unicode
ဆရာလေး ဒေါ်နန္ဒမာလာ တစ်ဖြစ် လဲ တေးသံရှင် သရုပ်ဆောင် တင့်တင့်ထွန်း ကွယ်လွန်တဲ့ သတင်းဟာ သတင်းမှား သာဖြစ်
တေးသံရှင် သရုပ်ဆောင် တင့်တင့်ထွန်း ကွယ်လွန်တယ် လို့ အွန်လိုင်း သတင်းမီဒီယာတွေမှာ အခုပျံ့နှံ့နေသောသတင်းတွေဟာ သတင်းမှားတွေသာဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရဲ့တာဝန်ရှိသူတစ်ဦးက အသိပေးလိုက်ပါတယ်။
ဘုတလင်မြို့ မှာ သီလရှင်ဝတ် နေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာတစ်ဖြစ်လဲ သရုပ်ဆောင် တေးသံရှင် တင့်တင့်ထွန်း ကွယ်လွန်တဲ့သတင်းတွေဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ထွက်ပေါ် လာခဲ့တာပဲဖြစ်ပါတယ်။ မျိုးမြင့်မြင့် အမည်ရတဲ့ Facebook Account ပိုင်ရှင် ကနေပြီး ဆရာလေး ဒေါ်နန္ဒမာလာ အမည်ရ တေးသံရှင်တင့်တင့်ထွန်း
ကွယ်လွန်တဲ့ သတင်းတွေဟာ မှန်ကန်ခြင်း မရှိကြောင်း ရေးသားဖော်ပြ လာခဲ့အပြီးမှာ ဒီကိစ္စကို အတည်ပြုနိုင်ဖို့ အတွက် နာရေးကူညီမှုအသင်းရဲ့တာဝန်ရှိသူ တစ်ဦးဆီကို တယ်လီဖုန်း နဲ့ ဆက်သွယ်မေးမြန်းလိုက်ရာ မှာတော့ တင့်တင့်ထွန်း ကွယ်လွန်တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ထွက်ပေါ်နေတဲ့ သတင်းတွေက သတင်းမှားတွေသာဖြစ်ကြောင်း အတည်ပြုပြောကြားပေး သွားခဲ့ပါတယ်။