ႏိုင္ငံေပါင္း (၁၈၄) ႏိုင္ငံတြင္ ျမန္မာက ကိုဗစ္-၁၉ ကူးစက္ခံ ရၿပီး နာလန္ျပန္ထူ ၫႊန္ကိန္းအဆင့္ (၂၀) ျဖင့္ရပ္တည္

ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရၿပီး ျပန္လည္ နာလန္ထူ သက္သာလာတဲ့ ကမာၻ႔ႏိုင္ငံ ေတြေရဲ႕ ၫႊန္ကိန္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၂၀ ေနရာမွာ ရပ္တည္ေနပါတယ္။ ကမာၻ႔ႏိုင္ငံေပါင္း ၁၈၄ ႏိုင္ငံရဲ႕ စာရင္းအင္းဆိုင္ရာ ၫႊန္ကိန္းေတြကိုေတာ့ Global Covid-19 Index (GCI) က အခ်ိန္နဲ႔ တေျပးညီ ေဖာ္ျပေပး ထားတာျဖစ္ၿပီး တႏိုင္ငံခ်င္း စီရဲ႕ လူဦးေရ၊ တဦးက်တိုင္းျပည္ဝင္ေငြ၊ က်န္းမာေရးဆိုင္ရာ ေစာင့္ေရွာက္မႈအစီအမံ၊ ေရာဂါကူးစက္မႈ၊ ေသဆုံးမႈနဲ႔ ျပန္လည္သက္လာေပ်ာက္ကင္းမႈစတဲ့ အခ်က္အလက္ ေတြအေပၚ အေျခခံၿပီး တြက္ခ်က္ေပးထားတာ ျဖစ္ပါတယ္။

ဒီစာရင္းရဲ႕ ထိပ္ဆုံးမွာ ရွိေနတာကေတာ့ အိမ္နီးခ်င္း အာရွႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံျဖစ္ၿပီး ျပန္လည္နာလန္ထူၫႊန္ကိန္း ၈၂ ဒသမ ၂၇ နဲ႔ ရပ္တည္ေနကာ ေတာင္ ကိုရီးယားႏိုင္ငံကေတာ့ ၈၁ ဒသမ ၂၉ နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ တတိယေနရာမွာေတာ့ လတ္ဗီးယားႏိုင္ငံက နာလန္ထူ ၫႊန္ကိန္း ၈၀ ဒသမ ၉၅ နဲ႔ ရပ္တည္ေနၿပီး သူ႔ေနာက္မွာေတာ့ အာရွႏိုင္ငံေတြျဖစ္ၾကတဲ့ မေလးရွားနဲ႔ ထိုင္ဝမ္ က နာလန္ထူၫႊန္ကိန္း ၇၉ ဒသမ ၄၃၊ ၇၈ ဒသမ ၆၈ အသီးသီးနဲ႔ ထိပ္ပိုင္း ၅ ႏိုင္ငံအျဖစ္ ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။

အဆိုပါႏိုင္ငံေတြေနာက္ မွာေတာ့ နယူးဇီလန္၊ လစ္သူေယးနီးယား၊ ဩစေတးလ်၊ ကေနဒါနဲ႔ ဖင္လန္ႏိုင္ငံေတြ ရွိေနတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကေတာ့ နာလန္ထူၫႊန္ကိန္း ၆၉ ဒသမ ၇၉ နဲ႔ အဆင့္ ၂၀ ေနရာမွာ ရပ္တည္ေနၿပီး အာရွႏိုင္ငံေတြထဲမွာေတာ့ ပ ၪၥမေျမာက္ ႏိုင္ငံျဖစ္ပါတယ္။ စင္ကာပူႏိုင္ငံ ကေတာ့ နာလန္ထူၫႊန္ကိန္း ၅၇ ဒသမ ၈၃ နဲ႔ အဆင့္ ၅၁ ေနရာမွာ ရွိေနၿပီး ဂ်ပန္ႏိုင္ငံက နာလန္ထူၫႊန္ကိန္း၆၂ ဒသမ ၄၇ နဲ႔ အဆင့္ ၃၇ ေတြမွာ အသီးသီး ရွိေနၾကပါတယ္။ အေမရိကန္ႏိုင္ငံကေတာ့ နာလန္ထူၫႊန္ကိန္း ၄၂ ဒသမ ၉၁ နဲ႔ အဆင့္ ၁၂၀ မွာ ရွိ ေနၿပီး ေရာဂါ ျဖစ္ပြားမႈစတင္ရာ တ႐ုတ္ႏိုင္ငံကေတာ့ နာလန္ထူၫႊန္ကိန္း ၆၂ ဒသမ ၇၅ နဲ႔ အဆင့္ ၃၅ ေနရာေတြမွာ ရပ္တည္ေနၾကတာပါ။

ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ အတည္ျပဳ လူနာကို ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ေန႔က စတင္ ေတြ႕ရွိခဲ့တာျဖစ္ၿပီး ဇူလိုင္ ၂၉ ရက္မနက္အထိ အတည္ျပဳလူနာ ၃၅၁ ဦး၊ ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၂၉၃ ဦးရွိပါတယ္။ကမာၻတဝန္းမွာေတာ့ လတ္တေလာအခ်ိန္ထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၇ သန္းနီးပါး ရွိၿပီး ေသဆုံးသူ ၆၆၀,၀၀၀ ေက်ာ္နဲ႔ ေရာဂါပိုး ကင္းစင္ လာသူ ၁၀ သန္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

ဒီၿဗီဘီ

unicode

နိုင်ငံပေါင်း (၁၈၄) နိုင်ငံတွင် မြန်မာက ကိုဗစ်-၁၉ ကူးစက်ခံ ရပြီး နာလန်ပြန်ထူ ညွှန်ကိန်းအဆင့် (၂၀) ဖြင့်ရပ်တည်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည် နာလန်ထူ သက်သာလာတဲ့ ကမ္ဘာ့နိုင်ငံ တွေရေဲ့ ညွှန်ကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံရဲ့ စာရင်းအင်းဆိုင်ရာ ညွှန်ကိန်းတွေကိုတော့ Global Covid-19 Index (GCI) က အချိန်နဲ့ တပြေးညီ ဖော်ပြပေး ထားတာဖြစ်ပြီး တနိုင်ငံချင်း စီရဲ့ လူဦးရေ၊ တဦးကျတိုင်းပြည်ဝင်ငွေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအစီအမံ၊ ရောဂါကူးစက်မှု၊ သေဆုံးမှုနဲ့ ပြန်လည်သက်လာပျောက်ကင်းမှုစတဲ့ အချက်အလက် တွေအပေါ် အခြေခံပြီး တွက်ချက်ပေးထားတာ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ အိမ်နီးချင်း အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဖြစ်ပြီး ပြန်လည်နာလန်ထူညွှန်ကိန်း ၈၂ ဒသမ ၂၇ နဲ့ ရပ်တည်နေကာ တောင် ကိုရီးယားနိုင်ငံကတော့ ၈၁ ဒသမ ၂၉ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ တတိယနေရာမှာတော့ လတ်ဗီးယားနိုင်ငံက နာလန်ထူ ညွှန်ကိန်း ၈၀ ဒသမ ၉၅ နဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အာရှနိုင်ငံတွေဖြစ်ကြတဲ့ မလေးရှားနဲ့ ထိုင်ဝမ် က နာလန်ထူညွှန်ကိန်း ၇၉ ဒသမ ၄၃၊ ၇၈ ဒသမ ၆၈ အသီးသီးနဲ့ ထိပ်ပိုင်း ၅ နိုင်ငံအဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါနိုင်ငံတွေနောက် မှာတော့ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဩစတေးလျ၊ ကနေဒါနဲ့ ဖင်လန်နိုင်ငံတွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၆၉ ဒသမ ၇၉ နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး အာရှနိုင်ငံတွေထဲမှာတော့ ပ ဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ ကတော့ နာလန်ထူညွှန်ကိန်း ၅၇ ဒသမ ၈၃ နဲ့ အဆင့် ၅၁ နေရာမှာ ရှိနေပြီး ဂျပန်နိုင်ငံက နာလန်ထူညွှန်ကိန်း၆၂ ဒသမ ၄၇ နဲ့ အဆင့် ၃၇ တွေမှာ အသီးသီး ရှိနေကြပါတယ်။ အမေရိကန်နိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၄၂ ဒသမ ၉၁ နဲ့ အဆင့် ၁၂၀ မှာ ရှိ နေပြီး ရောဂါ ဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၆၂ ဒသမ ၇၅ နဲ့ အဆင့် ၃၅ နေရာတွေမှာ ရပ်တည်နေကြတာပါ။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြု လူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၂၉ ရက်မနက်အထိ အတည်ပြုလူနာ ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၂၉၃ ဦးရှိပါတယ်။ကမ္ဘာတဝန်းမှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ သန်းနီးပါး ရှိပြီး သေဆုံးသူ ၆၆၀,၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင် လာသူ ၁၀ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

ဒီဗြီဘီ

Add a Comment

Your email address will not be published. Required fields are marked *

thirteen + one =