့ COVID-19 ကာကြယ္ေဆးတစ္မ်ိဳးကလည္း တိရိစာၦန္ေတြမွာ အလားတူ စမ္းသပ္ေလ့လာမႈအရ အဆုတ္ပ်က္စီးမႈကို တားဆီးႏိုင္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ (SAR-CoV-2) ကို ၎ကိုယ္တိုင္ ပြားမ်ား လာျခင္းမရွိေစရန္ ထိန္းထားႏိုင္ခဲ့ေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။ကမာၻတစ္ဝန္းမွာ လ်င္ျမန္တဲ့ ကူးစက္မႈႏႈန္းျဖင့္ ဆက္လက္ ကူးစက္ျဖစ္ပြားေနတဲ့ COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ကာကြယ္ေဆးတစ္ခုရရွိရန္ အလြန္အေရးႀကီးေနၿပီး အျပင္းအထန္ ႀကိဳးပမ္း ထုတ္လုပ္ေနၾကပါတယ္။ ယမန္ႏွစ္ ဒီဇင္ဘာလကုန္က တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ စတင္ေတြ႕ခဲ့ရတဲ့ COVID-19 က လက္ရွိမွာ ကမာၻ႔လူဦးေရ ၁၆ သန္းေက်ာ္ကို ကူးစက္သြားခဲ့ၿပီး ေသဆုံးသူ ၆၅၀,၀၀၀ ေက်ာ္ရွိၿပီျဖစ္ကာ ကူးစက္ခံရသူ ၁၀ သန္းေက်ာ္ ျပန္လည္ သက္သာလာခဲ့ေၾကာင္း သိရပါတယ္။
Credit Duwun
unicode
Moderna ကာကွယ်ဆေး မျောက်တွေ မှာ စမ်းသပ်လေ့လာမှု အရ COVID-19 ကို ကာကွယ်နိုင်
မျောက်တွေမှာ စမ်းသပ် လေ့လာမှုအရ ကိုယ့်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ခဲ့ပါတယ်။အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်တွေမှာ စမ်းသပ်လေ့လာမှုအရ အားကောင်းတဲ့ ကိုယ့်ခံ အားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ကြောင်း ကုမ္ပဏီက ယမန်နေ့ (ဇူလိုင် ၂၈ ရက်) မှာ ပြောပါတယ်။Moderna ရဲ့ mRNA-1273 ကာကွယ်ဆေးကို လူသားမဟုတ်တဲ့ အဆင့်အမြင့်ဆုံး နို့တိုက်သတ္တဝါတွေမှာ ထိုးနှံစမ်းသပ်ခဲ့ရာ အဆုတ် နဲ့ နှာခေါင်းမှာ ကူးစက်မှုမရှိရန် ကာကွယ်ခဲ့ပြီး တိရိစ္ဆာန်အားလုံးမှာ အဆုတ်ရောဂါ မဖြစ်စေရန် တားဆီးနိုင်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။
Rhesus macaque မျောက်တွေ မှာ ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုရလဒ်ကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာမှုရလဒ်တွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယုံကြည်မှုကို ပိုမိုမြင့်တက်စေနိုင် ပါတယ်။ Moderna က ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို လူတွေနဲ့လည်း စမ်းသပ်မှုများ လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။Moderna က COVID-19 ကာကွယ်ဆေးကို တတိယအဆင့် လူတွေမှာ စမ်းသပ်မှုအဖြစ် လူဦးရေ ၃၀,၀၀၀ နဲ့ စမ်းသပ်မှုများ တနင်္လာနေ့ (ဇူလိုင် ၂၇ ရက်) မှာ စတင်ခဲ့ပြီဖြစ်ပါတယ်။ ထိုစမ်းသပ်မှုရလဒ် ကောင်းမွန်းခဲ့ပါက Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို အစောဆုံးအဖြစ် ယခုနှစ်ကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
ဗြိတိန်အခြေစိုက် AstraZeneca ဆေးဝါး ကုမ္ပဏီနဲ့ အောက်စ်ဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကလည်း တိရိစ္ဆာန်တွေမှာ အလားတူ စမ်းသပ်လေ့လာမှုအရ အဆုတ်ပျက်စီးမှုကို တားဆီးနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကို ၎င်းကိုယ်တိုင် ပွားများ လာခြင်းမရှိစေရန် ထိန်းထားနိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ကမ္ဘာတစ်ဝန်းမှာ လျင်မြန်တဲ့ ကူးစက်မှုနှုန်းဖြင့် ဆက်လက် ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတစ်ခုရရှိရန် အလွန်အရေးကြီးနေပြီး အပြင်းအထန် ကြိုးပမ်း ထုတ်လုပ်နေကြပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 က လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၆၅၀,၀၀၀ ကျော်ရှိပြီဖြစ်ကာ ကူးစက်ခံရသူ ၁၀ သန်းကျော် ပြန်လည် သက်သာလာခဲ့ကြောင်း သိရပါတယ်။
Credit Duwun