PPE ဝတ်စုံ ဝတ်ထားပေမယ့် အထင်းသားမြင်နေ ရတဲ့ ဘော်ဒီ အလှကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့သူနာပြု

PPE ဝတ်စုံ ဝတ်ထားပေမယ့် အထင်းသားမြင်နေ ရတဲ့ ဘော်ဒီ အလှကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့သူနာပြု

ရုရှားနိုင်ငံ မော်စကိုက သူနာပြုဆရာမလေး တစ်ယောက်ဟာ သူနာပြုဆရာမ တစ်ယောက်ရဲ့ အဝတ်အစားဥပဒေနဲ့ ဆန့်ကျင်ပြီး ခန္ဓာကိုယ်အလှကို ဖော်ကျူးခဲ့တာကြောင့် အခုဆိုရင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာကလည်း ဒီကိစ္စကို စုံစမ်းဖော်ထုတ် ဖို့ ပြင်ဆင်နေပါပြီ။

အခင်းဖြစ်ခဲ့ရာ ဆေးရုံ ကတော့ Tula မှာတည်ရှိတဲ့ ကိုဗစ်လူနာ ပြုစုစောင့်ရှောက်ရေးဂေဟာ၊ အမျိုးသားလူနာဆောင်မှာ ဖြစ်ခဲ့တာပါ။ အဲဒီသူနာပြုဆရာမလေးဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလို ဝတ်ဆင်ခဲ့တာဆိုတာ မသိရပါဘူး။

ဓာတ်ပုံတွေကတော့ Ward အတွင်းက အမျိုးသား လူနာတစ်ယောက်က ရိုက်ယူပြီး၊ လူမှုကွန်ရက် မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေဟာ လူမှုကွန်ရက်ကတစ်ဆင့် သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပေါက်ကြားသွားခဲ့ပြီး၊ စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူး မယ်လို့ ထုတ်ပြန်ထားပါတယ်။

သူနာပြုဆရာမဟာ ထွင်းဖောက်မြင်ရတဲ့ PPE ဝတ်စုံအောက် မှာ ဘီကီနီနဲ့ဘရာစီယာကိုသာ ဝတ်ဆင်ထားပြီး၊ ဒါဟာ အများက လေးစားရတဲ့ သူနာပြုဝတ်စုံရဲ့ ကျင့်ဝတ်စည်းမျဉ်းကို ချိုးဖောက်ခဲ့ရာ ရောက်တယ်လို့ ဝေဖန်သူတွေရှိနေခဲ့ပါတယ်။

သူနာပြုဆရာမလေးဟာ အသက် အားဖြင့် (၂၀)ဝန်းကျင်လောက်သာ ရှိသေးပြီး၊ Tula Regional Clinical Hospital မှာ လောလောဆယ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမရဲ့နာမည်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Tula Regional Clinical Hospital ဆေးရုံ မှ အကြီးအကဲဖြစ်သူကတော့ ဒီသူနာပြုဆရာမလေးဟာ PPE ဝတ်စုံက ထွင်းဖောက်မြင်ဖြစ်နေတာကို သတိမထားမိဘဲ၊ အတွင်းထဲမှာ ဝတ်ချင်သလို ဝတ်ခဲ့ပုံရတယ်လို့ မှတ်ချက်ပေးခဲ့ပါသတဲ့။ ဘာပဲဖြစ်ဖြစ် ဆရာမအနေနဲ့ အရေးယူ ခံရဖို့ ရှိနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *

3 + 4 =