စတိုးဆိုင် ကို ဖရဲသီး အခွံစွပ်ပြီး ဓားပြတိုက် ခဲ့တဲ့ အမျိုးသားနှစ်ဦး အဖမ်းခံရ

စတိုးဆိုင် ကို ဖရဲသီး အခွံစွပ်ပြီး ဓားပြတိုက် ခဲ့တဲ့ အမျိုးသားနှစ်ဦး အဖမ်းခံရ

စတိုးဆိုင်ကို ဓားပြ ဝင်တိုက်တဲ့ အမှုတော်တော်များများကို လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ တစ်ချို့ဓားပြတွေက မျက်နှာကို ပုဝါစည်းပြီး ဓားပြတိုက်ခဲ့သလို တစ်ချို့တွေကတော့ CCTV ကနေကြည့်ရင် မျက်နှာကို မနြင်အောင် ခေါင်းစွပ်အကြီးတွေ စွပ်ပြီး ဓားပြတိုက်လေ့ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံ၊ Virginia ပြည်နယ်မှာ စတိုးဆိုင်ကို ဓားပြဝင်တိုက်တဲ့ အမျိုးသားနှစ်ယောက်ဟာ ဖရဲသီးကို အတွင်းသားတွေထုတ်ပြီး မျက်လုံးနေရာအတွက် အပေါက်ဖောက်ကာ ဖရဲသီးအခွံကို ခေါင်းမှာစွပ်ပြီး ဓားပြတိုက်ခဲ့ကြောင်း Foxnews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Virginia ပြည်နယ် ရှိ Lousia မြို့က စတိုးဆိုင်တစ်ဆိုင်ကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က အမျိုးသားနှစ်ယောက်ဟာ ဓားပြတိုက်ဖို့ ရောက်လာခဲ့ကြပါတယ်။ CCTV မှတ်တမ်းအရ အဆိုပါအမျိုးသားနှစ်ယောက်ဟာ ၂၀၀၆ ခုနှစ်ထုတ် Toyota Tacoma ကားအမျိုးအစားကို စီးလာခဲ့ ကြပါတယ်။

ဆိုင်အတွင်းကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ အဆိုပါ အမျိုးသားနှစ်ယောက်ဟာ ဖရဲသီးအခွံ ကိုခေါင်းမှာ စွပ်ပြီး ရုပ်ဖျက်ကာ ဓားပြတိုက်ခဲ့ကြပါတယ်။ ဆိုင်အရောင်းစာရေးဆီက ရောင်းရတဲ့ ပိုက်ဆံတွေ ယူပြီးတဲ့အချိန်မှာတော့ အဆိုပါအမျိုးသားနှစ်ယောက်လုံး ကားမောင်းပြီး ထွက်ပြေးသွားကြပါတယ်။CCTV မှတ်တမ်းထဲမှာ တွေ့မြင်ရတဲ့ ကားနံပါတ်ပြား ကလည်း အတုကြီးဖြစ် တာကြောင့် ရဲတွေခမျာမှာ သဲလွန်စမရခဲ့သလို မျက်နှာတွေလည်း မတွေ့ခဲ့ရတာကြောင့် ချက်ချင်းမဖမ်းဆီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီဓားပြတိုက်သွားတဲ့ သတင်းကို တွေ့တဲ့ ပြည်သူတစ်ဦးကတော့ ရဲစခန်းကို အဲဒီဓားပြနှစ်ယောက်အကြောင်း သတင်းပေးပြီးတော့ မကြာခင်မှာပဲ ရဲတွေက အဆိုပါဓားပြနှစ်ယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီလိုအဖမ်းခံခဲ့ရတာကလည်း အဆိုပါဓားပြနှစ်ယောက် ဉာဏ်နည်းခဲ့ကြလို့ပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှစ်ဦးဟာ ဓားပြမတိုက်ခင် ဖရဲခွံခေါင်းမှာစွပ်ထားတဲ့ ဓာတ်ပုံကို Facebokk ပေါ်မှာ တင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ရဲတွေကို သတင်းပေးလိုက်တဲ့သူကတော့ အဆိုပါ ဓားပြနှစ်ယောက် Facebook မှာ တင်ထားတဲ့ ပုံကို တွေ့ပြီး သတင်းပေးနိုင် ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

2 + 19 =