



Source : Aye Myat Thu
Emily (Cele Gabar)

unicode

အသက် (၃၅)အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ ခံယူချက်ကို ပြောပြလာတဲ့ အေးမြတ်သူ

ပါးချိုင့်မင်းသမီးလေး လို့ နာမည်ကြီးပြီး အေးချမ်းတဲ့ အလှပိုင်ရှင် မင်းသမီး အေးမြတ်သူကတော့ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်လော်ကအောင် နုပျိုနေတဲ့ မင်းသမီး တစ်ယောက်လို့တောင်ဆိုရမှာပါ ။

ဒီနေ့မှာတော့ မမြတ်လေးက အသက် (၃၅) အရွယ် အမျိုးသမီးတွေလည်း တခါတရံ ဒီလိုလေးလန်းခွင့်ရတယ် ဟုတ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အမိုက်စား ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒါအပြင် အသက်ဆိုတာ ကိန်းဂဏန်း တခု ဆိုရင် အရွယ် ကတော့ လက်ရှိဖြစ်တည်အနေအထား ပါ ဘယ်တော့မှ ကိုယ့်စိတ်ကို မလျော့လိုက်နဲ့ ဘယ်အသက်အရွယ် မှ ရောက်နေ ရှိနေ စိတ်ချမ်းသာခြင်း က မင်းနှလုံးသားထဲမှာသာရှိတယ်ဆို အသက်ဘယ်လောက်ဖြစ်ဖြစ် မင်းရုန်းကန်နေရဦးမှာ
အဲ့အတွက် လက်ရှိအနေအထားကို အကောင်းဆုံး တည်ဆောက်ပါ လို့ သူမရဲ့ ခံယူချက်လေးကို ရေးသားဖော်ပြခဲ့ပါသေးတယ် ။

မမြတ်လေး က သူမ ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် အဲ့လို အားပေးရင်း ဘဝကိုကြိုးစားပြီးလျှောက်နေပါတယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။ မမြတ်လေးရဲ့ ပရိသတ်ကြီးလည်း သူမရဲ့ ကောင်းမွန်တဲ့ ခံယူချက်လေးကို အတုယူနိုင်စေဖို့ ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Aye Myat Thu
Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *

7 + 12 =