ေသဆုံးခဲ့ တာ ႏွစ္ေပါင္း (၁၀၀) ခန႔္ ၾကာေပမယ့္ အသက္ ရွင္ေနဆဲ ထင္ရတဲ့ ကေလးငယ္

အီတလီႏိုင္ငံ၊ ပါလာမို ၿမိဳ႕ ကတ္ပူ ခ်င္ ခရစ္ယာန္သီလရွင္ေက်ာင္းရဲ႕ေအာက္မွာရွိတဲ့ ေျမေအာက္သခ်ႋဳင္း ထဲမွာေတာ့ မံမီေပါင္း ၈၀၀၀ခန႔္ဟာ လဲေလ်ာင္းေနပါတယ္။ ကာပူခ်င္ ေျမေအာက္သခ်ႋဳင္းဟာ ေဆးေရစိမ္ထားတဲ့ မံမီေတြေၾကာင့္ လူသိမ်ားပါတယ္။ အဲဒီမံမီေတြထဲမွာ ထိမ္းသိမ္း ျခင္း နည္းပညာအေကာင္းဆုံးလို႔ ဆိုရမယ့္ မံမီတစ္ခုဟာ လာေရာက္ၾကည့္ရႈ သူေပါင္းမ်ားစြာကို ဆြဲေဆာင္လွ်က္ ရွိပါတယ္။အဲဒီမံမီရဲ႕ အမည္ကိုေတာ့ ပါလာမိုရဲ႕ အိပ္ေပ်ာ္ေနတဲ့အလွ(Sleeping Beauty of Palermo) လို႔ နာမည္ေပးထားပါတယ္။ သူ႔မ ရဲ႕နာမည္ အရင္းကေတာ့ ႐ိုစီလာလြန္ဘာဒိုပဲ ျဖစ္ပါတယ္။ သူမဟာ အသက္၂ႏွစ္အ႐ြယ္ ၊ ဒီဇင္ဘာ၆ရက္ ၁၉၂၀ခုႏွစ္ တည္းကနမိုးနီးယားအဆုတ္ေရာင္ေရာဂါနဲ႔ ေသဆုံးခဲ့ တာျဖစ္ပါတယ္။

သမီးျဖစ္သူ ႐ုတ္တရက္ ေသဆုံး သြားေတာ့သူမ ရဲ႕အေဖျဖစ္တဲ့ မာရီယို လြန္ဘာဒိုဟာ အလြန္ပဲ ထိခိုက္ေၾကကြဲ ခဲ့ရပါတယ္။ ဒါေၾကာင့္ သူဟာ သူ႔သမီးေလးရဲ႕ ႐ုပ္အေလာင္းကို ပုံစံမပ်က္ရွိေနေအာင္ လုပ္ေပးဖို႔ အတြက္ ဓာတုေဗဒ ပါေမာကၡအဲဖာဒိုဆလာဖီယာ(Alfredo Salafia) ကို ေတာင္းဆို ခဲ့ပါတယ္။ ဆလာဖီယာက လည္း ကူတတ္ကြၽမ္းတဲ့ပညာနဲ႔ ကူညီေပးခဲ့ပါတယ္။ ဆလာဖီယာရဲ႕နည္းပညာဟာ အံၾသေလာက္ေအာင္ ေကာင္းမြန္ ခဲ့ပါတယ္။ အေလာင္းနဲ႔အတူ မွတ္တမ္းတင္ထားတဲ့စာအရ ဆလာဖီယာရဲ႕ ေဆးစိမ္မႈမွာ ဂလစ္ဆရင္း ၊ ေဖာ္မလင္ ၊ ဇင့္ဆာလဖိတ္ ၊ ကလို႐ိုက္ နဲ႔ ဆာလဖ်ဴရစ္ အက္ဆစ္ေတြ ပါဝင္တယ္လို႔ သိရပါတယ္။

ႏွစ္ ၁၀၀ နီးပါး ျဖတ္ေက်ာ္ခဲ့ၿပီး တာေတာင္ ကေလးငယ္ ရဲ႕ ႐ုပ္အေလာင္းဟာ ေသဆုံးစကပုံသ႑ာန္လိုပဲ ရွိေနဆဲျဖစ္ပါတယ္။ အျပင္ကိုယ္ခႏၶာတင္မဟုတ္အတြင္းဘက္အဂၤါေတြကပါ ပုံစံမပ်က္မယြင္းရွိေနေသးတယ္လို႔ Xray နဲ႔ သူမအေလာင္းကို စစ္ေဆးတဲ့အခါ ေတြ႕ရွိခဲ့ရပါတယ္။ သူမရဲ႕လွပၿပီး အျပစ္ကင္းတဲ့မ်က္ႏွာ၊ ဖဲႀကိဳးျပားနဲ႔ခ်ည္ထားတဲ့ ဆံပင္ေကာက္ကေလးေတြဟာ လည္း အရင္အတိုင္းရွိေနပါေသးတယ္။ အမွတ္တမဲ့ၾကည့္ရင္၂ႏွစ္အ႐ြယ္ကေလးငယ္ အိပ္ေနတယ္လို႔ပဲ ထင္ရမွာပါ။ သူမရဲ႕ ေဆးစိမ္ထားတဲ့ခႏၶာကိုယ္ကို အဲဒီအခ်ိန္ကတည္းက သခ်ႋဳင္းက မွန္ျပားနဲ႔ အုပ္ထားတဲ့ သစ္သားအေခါင္းထဲမွာ ထားခဲ့ၿပီး အ ခု အခ်ိန္အထိဆိုရင္ ႏွစ္ေပါင္း ၁၀၀ ျပည့္ေတာ့မွာ ျဖစ္ ပါတယ္။

သူမဟာ ကတ္ပူခ်င္သခ်ႋဳင္းမွာ ေနာက္ဆုံးအေနနဲ႔ ထားခြင့္ ရွိသူလည္းျဖစ္ပါတယ္။ အထူးဆန္းဆုံးကေတာ့ အခုထက္တိုင္ သူမရဲ႕ မ်က္လုံးအစုံဟာ မ်ားေသာအားျဖင့္ေန႔ဘက္ေတြမွာ ဖြင့္လိုက္ပိတ္လိုက္ ျဖစ္ေနတယ္ ဆိုတာပါပဲ။ပညာရွင္ေတြကေတာ့ ေျမေအာ္သခ်ႋဳင္းဟာ အလင္းေရာင္နည္းတဲ့အတြက္ ဧည့္သည္ေတြ ေရာက္လို႔ မီးဖြင့္လိုက္တဲ့ အခါ မ်က္လုံးႂကြက္သား က တုန႔္ျပန္ၿပီး မ်က္ေတာင္ ခတ္ရတာလို႔ ဆိုပါတယ္။ အေလာင္း ကို ဆက္လက္ၿပီး မပ်က္စီးေစဖို႔အတြက္ ႏိုက္ထ႐ိုဂ်င္ဓာတ္ေငြ႕နဲ႔ ကာကြယ္ေပးထားပါတယ္။

ႏွစ္ေပါင္း ဒီေလာက္ၾကာတာေတာင္ ပုံမွန္အတိုင္း ရွိေနဆဲ ျဖစ္တဲ့အတြက္ တခ်ိဳ႕ကေတာ့ အတုအေယာင္ ဖန္တီးထားတယ္လို႔ ထင္ၾကပါတယ္။ ဒီလိုထင္ၾကသူ အားလုံးရဲ႕ အထင္ကို ေခ်ဖ်က္ခဲ့သူက ကမာၻေက်ာ္ National Geographic မဂၢဇင္းပဲ ျဖစ္ပါတယ္။ သဘာဝ နဲ႔ သိပၸံဆိုင္ရာျဖစ္ရပ္ေတြကို သုေတသန လုပ္ၿပီး ေရးသားတဲ့ ဒီမဂၢဇင္းက ပညာရွင္ေတြဟာ ႐ိုစီလာရဲ႕ မံမီ အတြင္းအျပင္ဘက္ကို MIR စစ္ေဆးခဲ့ၿပီးေနာက္ လုံးဝအမွန္အကန္ျဖစ္တယ္လို႔ အေျဖထြက္ခဲ့ပါတယ္။

Credit Thutazone

unicode

သေဆုံးခဲ့ တာ နှစ်ပေါင်း (၁၀၀) ခန့် ကြာပေမယ့် အသက် ရှင်နေဆဲ ထင်ရတဲ့ ကလေးငယ်

အီတလီနိုင်ငံ၊ ပါလာမို မြို့ ကတ်ပူ ချင် ခရစ်ယာန်သီလရှင်ကျောင်းရဲ့အောက်မှာရှိတဲ့ မြေအောက်သချႋုင်း ထဲမှာတော့ မံမီပေါင်း ၈၀၀၀ခန့်ဟာ လဲလျောင်းနေပါတယ်။ ကာပူချင် မြေအောက်သချႋုင်းဟာ ဆေးရေစိမ်ထားတဲ့ မံမီတွေကြောင့် လူသိများပါတယ်။ အဲဒီမံမီတွေထဲမှာ ထိမ်းသိမ်း ခြင်း နည်းပညာအကောင်းဆုံးလို့ ဆိုရမယ့် မံမီတစ်ခုဟာ လာရောက်ကြည့်ရှု သူပေါင်းများစွာကို ဆွဲဆောင်လျှက် ရှိပါတယ်။အဲဒီမံမီရဲ့ အမည်ကိုတော့ ပါလာမိုရဲ့ အိပ်ပျော်နေတဲ့အလှ(Sleeping Beauty of Palermo) လို့ နာမည်ပေးထားပါတယ်။ သူ့မ ရဲ့နာမည် အရင်းကတော့ ရိုစီလာလွန်ဘာဒိုပဲ ဖြစ်ပါတယ်။ သူမဟာ အသက်၂နှစ်အရွယ် ၊ ဒီဇင်ဘာ၆ရက် ၁၉၂၀ခုနှစ် တည်းကနမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ တာဖြစ်ပါတယ်။

သမီးဖြစ်သူ ရုတ်တရက် သေဆုံး သွားတော့သူမ ရဲ့အဖေဖြစ်တဲ့ မာရီယို လွန်ဘာဒိုဟာ အလွန်ပဲ ထိခိုက်ကြေကွဲ ခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သူ့သမီးလေးရဲ့ ရုပ်အလောင်းကို ပုံစံမပျက်ရှိနေအောင် လုပ်ပေးဖို့ အတွက် ဓာတုဗေဒ ပါမောက္ခအဲဖာဒိုဆလာဖီယာ(Alfredo Salafia) ကို တောင်းဆို ခဲ့ပါတယ်။ ဆလာဖီယာက လည်း ကူတတ်ကျွမ်းတဲ့ပညာနဲ့ ကူညီပေးခဲ့ပါတယ်။ ဆလာဖီယာရဲ့နည်းပညာဟာ အံသြလောက်အောင် ကောင်းမွန် ခဲ့ပါတယ်။ အလောင်းနဲ့အတူ မှတ်တမ်းတင်ထားတဲ့စာအရ ဆလာဖီယာရဲ့ ဆေးစိမ်မှုမှာ ဂလစ်ဆရင်း ၊ ဖော်မလင် ၊ ဇင့်ဆာလဖိတ် ၊ ကလိုရိုက် နဲ့ ဆာလဖျူရစ် အက်ဆစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

နှစ် ၁၀၀ နီးပါး ဖြတ်ကျော်ခဲ့ပြီး တာတောင် ကလေးငယ် ရဲ့ ရုပ်အလောင်းဟာ သေဆုံးစကပုံသဏ္ဍာန်လိုပဲ ရှိနေဆဲဖြစ်ပါတယ်။ အပြင်ကိုယ်ခန္ဓာတင်မဟုတ်အတွင်းဘက်အင်္ဂါတွေကပါ ပုံစံမပျက်မယွင်းရှိနေသေးတယ်လို့ Xray နဲ့ သူမအလောင်းကို စစ်ဆေးတဲ့အခါ တွေ့ရှိခဲ့ရပါတယ်။ သူမရဲ့လှပပြီး အပြစ်ကင်းတဲ့မျက်နှာ၊ ဖဲကြိုးပြားနဲ့ချည်ထားတဲ့ ဆံပင်ကောက်ကလေးတွေဟာ လည်း အရင်အတိုင်းရှိနေပါသေးတယ်။ အမှတ်တမဲ့ကြည့်ရင်၂နှစ်အရွယ်ကလေးငယ် အိပ်နေတယ်လို့ပဲ ထင်ရမှာပါ။ သူမရဲ့ ဆေးစိမ်ထားတဲ့ခန္ဓာကိုယ်ကို အဲဒီအချိန်ကတည်းက သချႋုင်းက မှန်ပြားနဲ့ အုပ်ထားတဲ့ သစ်သားအခေါင်းထဲမှာ ထားခဲ့ပြီး အ ခု အချိန်အထိဆိုရင် နှစ်ပေါင်း ၁၀၀ ပြည့်တော့မှာ ဖြစ် ပါတယ်။

သူမဟာ ကတ်ပူချင်သချႋုင်းမှာ နောက်ဆုံးအနေနဲ့ ထားခွင့် ရှိသူလည်းဖြစ်ပါတယ်။ အထူးဆန်းဆုံးကတော့ အခုထက်တိုင် သူမရဲ့ မျက်လုံးအစုံဟာ များသောအားဖြင့်နေ့ဘက်တွေမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတယ် ဆိုတာပါပဲ။ပညာရှင်တွေကတော့ မြေအော်သချႋုင်းဟာ အလင်းရောင်နည်းတဲ့အတွက် ဧည့်သည်တွေ ရောက်လို့ မီးဖွင့်လိုက်တဲ့ အခါ မျက်လုံးကြွက်သား က တုန့်ပြန်ပြီး မျက်တောင် ခတ်ရတာလို့ ဆိုပါတယ်။ အလောင်း ကို ဆက်လက်ပြီး မပျက်စီးစေဖို့အတွက် နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ကာကွယ်ပေးထားပါတယ်။

နှစ်ပေါင်း ဒီလောက်ကြာတာတောင် ပုံမှန်အတိုင်း ရှိနေဆဲ ဖြစ်တဲ့အတွက် တချို့ကတော့ အတုအယောင် ဖန်တီးထားတယ်လို့ ထင်ကြပါတယ်။ ဒီလိုထင်ကြသူ အားလုံးရဲ့ အထင်ကို ချေဖျက်ခဲ့သူက ကမ္ဘာကျော် National Geographic မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ သဘာဝ နဲ့ သိပ္ပံဆိုင်ရာဖြစ်ရပ်တွေကို သုတေသန လုပ်ပြီး ရေးသားတဲ့ ဒီမဂ္ဂဇင်းက ပညာရှင်တွေဟာ ရိုစီလာရဲ့ မံမီ အတွင်းအပြင်ဘက်ကို MIR စစ်ဆေးခဲ့ပြီးနောက် လုံးဝအမှန်အကန်ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

Credit Thutazone

Add a Comment

Your email address will not be published. Required fields are marked *

3 × five =