



unicode

အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားရတဲ့ အပြင် ဝင်ငွေပါ မရှိတော့တာကြောင့် ငွေရေးကြေးရေး အတွက်စိုးရိမ်နေရတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ အဆိုတော်သားငယ်

အဆိုတော် သားငယ်ကတော့ Myanmar Idol Season 2 ရဲ့ Winner တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်း ကို ရရှိထားတာပဲဖြစ်ပါတယ်.. သားငယ်ကတော့ လက်ရှိမှာ ကိုဗစ် ၁၉ ကြောင့် အနုပညာလှုပ်ရှားမှုတွေရပ်နားထားရတဲ့အပြင်
ဝင်ငွေပါမရှိတော့တာကြောင့် ငွေရေးကြေးရေးအတွက်ရော ကိုယ့်ဂီတလမ်းကြောင်းအတွက်ပါ စိုးရိမ်စိတ်ဝင်လာမိတယ်လို့ ဆိုလာခဲ့တာပါ

သားငယ်က ” “ပွဲတွေ တောက်လျှောက် ဆိုနေရင်း COVID-19 ကြောင့် Stay Home နေလိုက်ရတော့ ငွေရေး ကြေးရေး အတွက် ရော ၊ ကိုယ့် ဂီတ လမ်းကြောင်း အတွက် ပါ စိုးရိမ်စိတ် ဝင်လာမိတယ်။ ပိုက်ဆံ ဝင်နေတဲ့ အချိန်မှာ ပိုက်ဆံကို မသုံးသင့်ဘဲ သုံးခဲ့မိတယ်။ အနုပညာ အလုပ် အပြင် စီးပွားရေး တစ်ခု လောက် လုပ်ထား သင့်တယ်” လို့ ပြောလာတဲ့ အဆိုတော် သားငယ်က ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်

ဂီတလောကအနေနဲ့ အခုလိုအချိန်မှာ အများကြီး ရုန်းကန်နေရသလို အရည်အသွေးကောင်းပေမယ့် ဖြစ်သင့်သလောက် ဖြစ်မလာတာတွေ အများကြီးရှိနေတယ်လို့လည်း ပြောပြလာခဲ့တာပါ ဒါကတော့ Covid 19 ကာလမှာ ခက်ခဲနေတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ သားငယ်ပဲ ဖြစ်ပါတယ်နော် အားလုံး လည်း သားငယ်ကို အားပေးစကား လေးတွေ ပြောခဲ့ကြပါအုန်းနော်

Add a Comment

Your email address will not be published. Required fields are marked *

16 − 6 =