အေမျဖစ္သူ ကို ေၾကာက္ ရလို႔ ေငြတစ္သိန္းေတာင္ မကိုင္ရေတာ့ဘူး လို႔ ဆိုလာတဲ့ ေနေဒြး

သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေနေဒြးကေတာ့ ႐ုပ္ရွင္နဲ႔ ဇာတ္ကားေပါင္းမ်ားစြာ မွာ သ႐ုပ္ေဆာင္ထားၿပီး လက္ရွိမွာလည္း ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚ ေရာက္ရွိေနပါၿပီ ။ ေနေဒြးကေတာ့ အားေပးတဲ့ ပရိတ္သတ္ အမ်ားႀကီးထဲကမွ အထူးသျဖင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သဲသဲလႈပ္ အားေပးျခင္းခံရတဲ့ မင္းသားတစ္လည္း ျဖစ္ ပါတယ္။

လြန္ခဲ့တဲ့ လပိုင္းေတြမွာေတာ့ ေမာ္ဒယ္မင္းသမီး သံစဥ္ေမာင္နဲ႔ တရားစြဲဆို ရင္ဆိုင္ တာေတြ ရွိခဲ့ေပမဲ့လည္း လက္ရွိမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ ေျပလည္မႈ ရရွိသြားၿပီပဲ ျဖစ္ပါတယ္။ အႏုပညာလုပ္ငန္းမ်ားနဲ႔လည္း ေအာင္ျမင္မႈ ရရွိေနတဲ့ မင္းသားေခ်ာ ေနေဒြးကေတာ့ လက္ရွိမွာလည္း မိသားစု စီးပြားေရးမွာ ကူညီလုပ္ကိုင္ေပးေနသူတစ္ေယာက္ပါ။

ေနေဒြးကေတာ့ သူ႔ရဲ႕ ဆိုရွယ္ မီဒီယာကေနတစ္ဆင့္ ပရိတ္သတ္ေတြကို ပိုက္ဆံမျဖဳန္းတီးမိေစဖို႔ စာသားတစ္ခ်ိဳ႕ကို မွ်ေဝေပးရင္း သူကိုယ္တိုင္ လည္း မိခင္ကို ေၾကာက္ေနရတဲ့အေၾကာင္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။ ” ခုဆို ေငြတစ္သိန္းေတာင္ မကိုင္ေတာ့ဘူး။ ေမေမ့ကို ေၾကာက္လို႔ ” ဆိုကာ ေရးသားထားခဲ့ပါတယ္။

ပရိတ္သတ္ႀကီးေရ အခုလို စီးပြားေရး က်ပ္တည္းေနတဲ့ ကာလေတြမွာေတာ့ အသုံးနဲ႔ အျဖဳန္း ခြဲျခားႏိုင္ေစဖို႔ ရည္႐ြယ္ရင္း မင္းသားေခ်ာ ေနေဒြးရဲ႕ စာသားေလး ကို ေဖာ္ျပေပး လိုက္ရပါတယ္။ ပရိတ္သတ္ႀကီးရဲ႕ လက္ရွိ ျဖတ္သန္းေနတဲ့ စီးပြားေရး အေျခအေနကိုလည္း ရင္ဖြင့္သြားပါဦးေနာ္။

unicode

အမေဖြစ်သူ ကို ကြောက် ရလို့ ငွေတစ်သိန်းတောင် မကိုင်ရတော့ဘူး လို့ ဆိုလာတဲ့ နေဒွေး

သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ ရုပ်ရှင်နဲ့ ဇာတ်ကားပေါင်းများစွာ မှာ သရုပ်ဆောင်ထားပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ ။ နေဒွေးကတော့ အားပေးတဲ့ ပရိတ်သတ် အများကြီးထဲကမှ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ် အားပေးခြင်းခံရတဲ့ မင်းသားတစ်လည်း ဖြစ် ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတွေမှာတော့ မော်ဒယ်မင်းသမီး သံစဉ်မောင်နဲ့ တရားစွဲဆို ရင်ဆိုင် တာတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိမှာတော့ နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းများနဲ့လည်း အောင်မြင်မှု ရရှိနေတဲ့ မင်းသားချော နေဒွေးကတော့ လက်ရှိမှာလည်း မိသားစု စီးပွားရေးမှာ ကူညီလုပ်ကိုင်ပေးနေသူတစ်ယောက်ပါ။

နေဒွေးကတော့ သူ့ရဲ့ ဆိုရှယ် မီဒီယာကနေတစ်ဆင့် ပရိတ်သတ်တွေကို ပိုက်ဆံမဖြုန်းတီးမိစေဖို့ စာသားတစ်ချို့ကို မျှဝေပေးရင်း သူကိုယ်တိုင် လည်း မိခင်ကို ကြောက်နေရတဲ့အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ခုဆို ငွေတစ်သိန်းတောင် မကိုင်တော့ဘူး။ မေမေ့ကို ကြောက်လို့ ” ဆိုကာ ရေးသားထားခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ အခုလို စီးပွားရေး ကျပ်တည်းနေတဲ့ ကာလတွေမှာတော့ အသုံးနဲ့ အဖြုန်း ခွဲခြားနိုင်စေဖို့ ရည်ရွယ်ရင်း မင်းသားချော နေဒွေးရဲ့ စာသားလေး ကို ဖော်ပြပေး လိုက်ရပါတယ်။ ပရိတ်သတ်ကြီးရဲ့ လက်ရှိ ဖြတ်သန်းနေတဲ့ စီးပွားရေး အခြေအနေကိုလည်း ရင်ဖွင့်သွားပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *

two × five =