






အဏ္ဏာဝါ…

unicode

ခေါင်းစဉ် ကြည့်ပြီး တမျိုး မထင်ပါနဲ့နော်….အအိုတွေ ဖတ်မိရင် စိတ်ဓါတ်ကျမှာ စိုးလို့ပါ…

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့နော်….အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုး လို့ပါ….အပျိုစစ်စစ် ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇ နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ…ရည်းစားဖြစ်တာ ၁ ရက်မကြာသေးဘူး living together က နေနေကြပြီလေ… တကယ်တော့ လက်မထပ်ရသေးပဲ နဲ့အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝ တန်ဖိုးကျသွားပါပြီ…..ပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့ တန်ဖိုးထားခြင်းကို ခံထားရသူလို့တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့က ၅မိနစ်မကြာပါဘူး… ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ကရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တောင် ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး….ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင်သူသဘောပေါက်အောင် ပြောပြ ထားပါ ၊ ဒါမှ သူဘက်က လက်မခံဘူး ၊စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ ၊ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ ….

သေလောက်ေ အာင် ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ ….ဘဝမှာ ရည်းစားဦးနဲ့လွဲကြတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ ၊ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့အကြောင်းတစ်ခုခုကြောင့် …. သူနဲ့များ လွဲသွားခဲ့ရင် နောင်တွင်ကိုယ်နဲ့တကယ်လက်တွဲ ရမယ့် ယောင်္ကျားနဲ့တွေ့မှ အကြီးကြီးနောင်တရပါလိမ့်မယ် ။အဲ့ခါကျမှတော့ နောင်တရပါတယ်လို့သိသွားလည်းနောက်ကျသွားပါပြီ ၊အခန့်မသင့်ရင် အိမ်ထောင်ရေးပြသာနာတွေတောင်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက်ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့်ပြီးအိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ပါ … အတုမယူသင့်တာတော့ အတုမယူပါနဲ့ညီမတို့။(နောက်ထပ် တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း $ဘာဖြစ် $ညာဖြစ်တယ် ။အဲလို$ တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့လည်း တောင်းဆိုပါတယ် …

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်.. )မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟုတ်ပါဘူး ၊ အပျိုစင် ဘဝကိုပြောထားတာပါ… သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့….living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်း ခင်မင်လျက်…..။

ညီမငယ်လေးများ အတွက် ရှယ်ပေးခြင်းဖြင့် ကူညီပေးကြပါနော်…။

အဏ္ဏာဝါ…

Add a Comment

Your email address will not be published. Required fields are marked *

one × 4 =