




unicode

သူမကို အကောင်းဆုံး ပြုပြင်လမ်းညွှန်ပေးတဲ့ ကိုကို ရဲ့စကားကို မြေဝယ်မကျ နားထောင်ကြောင်း သက်သေပြလာတဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင် ထားပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် တေးသီချင်းတွေများစွာကို သီဆိုခဲ့သလို ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေက ပြီးခဲ့တဲ့နှစ်တွေမှာ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲလာပြီး ဝလာခဲ့တာကြောင့် ဝိတ်ချဖို့ ကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ သူမရဲ့ စိတ်တွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ကိုကိုကြောင့် ကြိုးစားနေကြောင်းကို ပြောလာပါတယ်။

“ကိုကို ကပြော တယ် ဒီလို diet plan နဲ့ စားရင် ၁နပ်ကို ၁သောင်းပေးမယ်တဲ့။ Breakfast မပါ ၂ နပ်ဆိုရင် ၂သောင်းပေါ့ မဆိုးဘူးလေနော်။ ညာလို့မရဘူးနော် ဗီဒီယို ရိုက်ထားပီးပို့ပေးရတယ်။ calories လဲတွက်ပြရတယ်။ အဲ့တော့မထူးဘူး Vlog ပါ ရိုက်ထားပ လိုက်တယ်။ ဟီးဟီး” ဆိုပြီး တစ်ယောက် သောသူရဲ့ ပြုပြင်ပြောင်းလဲပေးမှုတွေကို မြေဝယ်မကျနားထောင်နေကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ သူမကို ပြုပြင်ပြောင်းလဲ ပေးမယ့် ကိုကိုကြောင့် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Athen Cho Swe’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 7 =