အခ်စ္ဦး နဲ႔ ေပါင္းဖက္ခြင့္ ရဖိုႏွစ္ ၃၀ ေစာင့္ၿပီး မွ လက္ထပ္ ခဲ့တဲ့ အေၾကာင္းဖြင့္ဟ လာတဲဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္/ ဒါ႐ိုက္တာ ေဇာ္ထြန္း

ယခု သတင္းသည္ Shwe Yaung Myanmar မွ ေရးသားထားေသာ သတင္း ျဖစ္သည္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ နဲ႔ ဒါ႐ိုက္တာ ေဇာ္ထြန္း ကေတာ့ ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့သူတစ္ဦးပါ ႐ုပ္ရွင္ထဲမွာ လူၾကမ္း သ႐ုပ္ေဆာင္ ခဲ့ေပမယ့္ အျပင္မွာ ဦးေဇာ္ထြန္းဟာ လူၾကမ္းတစ္ဦးမဟုတ္ခဲ့ပါဘူး

အသက္ ၄၇ ႏွစ္အထိ လူပ်ိဳႀကီး ဘဝနဲ႔ ရပ္တည္ခဲ့ ေပမယ့္ ႏွစ္ ၃၀ အထိ ေစာင့္ခဲ့ရတဲ့ ငယ္ခ်စ္ဦးနဲ႔ ျပန္ေတြ႕ခ်ိန္မွာေတာ့ လက္ထပ္ျဖစ္ခဲ့တဲ့အေၾကာင္း ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္ “လူပ်ိဳႀကီး လုပ္ဖို႔ ဆုံးျဖတ္ထားေပမယ့္ ေအးခ်မ္းတဲ့ မိသားစု ဘဝ ကို ပိုင္ဆိုင္ခ်င္လို႔ အသက္ (၄၇) ႏွစ္မွာ အိမ္ေထာင္ျပဳခဲ့တယ္…ဇနီးသည္က လြန္ခဲ့တဲ့ ႏွစ္ (၃၀) ေလာက္က ႀကိဳက္ခဲ့ဖူးတဲ့ အခ်စ္ဦး ပါ သူ႔ဆီမွာ ခင္ပြန္းေဟာင္း နဲ႔ ရခဲ့တဲ့ သမီးေလး တစ္ေယာက္ ပါလာေပမယ့္ ကိုယ့္ သမီး အရင္းေလး လို ခ်စ္ပါတယ္” လို႔ သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာ ေဇာ္ထြန္းကဆိုပါတယ္။

သမီးေလးနဲ႔ လည္းဆက္ဆံေရး အဆင္ေျပတယ္လို႔သိရၿပီး ဦးေဇာ္ထြန္းကပရိသတ္ေတြအတြက္လည္း တန္ဖိုးရွိတဲ့စကားေလးတစ္ခြန္းကို လက္ေဆာင္အေနနဲ႔ ေျပာလာခဲ့ပါေသးတယ္ ဦးေဇာ္ထြန္းက ” လူဆိုတာ သူ႔အတၱကိုျဖည့္စြမ္းေပးရင္ ကိုယ့္အတၱလည္း တေျဖးေျဖး ျပည့္လာမယ္လို႔က်ေနာ္ ငယ္ငယ္က ယုံၾကည့္ထားတယ္….. လို႔ စကားလက္ေဆာင္ေပးထားခဲ့ပါတယ္

လူၾကမ္း သ႐ုပ္ေဆာင္ေတြဟာ အျပင္မွာေတာ့ လူၾကမ္းသူၾကမ္းႀကီးေတြ မဟုတ္ေၾကာင္း ဦးကိုကိုဦး ဦးေအာင္ခိုင္တို႔နဲ႔အတူ ဦးေဇာ္ထြန္းကလည္းျပသလာခဲ့တာပါ ပရိသတ္ႀကီးေရ စိတ္ဝင္စားစရာ ဇာတ္လမ္းေလးမို႔ မွ်ေဝေပးလိုက္ရပါတယ္ေနာ္

unicode

အချစ်ဦး နဲ့ ပေါင်းဖက်ခွင့် ရဖိုနှစ် ၃၀ စောင့်ပြီး မှ လက်ထပ် ခဲ့တဲ့ အကြောင်းဖွင့်ဟ လာတဲဲ့ ရုပ်ရှင်သရုပ်ဆောင်/ ဒါရိုက်တာ ဇော်ထွန်း

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် နဲ့ ဒါရိုက်တာ ဇော်ထွန်း ကတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ ရုပ်ရှင်ထဲမှာ လူကြမ်း သရုပ်ဆောင် ခဲ့ပေမယ့် အပြင်မှာ ဦးဇော်ထွန်းဟာ လူကြမ်းတစ်ဦးမဟုတ်ခဲ့ပါဘူး

အသက် ၄၇ နှစ်အထိ လူပျိုကြီး ဘဝနဲ့ ရပ်တည်ခဲ့ ပေမယ့် နှစ် ၃၀ အထိ စောင့်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ချိန်မှာတော့ လက်ထပ်ဖြစ်ခဲ့တဲ့အကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် “လူပျိုကြီး လုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် အေးချမ်းတဲ့ မိသားစု ဘဝ ကို ပိုင်ဆိုင်ချင်လို့ အသက် (၄၇) နှစ်မှာ အိမ်ထောင်ပြုခဲ့တယ်…ဇနီးသည်က လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က ကြိုက်ခဲ့ဖူးတဲ့ အချစ်ဦး ပါ သူ့ဆီမှာ ခင်ပွန်းဟောင်း နဲ့ ရခဲ့တဲ့ သမီးလေး တစ်ယောက် ပါလာပေမယ့် ကိုယ့် သမီး အရင်းလေး လို ချစ်ပါတယ်” လို့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဇော်ထွန်းကဆိုပါတယ်။

သမီးလေးနဲ့ လည်းဆက်ဆံရေး အဆင်ပြေတယ်လို့သိရပြီး ဦးဇော်ထွန်းကပရိသတ်တွေအတွက်လည်း တန်ဖိုးရှိတဲ့စကားလေးတစ်ခွန်းကို လက်ဆောင်အနေနဲ့ ပြောလာခဲ့ပါသေးတယ် ဦးဇော်ထွန်းက ” လူဆိုတာ သူ့အတ္တကိုဖြည့်စွမ်းပေးရင် ကိုယ့်အတ္တလည်း တဖြေးဖြေး ပြည့်လာမယ်လို့ကျနော် ငယ်ငယ်က ယုံကြည့်ထားတယ်….. လို့ စကားလက်ဆောင်ပေးထားခဲ့ပါတယ်

လူကြမ်း သရုပ်ဆောင်တွေဟာ အပြင်မှာတော့ လူကြမ်းသူကြမ်းကြီးတွေ မဟုတ်ကြောင်း ဦးကိုကိုဦး ဦးအောင်ခိုင်တို့နဲ့အတူ ဦးဇော်ထွန်းကလည်းပြသလာခဲ့တာပါ ပရိသတ်ကြီးရေ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ မျှဝေပေးလိုက်ရပါတယ်နော်

Add a Comment

Your email address will not be published. Required fields are marked *

two × two =