




unicode

ဘိုဘိုဟန် ရဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဆရာမသီချင်းလေး ကို အသံချိုချိုလေး နဲ့ ပြန်သီဆိုထားခဲ့တဲ့ မိုးဟေကို ရဲ့ ဗီဒီယိုဖိုင်လေး

မင်းသမီးချောလေးမိုးဟေကိုကတော့ အနုပညာလောက မှာ နေရာတစ်ခုကို ရယူထား နိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ သူမ ကတော့ ရုပ်ရှင်ဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။

သူမကတော့ ယခုမှာ ” အခုလိုCOVIDကာလမှာ မိုးအတွက် ကတော့ ဝါသနာ ပိုးလေးတစ်ခုထပ်တိုးတာပဲ အဲဒါနဲ့”ရှင်တို့”လေးတွေနဲ့လည်း မိုးကြိုက်တဲ့ သီချင်းလေးညည်းဖြစ်ရင်း ရင်ဘတ်ချင်းပိုနီးစပ်မလားဆိုပြီး အရဲစွန့်ပြီး ဒီvideoလေးကို တင်ပေးလိုက်ပါတယ်နော်မဆိုတတ်ဆိုတတ် နဲ့ ကြိုးစားထားတာ မိုးချစ်ရတဲ့”ရှင်တို့”လေးတွေအတွက်ပါနော် ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

သူမကတော့ ယခုမှာ ဘိုဘိုဟန်ရဲ့ ဆရာမဆိုတဲ့ သီချင်းလေး ကို အသံအေးအေးနဲ့ သီဆိုထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ရဲ့ ရှေ့ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ အဆိုပါသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ ဆရာမ ဆိုတဲ့ သီချင်းလေးတွေကို သီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source : Moe Hay Ko ‘s facebook page

Add a Comment

Your email address will not be published. Required fields are marked *

two × 3 =