




unicode

ရှမ်းဝတ်စုံလေးတွေ နဲ့ Pre Wedding ပုံလေးတွေ ရိုက်ကူးကာ ချစ်စရာကောင်းလွန်းတဲ့ စုံတွဲလေး အဖြစ် ပရိသတ်တွေမြင်တွေ့ရမယ့် မင်းသွေးခန့် နဲ့ နန်းဆုရတီစိုး

မိန်းကလေးအချင်းချင်းတောင် အားကျရလောက်တဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ နန်းဆုလေးကတော့ သီချင်းကောင်းလေးတွေ ထွက်ရှိ ထားသလို သူမရဲ့ “အလွမ်းရာသီ” music video လေးကလည်း မကြာခင်မှာ ထွက်ရှိတော့မှာပါနော်..။ အချစ်တော်လေး နန်းဆုကတော့ သူမရဲ့ music video ထဲမှာ မင်းသားချောလေးမင်းသွေးခန့်နဲ့အတူ စုံတွဲလေးရိုက်ကူးထားပြီး ရိုမန် တစ်ဆန်တဲ့ Pre Wedding ပုံရိုက်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

အချစ်တော်လေး နှစ်ယောက်ဟာ music video လေးထဲမှာတော့ လိုက်ဖက်လွန်းတဲ့ ရှမ်းဝတ်စုံလေးတွေ နဲ့ နှစ်ယောက်အတူ Pre Wedding ပုံလေးတွေရိုက်ကူးထားတာမို့ ချစ်စရာကောင်းလွန်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။” အလွမ်းရာသီ ” music video ထဲမှာ Pre Wedding အခန်းအတွက် ရိုက်တဲ့ ဓာတ်ပုံလေး တွေကို music video မထွက်ခင်လေး ကြည့်လို့ရအောင် အမှတ်တရကြိုတင်ပေးလိုက်ပါတယ်ရှင့်..” ဆိုပြီး စုံတွဲပုံလေးတွေကို နန်းဆုလေးက ဝေမျှထားတာပါ..။

ရိုက်ကွင်းပေါ်က ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အချစ်တော်လေး နန်းဆုလေးနဲ့ မင်းသွေးခန့် တို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြရပါတယ်နော်..။Source – Nansu Yati Soe’s Fb Acc

Photo Credit – ALinn Young Photography

Add a Comment

Your email address will not be published. Required fields are marked *

3 + twenty =