န်ဴကလီးယား လက္နက္သည္ သာ ေျမာက္ကိုရီးယား ရဲ႕ ထြက္ရပ္လမ္း ဟု ကင္ဂ်ဳံအန္ ေျပာၾကား
|ေျမာက္ကိုရီးယားႏိုင္ငံအေနျဖင့္ န်ဴကလီးယား လက္နက္ ပိုင္ဆိုင္ျခင္းသည္ ႏိုင္ငံ၏လုံၿခဳံေရး ကို အၿမဲတမ္း အာမခံခ်က္ေပးႏိုင္ေၾကာင္း ေခါင္းေဆာင္ကင္ဂ်ဳံအန္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံ အန္က ကိုရီးယားစစ္ပြဲ အဆုံးသတ္ခဲ့သည့္ ႏွစ္ပတ္လည္ေန႔ျဖစ္သည့္ ဇူလိုင္ ၂၇ ရက္တြင္ ျပဳလုပ္ သည့္ စစ္ျပန္မ်ား၏ ကြန္ဖရင့္တစ္ရပ္ တြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ဇူလိုင္ ၂၈ ရက္ထုတ္ ေျမာက္ကိုရီးယားႏိုင္ငံ အာဏာရပါတီပိုင္ ႐ိုဒန္ဆင္မြန္သတင္းစာ ၏ ေခါင္းႀကီးပိုင္းတြင္ ေရးသားေဖာ္ျပထားပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံအေနျဖင့္ အျခားေသာ လက္နက္ကိုင္ ပဋိပကၡမ်ားကို တြန္းလွန္ဖယ္ရွားရန္ ပိုင္ဆိုင္ရမည့္ န်ဴကလီးယား လက္နက္မ်ားကိုလည္း ထုတ္လုပ္ခဲ့ေၾကာင္း ႏွင့္ ရန္လိုေသာအဖြဲ႕မ်ား၏ မည္သို႔ေသာ စစ္ဘက္ဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ိဳးကိုမဆို ေျမာက္ကိုရီးယားႏိုင္ငံက မိမိကိုယ္မိမိ ကာကြယ္ ႏိုင္စြမ္း ရွိေၾကာင္းကိုလည္း ကင္ဂ်ဳံအန္က ေျပာၾကားခဲ့သည္ဟု ႐ိုဒန္ ဆင္မြန္သတင္းစာက ေရးသားေဖာ္ျပထားပါတယ္။

ကင္ဂ်ဳံအန္သည္ န်ဴကလီးယား လက္နက္ အၿပီးတိုင္ဖ်က္သိမ္းေရးပန္းတိုင္ကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ ၂၀၁၈ ခုႏွစ္အတြင္းက ျပဳလုပ္ခဲ့သည့္ ေျမာက္ကိုရီးယား-အေမရိကန္ ထိပ္သီးအစည္းအေဝးတြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သေဘာ တူညီခဲ့ေသာ္လည္း ေျမာက္ကိုရီးယား ႏိုင္ငံက စီးပြားေရးပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပးေရး ေတာင္းဆိုခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးမႈမ်ားမွာ ၾကန႔္ၾကာမႈျဖစ္ေပၚေစခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံကမူ ေျမာက္ကိုရီးယားႏိုင္ငံသည္ န်ဴကလီးယားလက္နက္ အၿပီးတိုင္ ဖ်က္သိမ္းေရးႏွင့္စပ္လ်ဥ္း၍ ခိုင္လုံေသာ ေဆာင္႐ြက္ခ်က္တစ္စုံတစ္ရာမွ် မရွိေၾကာင္း ေထာက္ျပခဲ့ပါတယ္
unicode
နျူကလီးယား လက်နက်သည် သာ မြောက်ကိုရီးယား ရဲ့ ထွက်ရပ်လမ်း ဟု ကင်ဂျုံအန် ပြောကြား
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ခြင်းသည် နိုင်ငံ၏လုံခြုံရေး ကို အမြဲတမ်း အာမခံချက်ပေးနိုင်ကြောင်း ခေါင်းဆောင်ကင်ဂျုံအန်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်က ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင် ၂၇ ရက်တွင် ပြုလုပ် သည့် စစ်ပြန်များ၏ ကွန်ဖရင့်တစ်ရပ် တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်ထုတ် မြောက်ကိုရီးယားနိုင်ငံ အာဏာရပါတီပိုင် ရိုဒန်ဆင်မွန်သတင်းစာ ၏ ခေါင်းကြီးပိုင်းတွင် ရေးသားဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အခြားသော လက်နက်ကိုင် ပဋိပက္ခများကို တွန်းလှန်ဖယ်ရှားရန် ပိုင်ဆိုင်ရမည့် နျူကလီးယား လက်နက်များကိုလည်း ထုတ်လုပ်ခဲ့ကြောင်း နှင့် ရန်လိုသောအဖွဲ့များ၏ မည်သို့သော စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုမျိုးကိုမဆို မြောက်ကိုရီးယားနိုင်ငံက မိမိကိုယ်မိမိ ကာကွယ် နိုင်စွမ်း ရှိကြောင်းကိုလည်း ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ရိုဒန် ဆင်မွန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။
ကင်ဂျုံအန်သည် နျူကလီးယား လက်နက် အပြီးတိုင်ဖျက်သိမ်းရေးပန်းတိုင်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သဘော တူညီခဲ့သော်လည်း မြောက်ကိုရီးယား နိုင်ငံက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေး တောင်းဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများမှာ ကြန့်ကြာမှုဖြစ်ပေါ်စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံကမူ မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက် အပြီးတိုင် ဖျက်သိမ်းရေးနှင့်စပ်လျဉ်း၍ ခိုင်လုံသော ဆောင်ရွက်ချက်တစ်စုံတစ်ရာမျှ မရှိကြောင်း ထောက်ပြခဲ့ပါတယ်