




unicode

မျက်နှာလေးက ဘယ်အချိန် ကြည့်ကြည့် အေးချမ်းနေပြီး စိတ်ထား ပြည့်ဝလွန်းတဲ့ ဖြူဖြူထွေး

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာ ရရှိနေပြီလည်း ဖြစ်ပါတယ်. ။ ထင်မှတ်မထားလောက်တဲ့ အောင်မြင်မှုတွေကို ရရှိထားတဲ့ ဖြူဖြူထွေးက အလှူအတန်းတွေကိုလည်း အားတက်သရော လှူဒါန်းလုပ်ကိုင်တက်တာ ကိုလည်း တွေ့ရပါတယ်။ ဖြူဖြူထွေးက ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုမရှိ ပြောဆို ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်မလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။

ဖြူဖြူထွေးက လတ်တလောအနုပညာ လှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး ဝါရင့် ဇာတ်ပို့သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ စိတ်သဘောထားပြည့်ဝပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးက အနုပညာလောကမှာ အောင်မြင်မှုများစွာကို တခဲနက် ရရှိထားတာပါ။ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက ယခုမှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

ဖြူဖြူထွေးက မြန်မာဆန်တဲ့ ဖက်ရှင်လေး နဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးနေပြီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ဖြူဖြူထွေးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ မြင်သူတိုင်းကို အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Source – Phyu Phyu Htwe’s facebook account

Add a Comment

Your email address will not be published. Required fields are marked *

11 + 10 =