“ပရိသတ်တွေ အမြင်ချင်ဆုံး နဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ဒီနေ့မှာ ဖြည့်ဆည်းပေးလိုက်ပြီ” လို့ဆိုတဲ့ ကိုနိုင်လင်း

Posted on

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုနောက်ပိုင်းနှစ်တွေမှာ အနုပညာလောကမှာ ဇာတ်လမ်းတွဲတွေ ခေတ်စား လာခဲ့ပြီး ဇာတ်လမ်းတွဲ ထုတ်လွှင့်တဲ့ ချန်နယ် များစွာထဲမှာမှ ပရိသတ် နှစ်သက် သဘောအကျဆုံး မင်းသား မင်းသမီး သရုပ်ဆောင်များ ထွက်ပေါ်ရာ နေရာ ပရိသတ်တွေ ကြိုက်နှစ်သက်သော ဇာတ်လမ်းတွဲများ အများဆုံး ပေါ်ထွန်းရာ နေရာကတော့ MRTV4 ရုပ်သံလိုင်း လို့ ဆိုရရင် မှားမယ် မထင်ပါဘူး နော်။ MRTV4ဇာတ်လမ်းတွဲ အများစုဟာ ပရိသတ်နှစ်သက် သဘောကျမှုကို လက်ခံ ရရှိခဲ့သလို၊ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေဟာလည်း ကျရာဇာတ်ရုပ်တွေ တိုင်းမှာ အပီပြင်ဆုံး အကောင်းဆုံး ဖြစ်အောင် လက်တွဲညီညီနဲ့ ပုံဖော်ပြသ နိုင်ခဲ့လို့ MRTV-4သရုပ်ဆောင်တွေ ဆိုလျှင် ပရိသတ်တွေ သဘောကျ နှစ်သက်ကာ အားပေးမှု အခိုင်အမာ ရရှိလာကြသူတွေပဲ ဖြစ်ပါတယ်နော်။

MRTV4ရုပ်သံကနေ ဒီလိုအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲတွေ၊ သရုပ်ဆောင်တွေ များစွာထဲကမှာ ပြီးခဲ့တဲ့ လပိုင်းက ထုတ်လွှင့်ပြသ ပြီးခဲ့သော “ဒေါင်းယာဥ်ပျံ ဘုံနဘေးမှာ စာရေးလို့ ထားချင်တယ်”ဆိုသော ဇာတ်လမ်းတွဲဟာ ဟိုးယခင် ရုပ်ရှင်ကားကြီး အဖြစ်နဲ့ အောင်မြင်ခဲ့သလို ယခုတဖန် ဇာတ်လမ်း တွဲအနေဖြင့် ပြန်လည်ရိုက်ကူး ပုံဖော်ကာ ဖြည့်စွက် တင်ပြလာခဲ့ရာမှာလည်း ပရိသတ်တွေ ဝက်ဝက်ကွဲဆိုသလို အားပေးခဲ့ ကြရတဲ့ ဇာတ်လမ်းတွဲကြီး တစ်ခု ဖြစ်ပါတယ်နော်။ ဒေါင်းယာဥ်ပျံမှာ ပါဝင်ကြသော ဇာတ်ဆောင်တိုင်းကို ပရိသတ်တွေကအားရ ကျေနပ်ဖြစ်ခဲ့ ကြသလို အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နိုင်လင်း၊ တင်မေဦး၊ သက်သက်နဲ့ မြမိုးသူတို့ရဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်ပြောင်မြောက်မှုကိုလည်း ပရိသတ်တွေအားလုံးက နှစ်သက်သဘောကျ ခဲ့ကြရတာ ဖြစ်ပါတယ် နော်။

ဇာတ်လမ်းတွဲအစမှ စပြီး ဇာတ်သိမ်းပိုင်းအထိ ဇာတ်သိမ်းပုံ သိမ်းနည်းနဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေ ကျေနပ်အားရ ဖြစ်ခဲ့ကြသည် ဆိုသော်လည်း ပရိသတ်တွေ ရင်ထဲမှာတော့ သူတို့အားပေးမှု အလိုက် ဖြစ်ချင်တဲ့ မြင်ချင် တွေ့ချင်တဲ့ လိုအင်ဆန္ဒလေးတွေ တချို့ ကျန်ရှိ နေခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ပရိသတ်တွေ ရဲ့ သဘောဆန္ဒလေးကို ကိုနိုင်လင်းနဲ့မမဦးတို့က ဖြည့်ဆည်းကာ ပရိသတ်တို့ကို ကြည်နူးနှစ်သိမ့်မှုလေး တစ်ခု ပေးလို့ လာခဲ့ပါပြီလို့ ဆိုရမှာပါနော်။

ကျော်ထက်ဇော် (ခ) ကိုနိုင်လင်း ကတော့ ဒေါင်းယာဥ်ပျံဇာတ်လမ်းတွဲက မမဦးဖန်တွေ အတွက် ဖြည့်ဆည်းမှုလေး တစ်ခု လုပ်ပေးလိုက်ကြောင်းကို “ဒေါင်းယာဉ်ပျံ ဇာတ်လမ်းတွဲထဲမှာ သက်သက်နဲ့ပဲ မင်္ဂလာဆောင်ခဲ့ရတယ်။ မမဦးနဲ့ရော မြမိုးသူနဲ့ရော မင်္ဂလာမဆောင် ခဲ့ရဘူး။မမဦးကို သနားနေတဲ့ ပရိသတ်တွေအတွက် မင်္ဂလာဆောင်တဲ့ ပုံရိပ်လေးတွေ ဖန်တီးပေးတာပါ “ဆိုပြီး မမဦးနဲ့ မင်္ဂလာပုံရိပ်တွေ ရိုက်ကူးဖြစ်ပုံကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ဆုထက်လှိုင်ကလည်း “ဒေါင်းယာဉ်ပျံက ဆုထက်အတွက် အမှတ်တရတွေ အများကြီး ရှိခဲ့တဲ့ ဇာတ်ကားပါ။

ပရိသတ်တွေ ပေးတဲ့ နေရာလေး တစ်နေရာရခဲ့တဲ့ အတွက်လည်း ကျေနပ်ရပါတယ်။မောင်ထိပ်ထားစံ ဂိုဏ်းချုပ်ကြီးဆိုပြီး Troll လေးတွေ တွေ့ရတော့လည်း ပျော်ရပါတယ် ”ဆိုပြီး ဒေါင်းယာဥ်ပျံနဲ့ ပတ်သက်လို့ ပရိသတ်အချစ်တော် မမဦးက မှတ်မှတ်ရရ စကားလေးတွေ ပြောကြားရင်း ပရိသတ်ကြီးကို ကျေးဇူးတင် စကားလေး ဆိုလာ ခဲ့တာပါနော်။ ကိုနိုင်လင်း နဲ့ မမဦး ကို ချစ်ကြသော ဒေါင်းယာဥ်ပျံ ဇာတ်လမ်းတွဲ ဖန်တွေအနေနဲ့ နိုင်လင်းနဲ့မမဦးတို့ရဲ့ မင်္ဂလာ စုံတွဲ ပုံရိပ်လေးတွေကို ကြည့်ပြီး နှစ်သက် သဘောကျမိကြပြီး မမဦးကို ချစ်ခင် သနားကြသော မမဦးဖန်တွေလည်း မြင်ချင်တွေ့ချင် ခဲ့တဲ့ ဆန္ဒလေး ဒီနေ့မှာ ပြည့်ဝသွားလို့ ကျေနပ် နိုင်ကြမယ် ထင်ပါတယ်နော်။

crd