“ပုဂံ” မွာ ဘုရားေတြ ျပန္ပိတ္ၿပီ

သတိမမူ ဂူမျမင္ျဖစ္ေနသည့္ ေဂါပက မ်ားအားသတိေပး လိုက္ျခင္းေၾကာင့္ ပုဂံဘုရားမ်ားဖူးေမွ်ာ္ခြင့္ကို ပိတ္လိုက္ ရျခင္းျဖစ္သည္ဟု ခ႐ိုင္တာဝန္ရွိသူ ေျပာ

ႏိုင္ငံေတာ္၏ ၫြန္ၾကားခ်က္ မ်ားကို မသိက်ိဳးကြၽန္ျပဳေနၿပီး သတိမမူ ဂူမျမင္ျဖစ္ေနသည့္ ေဂါပက မ်ားအား စာထုတ္ သတိေပးလိုက္ျခင္းေၾကာင့္ ပုဂံဘုရားမ်ားဖူးေမွ်ာ္ခြင့္ကို ပိတ္လိုက္ရျခင္းျဖစ္သည္ဟု ေညာင္ဦးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္အုံးက Travelling Journal သို႔ ေျပာၾကားသည္ ။

’’ႏိုင္ငံေတာ္ရဲ႕ ၫြန္ၾကားခ်က္ေတြမွာ ဝတ္ျပဳဆုေတာင္းပြဲေတြ၊ဘာသာေရးပြဲေတြမလုပ္ရဖို႔ ၫြန္ၾကားခ်က္ ရွိတာေၾကာင့္ ဘုရားေတြကို ဖူးခြင့္မျပဳတာေလ။ အဲဒီၫြန္ၾကားခ်က္အတိုင္း လိုက္နာၾကရတာပါ။ ဒါေပမယ့္ ေဂါပက ေတြကလည္း သူတို႔အစီအစဥ္ေတြနဲ႔ သူတို႔ဘာသာဖြင့္ေနၾကတာကိုး။ ႏိုင္ငံေတာ္က ၫြန္ၾကားထားတဲ့အတိုင္း အရင္ကလည္း ပိတ္ထားတယ္၊အခုလည္း ပိတ္ထားတယ္။ ႏိုင္ငံေတာ္ရဲ႕ အမိန႔္ေတြကို မသိက်ိဳးကြၽန္ မျပဳေအာင္ ထပ္ၿပီး ကြၽန္ေတာ္တို႔ မေန႔က သတိေပးလိုက္တယ္။ သတိမမူဂူမျမင္ျဖစ္မွာစိုးလို႔ ထပ္ၿပီး သတိေပးထားတဲ့ စာေလးထုတ္ၿပီး ေဂါပက ေတြကို လွမ္းၿပီး သတိေပးလိုက္တဲ့ အတြက္ သူတို႔ ေခါင္းထဲကို ဝင္သြားတာေၾကာင့္ သူတို႔လည္း သတိမူၿပီး ပိတ္လိုက္တာျဖစ္တယ္ ’’ဟု ေညာင္ဦးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႈး ဦးေက်ာ္ေက်ာ္အုံးကပုဂံဘုရားမ်ားပိတ္ျခင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး Travelling Journal သို႔ေျပာသည္။

ပုဂံေဒသသည္ ခရီးသြားေဒသတစ္ခုျဖစ္သည့္အတြက္ပုဂံေဒသအေျခစိုက္ ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ခရီးသည္ ယာဥ္လိုင္းမ်ားဖြင့္လွစ္သည့္အတြက္ ျမန္မာျပည္အႏွံ႔ခရီးသြားလာသူမ်ားသြားလာခဲ့ျခင္းေၾကာင့္ ခရီးသြားမ်ားေရာက္ရွိလာျခင္းေၾကာင့္ စည္ကားလာခဲ့ေၾကာင္း၊ ဖြင့္လွစ္သည္မဟုတ္ေသာ္လည္း ပိတ္ထားသည့္ပုဂံဘုရားမ်ားကို ဝင္ေရာက္ဖူးေျမႇာ္ျခင္း တို႔ေၾကာင့္ ဖြင့္လွစ္ထားသည့္ ပုံစံျဖစ္ေနသည္ဟု ယူဆရေသာ္လည္းတရားဝင္ဖြင့္လွစ္ထားျခင္းဆိုသည္မွာ မရွိေၾကာင္း ၎က ရွင္းျပသည္။

ပုဂံဘုရားမ်ားဖူးေျမႇာ္ခြင့္ကို ဇူလိုင္လ ၂၉ရက္မွစတင္ပိတ္လိုက္ၿပီး လာမည့္ပိတ္ရက္ ေလးရက္ အတြက္ပိတ္သည္ဟု ေျပာၾကားေသာ္လည္း ရက္ အကန႔္ အသတ္ မရွိပိတ္သည္ဟုလည္းေျပာၾကားေန ေၾကာင္း ပုဂံေဒသခံမ်ားထံမွ သိရသည္။ လက္ရွိတြင္ ပုဂံဘုရားမ်ားကို အမ်ားျပည္သူမ်ား ဖူးေျမႇာ္ခြင့္ရရွိႏိုင္ရန္အတြက္ ႀကိဳတင္ၿပီးစစ္ေဆးမႈမ်ားကိုသက္ဆိုင္ရာမွ စစ္ေဆးေဆာင္႐ြက္ၿပီးစီးၿပီးျဖစ္ေၾကာင္း ဖြင့္လွစ္ခြင့္ရၿပီဆိုပါက ဖြင့္လွစ္သြားႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

’’ပုဂံဘုရားေတြကို ဖြင့္တာကေတာ့ ဘယ္ေတာ့မွ official မဟုတ္ဘူး၊ ဖြင့္လွစ္ခြင့္ကို ကြၽန္ေတာ္တို႔က တရားဝင္ေပးလို႔မရတာ။ ဖြင့္ပါတယ္မေျပာဘူး၊ မလိုလားအပ္တဲ့ က်န္းမာေရးထိခိုက္မႈေတြကို ျဖစ္မွာစိုးလို႔ ဖြင့္ခ်ိန္တန္ရင္ ဖြင့္လို႔ရေအာင္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္နဲ႔အညီ အဆင္သင့္ျဖစ္ေအာင္ Social Distancing ႏွင့္အညီ ႀကိဳတင္ စစ္ေဆးထားတဲ့ သေဘာပါပဲ၊ဒါေတြကို သေဘာေပါက္လြဲမွားၿပီး ျပႆနာရွာလာတဲ့ ဘုရားဖူးေတြ မ်ားျပားလာတဲ့အတြက္ ေဂါပကေတြကလည္း အခ်ိန္မွီ ျပဳလုပ္သြားခဲ့တာျဖစ္တယ္’’ဟု ၎က ေျပာသည္။

#Travelling journal
#News
#photo Crd

unicode

“ပုဂံ” မှာ ဘုရားတွေ ပြန်ပိတ်ပြီ

သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေး လိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက် ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော

နိုင်ငံတော်၏ ညွန်ကြားချက် များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ် သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောကြားသည် ။

’’နိုင်ငံတော်ရဲ့ ညွန်ကြားချက်တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ဘာသာရေးပွဲတွေမလုပ်ရဖို့ ညွန်ကြားချက် ရှိတာကြောင့် ဘုရားတွေကို ဖူးခွင့်မပြုတာလေ။ အဲဒီညွန်ကြားချက်အတိုင်း လိုက်နာကြရတာပါ။ ဒါပေမယ့် ဂေါပက တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ဘာသာဖွင့်နေကြတာကိုး။ နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း အရင်ကလည်း ပိတ်ထားတယ်၊အခုလည်း ပိတ်ထားတယ်။ နိုင်ငံတော်ရဲ့ အမိန့်တွေကို မသိကျိုးကျွန် မပြုအောင် ထပ်ပြီး ကျွန်တော်တို့ မနေ့က သတိပေးလိုက်တယ်။ သတိမမူဂူမမြင်ဖြစ်မှာစိုးလို့ ထပ်ပြီး သတိပေးထားတဲ့ စာလေးထုတ်ပြီး ဂေါပက တွေကို လှမ်းပြီး သတိပေးလိုက်တဲ့ အတွက် သူတို့ ခေါင်းထဲကို ဝင်သွားတာကြောင့် သူတို့လည်း သတိမူပြီး ပိတ်လိုက်တာဖြစ်တယ် ’’ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်အုံးကပုဂံဘုရားများပိတ်ခြင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Travelling Journal သို့ပြောသည်။

ပုဂံဒေသသည် ခရီးသွားဒေသတစ်ခုဖြစ်သည့်အတွက်ပုဂံဒေသအခြေစိုက် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသည် ယာဉ်လိုင်းများဖွင့်လှစ်သည့်အတွက် မြန်မာပြည်အနှံ့ခရီးသွားလာသူများသွားလာခဲ့ခြင်းကြောင့် ခရီးသွားများရောက်ရှိလာခြင်းကြောင့် စည်ကားလာခဲ့ကြောင်း၊ ဖွင့်လှစ်သည်မဟုတ်သော်လည်း ပိတ်ထားသည့်ပုဂံဘုရားများကို ဝင်ရောက်ဖူးမြှော်ခြင်း တို့ကြောင့် ဖွင့်လှစ်ထားသည့် ပုံစံဖြစ်နေသည်ဟု ယူဆရသော်လည်းတရားဝင်ဖွင့်လှစ်ထားခြင်းဆိုသည်မှာ မရှိကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင်လ ၂၉ရက်မှစတင်ပိတ်လိုက်ပြီး လာမည့်ပိတ်ရက် လေးရက် အတွက်ပိတ်သည်ဟု ပြောကြားသော်လည်း ရက် အကန့် အသတ် မရှိပိတ်သည်ဟုလည်းပြောကြားနေ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်ပြီးစစ်ဆေးမှုများကိုသက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဖွင့်လှစ်ခွင့်ရပြီဆိုပါက ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

’’ပုဂံဘုရားတွေကို ဖွင့်တာကတော့ ဘယ်တော့မှ official မဟုတ်ဘူး၊ ဖွင့်လှစ်ခွင့်ကို ကျွန်တော်တို့က တရားဝင်ပေးလို့မရတာ။ ဖွင့်ပါတယ်မပြောဘူး၊ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်မှာစိုးလို့ ဖွင့်ချိန်တန်ရင် ဖွင့်လို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင် Social Distancing နှင့်အညီ ကြိုတင် စစ်ဆေးထားတဲ့ သဘောပါပဲ၊ဒါတွေကို သဘောပေါက်လွဲမှားပြီး ပြဿနာရှာလာတဲ့ ဘုရားဖူးတွေ များပြားလာတဲ့အတွက် ဂေါပကတွေကလည်း အချိန်မှီ ပြုလုပ်သွားခဲ့တာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

#Travelling journal
#News
#photo Crd

Add a Comment

Your email address will not be published. Required fields are marked *

two × four =