




unicode

ပြီးခဲ့တဲ့ အချစ်ရေး နဲ့ ပတ်သတ်ပြီး နောင်တကင်းတယ်လို့ ဆိုလာတဲ့ နန်းဆုရတီစိုး

မင်​းသမီး​ချော​လေးနန်​ူးဆုရတီစိုးက​တော့ လက်​ရှိ မှာ​တော့ သရုပ်​​ဆောင်​ပိုင်​းသာမက ဂီတပိုင်​းမှာလည်​း ထိုး​ဖောက်​နိုင်​​အောင်​ကြိုးစား​နေသူပါ ​တေး​ရေး​ဝေကြီး​ ရေး​ပေးထားတဲ့ သူမရဲ့ ” မြန်​မာပြည်​ကြီးထဲမှာ” သီချင်​းကလည်​း ပရိတ်​သတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ စွဲကျန်​ရစ်​​စေတဲ့ သီချင်​း​လေး ဖြစ်​ခဲ့ပါတယ်​။ မကြာ​သေးမီကလည်​းသီချင်​းအသစ်​​လေးကို ပရိသတ်​​တွေကိုမိတ်​ဆက်​​ပေးထား ပါ​သေးတယ်​။

နန်းဆုက အားလုံးသိတဲ့အတိုင်​း အဆို​တော်​ G-fatt နဲ့ ချစ်​သူ​တွေဖြစ်​ခဲ့ကြတာပါ။ နှစ်​​ယောက်​သား အချိန်​​တော်​ေ​တာ်​များကို အတူတူဖြတ်​သန်​းပြီးမှ ရုတ်​တရက် ​လမ်​းခွဲ ပြတ်​ဆဲခဲ့တာပါ။ ယခုအချိန့ထိပြန်​လည်​​ပေါင်​းဆည်​​း​စေခ​ျင်​တဲ့ ပရိသတ်​​တွေရှိကြ​သေး​ပေမာ်​့ဘသူတို့နှစ်​​ယောက်​က​တော့ အရာအားလုံးကို ​မေ့ပစ်​ပြီး ​ရှေ့ဆက်​သွား​နေကြတာဖြစ်​ပါတယ်​။နန်​းဆုက​တော့ သူမရဲ့အချစ်​​ရေး နဲ့ပတ်​သတ်​ပြီး​ပြောပြလာပါတယ်​။

“အချစ်ရေး နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေရပါတယ်။ အတွေ့အကြုံတွေ သင်ခန်းစာ ယူပြီး အချစ်ရေး ကို ရှေ့ဆက် သွားမယ် နောက်ကြောင်း ပြန်မလှည့်ပါဘူး။မင်္ဂလာ သတင်းတွေ ရှိလာရင် ပရိသတ်ကို ပြောမှာပါ” လို့ ပြောလာပါတယ်​။ နန်​းဆုက​တော့ အခုချိန်​ထိ​တော့ ပရိတ်သတ်​​တွေကို အချိန်​​ပေးပြီး အချစ်​သစ်​ ကိုမရှာဘဲ​အေး​အေး​ဆေး​ဆေး​နေလ​ျက်​ရှိပါတယ်​။

Source-Myanmar Celebrity

Add a Comment

Your email address will not be published. Required fields are marked *

fourteen − 7 =