ယနေ့နံနက် (၂)နာရီ (၃၀)မိနစ် အချိန်ခန့်တာမွေ အရိုးကုန်းရပ်ကွက်ဦးလွန်းလမ်းထိပ့် တွင် ၄ထပ်တိုက်တလုံးပြိုကျမှု့ဖြစ်ပွား
|ယနေ့နံနက် (၂)နာရီ (၃၀)မိနစ် အချိန်ခန့်တာမွေ အရိုးကုန်းရပ်ကွက်ဦးလွန်းလမ်းထိပ့် တွင် ၄ထပ်တိုက်တလုံးပြိုကျမှု့ဖြစ်ပွား
ကနဦး သတင်း
ယနေ့နံနက် ၂နာရီ၃၀မိနစ် အချိန်ခန့်တာမွေ အရိုးကုန်း ရပ်ကွက်ဦးလွန်းလမ်းထိပ့်တွင် ၄ထပ်တိုက်တလုံးပြိုကျမှု့ဖြစ်ပွားကြောင်းကနဦး သတင်းရရှိသည်။
ရန်ကုန်တိုင်း တာမွေမြို့နယ်- အရိုးကုန်းလမ်းနှင့် ဦးလွန်းလမ်းထောင့် အုန်းသီးခြစ်ဆိုင် ရှိတဲ့လေးထပ်တိုက်ပြိုကျ
ကယ်ဆယ်ရေး လုပ်ဆောင်နေဆဲ အသက်ဘေးအန္ဒရယ် ကင်းကြပါစေ
တိုက်ပြိုကျမှုဖြစ်စဉ် ၊YRO မှကူညီကယ်ဆယ်ခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊အရိုးကုန်းရပ် ကွက်၊ အရိုးကုန်းလမ်း နှင့် ဦးလွန်းလမ်းထောင့် ရှိ အမှတ်(၅ A) (၄)လွှာ တိုက်တလုံး၏ အနောက်ဘက်အခြမ်း ပြိုကျမှုဖြစ်ကြောင်း ( ၂၁-၅ -၂၀၂၀)ရက်နေ့ နံနက် (၀၂:၀၀) နာရီတွင် သတင်းရရှိခဲ့ပါသည်။
သတင်းရရှိသည်နှင့် တပြိုင်နက် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ (ရန်ကုန်) YRO သည် အချိန်နှင့်တပြေးညီ သွားရောက်၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO ၏ အဖွဲ့ချုပ် ဥက္ကဌကြီး ဦးထွန်းထွန်းဦး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒုတိယဥက္ကဌ (လေ့ကျင့်/ကယ်ဆယ်) ဦးဝင်းသူ ခေါင်းဆောင်၍ YRO မိသားစုဝင် အသင်း များမှ အရေးပေါ်လူနာတင်ယာဉ် (၁၄)စီး၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုယာဉ် (၁)စီး၊ စေတနာ့ ဝန်ထမ်း အင်အား (၅၃) ဦးတို့ သည် အဆိုပါ ဖြစ်စဉ်နေရာသို့ အလျင်အမြန် ရောက်ရှိသွား ခဲ့ကြပါသည်။
အဆိုပါတိုက်ပြိုကျမှုဖြစ်စဉ်တွင် အမျိုးသား တစ်ဦး သည် အပျက်အစီး များအကြားတွင် ပိတ်မိနေသဖြင့် အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ ပါသည်။ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO ၏ စေတနာ့ ဝန် ထမ်းများသည် လိုအပ်သော မြေပြင်ကုသမှု ပြုစုပေးခဲ့ကြပြီး ကျန်းမာရေး စစ်ဆေးမှုခံယူရန်အတွက် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO
မှတ်ပုံတင်အမှတ် – ၁ /ပြည်တွင်း /၁၀၂၂
09 772 988 988
09 774 988 988
YRO Rescue Taskforce Hotline no;
09 406 300 100
09 406 300 800
Wave Money Account no;
09 268 100 900
Website;www.yrorescue.org
သတင်းနှင့် ပြန်ကြားရေးမှူး(လေ့ကျင့်/ကယ်ဆယ်)
Photo by MD moe,
moe maik Rescue,Nainghtoo aung &YRO Media tesm.