“အမ်ိဳးသား တစ္ဦးတည္းနဲ႔ ခ်စ္ႀကိဳက္ေနတဲ့ ကမာၻ႔အတူညီဆုံး အႁမြာညီအစ္မႏွစ္ဦးက တစ္ခ်ိန္တည္းမွာ ကိုယ္ဝန္ အတူတူေဆာင္ဖို႔ ႀကိဳးစားေန”

ကမာၻေပၚမွာ တူညီမႈအရွိဆုံး အႁမြာအျဖစ္ သတ္မွတ္ခံထားရတဲ့ ညီအစ္မႏွစ္ဦးဟာ သူတို႔ႏွစ္ဦးစလုံး ရဲ႕ ခ်စ္သူျဖစ္ေနတဲ့ အမ်ိဳးသားနဲ႔အတူ တစ္ခ်ိန္တည္းမွာပဲ ကိုယ္ဝန္ေဆာင္ခ်င္တယ္လို႔ ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ အန္နာ နဲ႔ လူစီတို႔ဟာ ၾသစေၾတးလ်ႏိုင္ငံ၊ ပါ့တ္ၿမိဳ႕မွာ ေနထိုင္သူ ေတြျဖစ္ၿပီး အတူတူစား၊ အတူတူသြား၊ သန႔္စင္ခန္းကိုလည္း တစ္ခ်ိန္တည္းမွာပဲ အတူတူအသုံးျပဳေနသူေတြျဖစ္ပါတယ္။

ဒါ့အျပင္ အိပ္ယာတစ္ခုတည္းအေပၚမွာလည္း အမ်ိဳးသား တစ္ဦးတည္းကို ခ်စ္သူအျဖစ္နဲ႔ အတူတကြေပါင္းဖက္ ေနထိုင္ေနတဲ့ၾကတာ ၉ ႏွစ္အထိ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ ဘန္ဘ႐ိုင္နီလို႔ အမည္ရတဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္အမ်ိဳးသားဟာ သူတို႔ႏွစ္ဦး ရဲ႕ ခ်စ္သူအျဖစ္ ရွိေနတာျဖစ္ၿပီး အႁမႊာညီအစ္မႏွစ္ဦးၾကားမွာ ဒီအတြက္ေတာ့ ဘယ္လိုျပသနာမွရွိမေနခဲ့ပါဘူး။

အခုအခါမွာေတာ့ သူတို႔ႏွစ္ဦးစလုံးက ဖန္ႁပြန္သေႏၶသားနည္းလမ္း နဲ႔ ကိုယ္ဝန္ ရယူခ်င္ေနၿပီး ကိုယ္ဝန္ေဆာင္ဘဝ အေတြ႕အႀကဳံေတြကိုလည္း ခံစားခ်င္တယ္လို႔ ဆိုပါတယ္။ “ကိုယ္ဝန္ေဆာင္သည္ေတြရဲ႕ အေတြ႕အႀကဳံေတြကို အတူတူ ခံစားၾကည့္ခ်င္ပါတယ္” လို႔ လူစီက ေျပာပါတယ္။ “ကြၽန္မတို႔ဘဝမွာ အရာအားလုံးကို အတူတူပဲ ေတြ႕ႀကဳံခံစားေန ခဲ့တာျဖစ္ၿပီး အတူတူပဲေသဆုံးမယ္၊ အတူတူပဲ အိုမင္းသြားၾကမွာပါ၊ ဒါကျဖစ္ကိုျဖစ္လာမွာပါ” လို႔ လူစီက ထပ္ေျပာခဲ့ပါတယ္။

အန္နာကေတာ့ “IFV (ဖန္ႁပြန္သေႏၶသား) ကိုလည္း ကြၽန္မတို႔ ေလ့လာေနပါတယ္၊ တခ်ိန္တည္းမွာပဲ ကြၽန္မတို႔မ်ိဳးဥေတြကို ဖန္တီးသြားခ်င္ပါတယ္၊ အနာဂတ္မွာ ဘာေတြျဖစ္လာမလဲ ဘယ္သူက သိႏိုင္မွာလဲ၊ ဒါေပမယ့္ ကြၽန္မတို႔ ဒါကို အတူတူလုပ္သြားခ်င္ပါတယ္၊ ဒါက စိန္ေခၚမႈတစ္ခု ျဖစ္လာ ပါလိမ့္မယ္၊ ဒါေပမယ့္ ကြၽန္မတို႔ဘဝမွာ အရာရာတိုင္းက စိန္ေခၚမႈေတြျဖစ္ခဲ့တာပါ၊ အခ်ိန္တိုင္းမွာ ကြၽန္မတို႔ အတူတူပဲေနခ်င္ခဲ့ၾကပါတယ္” လို႔ ေျပာပါတယ္။

တကယ္လို႔ ကိုယ္ဝန္ ေဆာင္တဲ့ အခါမွာ တစ္ဦးက ေယာက်္ားေလ၊ တစ္ဦးက မိန္းကေလးျဖစ္ေနခဲ့ရင္ ဘယ္လိုျဖစ္မလဲဆိုတာကို ေမးျမန္းခဲ့ရာမွာလည္း “အတူေနထိုင္သမွ်ကာလပတ္လုံး က်န္းက်န္းမာမာ၊ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနသြားမွာပါ၊ ကြၽန္မတို႔ ေျပာျဖစ္ခဲ့တာကေတာ့ အတူတူ ကိုယ္ဝန္ေဆာင္ခ်င္တယ္၊ ကေလးေတြ က်န္းမာၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္ေနဖို႔က အေရးႀကီးတယ္ဆိုတာပါ” လို႔ လူစီက ျပန္ေျဖခဲ့ပါတယ္။

အခုကေတာ့ သူတို႔ညီအစ္မႏွစ္ဦးဟာ မိခင္ျဖစ္သူ၊ ခ်စ္သူ အမ်ိဳးသားျဖစ္သူ ဘင္တို႔နဲ႔အတူတူ ေနထိုင္ေနတာျဖစ္ပါတယ္။ ညီအစ္မႏွစ္ဦးနဲ႔ ဘင္တို႔ကေတာ့ အခန္းတစ္ခုတည္းမွာ အတူတူေနထိုင္ၾကၿပီး ဘင္ဟာ အတူတူေနထိုင္တဲ့ ပထမဆုံးေန႔ကတည္းကပဲ သူတို႔ႏွစ္ဦးကို ခြဲျခားႏိုင္ခဲ့တယ္လို႔သိရၿပီး ခ်စ္သူေဟာင္းေတြကေတာ့ ခြဲျခားဖို႔အတြက္ ေတာ္ေတာ္ေလးႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။

“ပထမဆုံးရက္မွာပဲ သူ ခြဲျခားႏိုင္ ခဲ့ပါတယ္၊ ကြၽန္မတို႔ရဲ႕ အေမေတာင္မွ ကြၽန္မတို႔ကို ခြဲျခားမေျပာႏိုင္ပါဘူး” လို႔ လူစီက ေျပာပါတယ္။ “ပထမဆုံး ကြၽန္မတို႔နဲ႔ သူနဲ႔ စေတြ႕တဲ့ညမွာ သူ႔ကို အနမ္းေတြေပးခဲ့ပါတယ္၊ ႏွစ္ေယာက္စလုံးေပါ့၊ သူ႔ကို တကယ္သေဘာက်တယ္” လို႔ အန္နာကေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အရင္ခ်စ္သူ ေတြကေတာ့ သူမတို႔ ႏွစ္ဦးရဲ႕ နီးစပ္ေနမႈေတြကို နားလည္မေပးႏိုင္ခဲ့ေပမယ့္ ဘင္ကေတာ့ နားလည္ေပးႏိုင္ခဲ့တယ္လို႔လည္း သူတို႔က ေျပာဆိုခဲ့ပါတယ္။ သူတို႔ညီအစ္မၾကားမွာလည္း ဘယ္လိုျပသနာမွမရွိဘူးလို႔ဆိုၿပီး တစ္ဦးနဲ႔တစ္ဦး သဝန္တိုမႈေတြလည္း ျဖစ္မလာဘူးလို႔ လူစီက ဖြင့္ဟ ခဲ့ပါတယ္။

Thit Khat

unicode

“အမျိုးသား တစ်ဦးတည်းနဲ့ ချစ်ကြိုက်နေတဲ့ ကမ္ဘာ့အတူညီဆုံး အမြွာညီအစ်မနှစ်ဦးက တစ်ချိန်တည်းမှာ ကိုယ်ဝန် အတူတူဆောင်ဖို့ ကြိုးစားနေ”

ကမ္ဘာပေါ်မှာ တူညီမှုအရှိဆုံး အမြွာအဖြစ် သတ်မှတ်ခံထားရတဲ့ ညီအစ်မနှစ်ဦးဟာ သူတို့နှစ်ဦးစလုံး ရဲ့ ချစ်သူဖြစ်နေတဲ့ အမျိုးသားနဲ့အတူ တစ်ချိန်တည်းမှာပဲ ကိုယ်ဝန်ဆောင်ချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အန်နာ နဲ့ လူစီတို့ဟာ သြစတြေးလျနိုင်ငံ၊ ပါ့တ်မြို့မှာ နေထိုင်သူ တွေဖြစ်ပြီး အတူတူစား၊ အတူတူသွား၊ သန့်စင်ခန်းကိုလည်း တစ်ချိန်တည်းမှာပဲ အတူတူအသုံးပြုနေသူတွေဖြစ်ပါတယ်။

ဒါ့အပြင် အိပ်ယာတစ်ခုတည်းအပေါ်မှာလည်း အမျိုးသား တစ်ဦးတည်းကို ချစ်သူအဖြစ်နဲ့ အတူတကွပေါင်းဖက် နေထိုင်နေတဲ့ကြတာ ၉ နှစ်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဘန်ဘရိုင်နီလို့ အမည်ရတဲ့ အသက် ၃၉ နှစ်အရွယ်အမျိုးသားဟာ သူတို့နှစ်ဦး ရဲ့ ချစ်သူအဖြစ် ရှိနေတာဖြစ်ပြီး အမြွှာညီအစ်မနှစ်ဦးကြားမှာ ဒီအတွက်တော့ ဘယ်လိုပြသနာမှရှိမနေခဲ့ပါဘူး။

အခုအခါမှာတော့ သူတို့နှစ်ဦးစလုံးက ဖန်ပြွန်သန္ဓေသားနည်းလမ်း နဲ့ ကိုယ်ဝန် ရယူချင်နေပြီး ကိုယ်ဝန်ဆောင်ဘဝ အတွေ့အကြုံတွေကိုလည်း ခံစားချင်တယ်လို့ ဆိုပါတယ်။ “ကိုယ်ဝန်ဆောင်သည်တွေရဲ့ အတွေ့အကြုံတွေကို အတူတူ ခံစားကြည့်ချင်ပါတယ်” လို့ လူစီက ပြောပါတယ်။ “ကျွန်မတို့ဘဝမှာ အရာအားလုံးကို အတူတူပဲ တွေ့ကြုံခံစားနေ ခဲ့တာဖြစ်ပြီး အတူတူပဲသေဆုံးမယ်၊ အတူတူပဲ အိုမင်းသွားကြမှာပါ၊ ဒါကဖြစ်ကိုဖြစ်လာမှာပါ” လို့ လူစီက ထပ်ပြောခဲ့ပါတယ်။

အန်နာကတော့ “IFV (ဖန်ပြွန်သန္ဓေသား) ကိုလည်း ကျွန်မတို့ လေ့လာနေပါတယ်၊ တချိန်တည်းမှာပဲ ကျွန်မတို့မျိုးဥတွေကို ဖန်တီးသွားချင်ပါတယ်၊ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူက သိနိုင်မှာလဲ၊ ဒါပေမယ့် ကျွန်မတို့ ဒါကို အတူတူလုပ်သွားချင်ပါတယ်၊ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်လာ ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်မတို့ဘဝမှာ အရာရာတိုင်းက စိန်ခေါ်မှုတွေဖြစ်ခဲ့တာပါ၊ အချိန်တိုင်းမှာ ကျွန်မတို့ အတူတူပဲနေချင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။

တကယ်လို့ ကိုယ်ဝန် ဆောင်တဲ့ အခါမှာ တစ်ဦးက ယောကျ်ားလေ၊ တစ်ဦးက မိန်းကလေးဖြစ်နေခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာကို မေးမြန်းခဲ့ရာမှာလည်း “အတူနေထိုင်သမျှကာလပတ်လုံး ကျန်းကျန်းမာမာ၊ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားမှာပါ၊ ကျွန်မတို့ ပြောဖြစ်ခဲ့တာကတော့ အတူတူ ကိုယ်ဝန်ဆောင်ချင်တယ်၊ ကလေးတွေ ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေဖို့က အရေးကြီးတယ်ဆိုတာပါ” လို့ လူစီက ပြန်ဖြေခဲ့ပါတယ်။

အခုကတော့ သူတို့ညီအစ်မနှစ်ဦးဟာ မိခင်ဖြစ်သူ၊ ချစ်သူ အမျိုးသားဖြစ်သူ ဘင်တို့နဲ့အတူတူ နေထိုင်နေတာဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးနဲ့ ဘင်တို့ကတော့ အခန်းတစ်ခုတည်းမှာ အတူတူနေထိုင်ကြပြီး ဘင်ဟာ အတူတူနေထိုင်တဲ့ ပထမဆုံးနေ့ကတည်းကပဲ သူတို့နှစ်ဦးကို ခွဲခြားနိုင်ခဲ့တယ်လို့သိရပြီး ချစ်သူဟောင်းတွေကတော့ ခွဲခြားဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ပထမဆုံးရက်မှာပဲ သူ ခွဲခြားနိုင် ခဲ့ပါတယ်၊ ကျွန်မတို့ရဲ့ အမေတောင်မှ ကျွန်မတို့ကို ခွဲခြားမပြောနိုင်ပါဘူး” လို့ လူစီက ပြောပါတယ်။ “ပထမဆုံး ကျွန်မတို့နဲ့ သူနဲ့ စတွေ့တဲ့ညမှာ သူ့ကို အနမ်းတွေပေးခဲ့ပါတယ်၊ နှစ်ယောက်စလုံးပေါ့၊ သူ့ကို တကယ်သဘောကျတယ်” လို့ အန်နာကပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အရင်ချစ်သူ တွေကတော့ သူမတို့ နှစ်ဦးရဲ့ နီးစပ်နေမှုတွေကို နားလည်မပေးနိုင်ခဲ့ပေမယ့် ဘင်ကတော့ နားလည်ပေးနိုင်ခဲ့တယ်လို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။ သူတို့ညီအစ်မကြားမှာလည်း ဘယ်လိုပြသနာမှမရှိဘူးလို့ဆိုပြီး တစ်ဦးနဲ့တစ်ဦး သဝန်တိုမှုတွေလည်း ဖြစ်မလာဘူးလို့ လူစီက ဖွင့်ဟ ခဲ့ပါတယ်။

Thit Khat

Add a Comment

Your email address will not be published. Required fields are marked *

4 − three =