ဒူဘိုင္းက သန႔္ရွင္းေရးသမားေလး လမ္းေပၚ မွာ အသည္းပုံ ေရးဆြဲရျခင္းေနာက္ကြယ္ က အေၾကာင္းအရင္း

မိသားစုကို ထားရစ္ကာ ေမြးရပ္ေျမကေန စြန႔္ခြာၿပီး အျခားၿမိဳ႕၊ အျခားႏိုင္ငံမွာ အလုပ္သြား လုပ္ၾကရတဲ့လူေတြဟာ တစ္ခါတေလ အထီးက်န္သလို၊ အိမ္ကို လြမ္းသလို ခံစားရတတ္ပါတယ္။ အဲဒီလိုခံစားခ်က္ကို အျခားၿမိဳ႕၊ႏိုင္ငံမွာ အလုပ္သြားလုပ္တဲ့သူတိုင္း ခံစားမိၾကမယ္ထင္ပါတယ္။

ဒီအိႏၵိယလူမ်ိဳးသန႔္ရွင္းေရးသမား ကလည္း မိသားစုကို လြမ္းတဲ့ခံစားခ်က္ကို ခ်စ္စရာေကာင္းတဲ့ပုံစံနဲ႔ ထုတ္ျပထားပါတယ္။ ဘယ္လိုမ်ိဳးလဲဆိုရင္ သူဟာ သန႔္ရွင္းေရးလုပ္ရင္း တံျမက္စည္း၊ သစ္ခက္၊ သစ္႐ြက္ေျခာက္ေတြကို အသုံးျပဳၿပီး လမ္းမထက္မွာ အသည္းပုံေရးဆြဲ ခဲ့တာပါပဲ။

အသည္းပုံေရးဆြဲေနတဲ့သူ႔ရဲ႕ ပုံကို သတင္းဌာနတစ္ခုက ဒူဘိုင္းၿမိဳ႕လယ္ေခါင္မွာ အလွတရားကို ပုံေဖာ္ေနတဲ့ အမည္မသိအမ်ိဳးသားနဲ႔ပတ္သက္ၿပီး အရမ္းကဗ်ာဆန္တဲ့အရာတစ္ခုခုရွိပါတယ္ဆိုတဲ့စာသားနဲ႔ တင္ခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ အဲဒီပုံရဲ႕ေနာက္ကြယ္မွာ အေၾကာင္းအရင္းရွိပါတယ္။

Khaleej Times ရဲ႕သတင္း အရ အဲဒီအမ်ိဳးသားက အသက္ (၃၀) အ႐ြယ္ ရာမက္ခ်္ ဂန္ဂါရာဂ်န္ ဂန္ဒီ ျဖစ္ၿပီး ဒူဘိုင္းကုမၸဏီမွာ သန႔္ရွင္းေရးဝန္ထမ္း လုပ္ကိုင္ေနတယ္ဆိုတာပါပဲ။ သူက သစ္႐ြက္ေျခာက္ေတြကို လွည္းက်င္းတဲ့ တစ္ေန႔တာအလုပ္ကို လုပ္ေနရင္း ေျမျပင္မွာ အသည္းပုံေရးဆြဲျဖစ္ခဲ့တာပါ။ ရာမက္ခ်္က ၿပီးခဲ့ တဲ့ႏွစ္ ၾသဂုတ္လမွာ လက္ထပ္ၿပီး စက္တင္ဘာလမွာ အလုပ္လုပ္ဖို႔အတြက္ UAE ကို ေရာက္လာခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ ဇနီးနဲ႔မိသားစုကို လြမ္းတဲ့အတြက္ အသည္းပုံေရးဆြဲခဲ့တာလို႔ သိရပါတယ္။ “ကြၽန္ေတာ္ရဲ႕ဇနီး၊ မိသားစုကို လြမ္းေနတယ္။

အျခားသူေတြ ကြၽန္ေတာ့္ကို ၾကည့္ေနတာ ကြၽန္ေတာ္မသိခဲ့ဘူး။ အြန္လိုင္းမွာ ပုံျမင္ေတာ့ ကြၽန္ေတာ္အရမ္း အံ့အားသင့္ခဲ့ပါတယ္။ ဓာတ္ပုံ႐ိုက္ခံရတဲ့ေန႔က ကြၽန္ေတာ္ အိမ္အေၾကာင္း ေတြးေနတာ။ မိသားစုေတြ ဘာလုပ္ေနလဲ။ ဘယ္လိုေနၾကလဲ ဆိုၿပီး ကြၽန္ေတာ္ ေတြးေတာမိေနတာပါ။ ကြၽန္ေတာ့္ဇနီးကိုလည္း ပိုလြမ္းမိပါတယ္။ ကြၽန္ေတာ့္ဇနီးနဲ႔ (၁) လပဲ အတူေနခဲ့ရတာပါ။ အခု သူက ကြၽန္ေတာ့္မိဘေတြနဲ႔အတူ ေနပါတယ္။ ကြၽန္ေတာ္ ဒူဘိုင္းကေန အလုပ္ကမ္းလွမ္းခ်က္ရေတာ့

ခ်က္ခ်င္းပဲ အိမ္ကေန ထြက္သြားခဲ့ရပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္သည္ဘဝကို အရမ္းအၾကာႀကီး မေပ်ာ္႐ႊင္ခဲ့ရဘူး”လို႔ ရာမက္ခ်္က ေျပာပါတယ္။ သူ႔အေဖက လူႀကီးေရာဂါေၾကာင့္ ေနမေကာင္းျဖစ္ေနသလို အသက္ႀကီးေနၿပီျဖစ္တဲ့ သူ႔မိဘေတြအတြက္ စိတ္မေအးေၾကာင္းနဲ႔ သူတို႔ဆီ အလည္သြား ႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလည္း ရာမက္ခ်္က ထုတ္ေျပာခဲ့ပါတယ္။ “ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါရဲ႕႐ိုက္ခတ္မႈကို လူတိုင္းႀကဳံေတြ႕ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ လြတ္လြတ္လပ္လပ္ခရီးထြက္လို႔မရေတာ့ဘူး။

မိသားစုနဲ႔မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး လူတိုင္းစိတ္ပူၾကမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ့္မိသားစုဝင္ေတြ တစ္ေယာက္မွ COVID-19 ကူးစက္မခံရေပမယ့္ ကြၽန္ေတာ့္အေဖက အေတာ္ေလးေနမေကာင္းျဖစ္ေနပါတယ္။ အခုေတာ့ ခရီးသြားဖို႔က နည္းနည္းေတာ့ လြယ္ကူ လာပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ့္မိသားစု၊ ကြၽန္ေတာ့္ဇနီးတို႔နဲ႔ အတူတူေနႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ အိႏၵိယကို သြားေတာ့မွာပါ။ မၾကာခင္ ကြၽန္ေတာ့္မိသားစုကို ျမင္ေတြ႕ရေတာ့မွာကို သိရဖို႔အတြက္

ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္”လို႔ ရာမက္ခ်္က ေျပာပါတယ္။ ရာမက္ခ်္က အသည္းပုံကို ဝမ္းနည္းၿပီး ေရးဆြဲခဲ့တာမဟုတ္ဘဲ သူ႔ဇနီးနဲ႔မိသားစုတို႔ကို ေတြ႕ရေတာ့မွာကို စိတ္လႈပ္ရွားၿပီး စိတ္မေအးႏိုင္ျဖစ္ကာ ေရးဆြဲခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ရာမက္ခ်္ အသည္းပုံဆြဲေနတဲ့ ပုံက လူမႈကြန္ယက္မွာ ေတာ္ေတာ္ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။ ရာမက္ခ်္အေၾကာင္းကို သိသြားခဲ့တဲ့ ဒူဘိုင္းရဲ႕လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာနက သူ႔ကို ပံ့ပိုးေထာက္ပံ့တဲ့အေနနဲ႔ လက္ေဆာင္ ေပးပို႔ခဲ့တယ္လို႔လည္းသိရပါတယ္။

Crd

unicode

ဒူဘိုင်းက သန့်ရှင်းရေးသမားလေး လမ်းပေါ် မှာ အသည်းပုံ ရေးဆွဲ ရခြင်းနောက်ကွယ် က အကြောင်းအရင်း

မိသားစုကို ထားရစ်ကာ မွေးရပ်မြေကနေ စွန့်ခွာပြီး အခြားမြို့၊ အခြားနိုင်ငံမှာ အလုပ်သွား လုပ်ကြရတဲ့လူတွေဟာ တစ်ခါတလေ အထီးကျန်သလို၊ အိမ်ကို လွမ်းသလို ခံစားရတတ်ပါတယ်။ အဲဒီလိုခံစားချက်ကို အခြားမြို့၊နိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူတိုင်း ခံစားမိကြမယ်ထင်ပါတယ်။

ဒီအိန္ဒိယလူမျိုးသန့်ရှင်းရေးသမား ကလည်း မိသားစုကို လွမ်းတဲ့ခံစားချက်ကို ချစ်စရာကောင်းတဲ့ပုံစံနဲ့ ထုတ်ပြထားပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် သူဟာ သန့်ရှင်းရေးလုပ်ရင်း တံမြက်စည်း၊ သစ်ခက်၊ သစ်ရွက်ခြောက်တွေကို အသုံးပြုပြီး လမ်းမထက်မှာ အသည်းပုံရေးဆွဲ ခဲ့တာပါပဲ။

အသည်းပုံရေးဆွဲနေတဲ့သူ့ရဲ့ ပုံကို သတင်းဌာနတစ်ခုက ဒူဘိုင်းမြို့လယ်ခေါင်မှာ အလှတရားကို ပုံဖော်နေတဲ့ အမည်မသိအမျိုးသားနဲ့ပတ်သက်ပြီး အရမ်းကဗျာဆန်တဲ့အရာတစ်ခုခုရှိပါတယ်ဆိုတဲ့စာသားနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အဲဒီပုံရဲ့နောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။

Khaleej Times ရဲ့သတင်း အရ အဲဒီအမျိုးသားက အသက် (၃၀) အရွယ် ရာမက်ချ် ဂန်ဂါရာဂျန် ဂန်ဒီ ဖြစ်ပြီး ဒူဘိုင်းကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်း လုပ်ကိုင်နေတယ်ဆိုတာပါပဲ။ သူက သစ်ရွက်ခြောက်တွေကို လှည်းကျင်းတဲ့ တစ်နေ့တာအလုပ်ကို လုပ်နေရင်း မြေပြင်မှာ အသည်းပုံရေးဆွဲဖြစ်ခဲ့တာပါ။ ရာမက်ချ်က ပြီးခဲ့ တဲ့နှစ် သြဂုတ်လမှာ လက်ထပ်ပြီး စက်တင်ဘာလမှာ အလုပ်လုပ်ဖို့အတွက် UAE ကို ရောက်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဇနီးနဲ့မိသားစုကို လွမ်းတဲ့အတွက် အသည်းပုံရေးဆွဲခဲ့တာလို့ သိရပါတယ်။ “ကျွန်တော်ရဲ့ဇနီး၊ မိသားစုကို လွမ်းနေတယ်။

အခြားသူတွေ ကျွန်တော့်ကို ကြည့်နေတာ ကျွန်တော်မသိခဲ့ဘူး။ အွန်လိုင်းမှာ ပုံမြင်တော့ ကျွန်တော်အရမ်း အံ့အားသင့်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ခံရတဲ့နေ့က ကျွန်တော် အိမ်အကြောင်း တွေးနေတာ။ မိသားစုတွေ ဘာလုပ်နေလဲ။ ဘယ်လိုနေကြလဲ ဆိုပြီး ကျွန်တော် တွေးတောမိနေတာပါ။ ကျွန်တော့်ဇနီးကိုလည်း ပိုလွမ်းမိပါတယ်။ ကျွန်တော့်ဇနီးနဲ့ (၁) လပဲ အတူနေခဲ့ရတာပါ။ အခု သူက ကျွန်တော့်မိဘတွေနဲ့အတူ နေပါတယ်။ ကျွန်တော် ဒူဘိုင်းကနေ အလုပ်ကမ်းလှမ်းချက်ရတော့

ချက်ချင်းပဲ အိမ်ကနေ ထွက်သွားခဲ့ရပါတယ်။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို အရမ်းအကြာကြီး မပျော်ရွှင်ခဲ့ရဘူး”လို့ ရာမက်ချ်က ပြောပါတယ်။ သူ့အဖေက လူကြီးရောဂါကြောင့် နေမကောင်းဖြစ်နေသလို အသက်ကြီးနေပြီဖြစ်တဲ့ သူ့မိဘတွေအတွက် စိတ်မအေးကြောင်းနဲ့ သူတို့ဆီ အလည်သွား နိုင်ဖို့ မျှော်လင့်နေကြောင်းလည်း ရာမက်ချ်က ထုတ်ပြောခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ရိုက်ခတ်မှုကို လူတိုင်းကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ခရီးထွက်လို့မရတော့ဘူး။

မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတိုင်းစိတ်ပူကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မိသားစုဝင်တွေ တစ်ယောက်မှ COVID-19 ကူးစက်မခံရပေမယ့် ကျွန်တော့်အဖေက အတော်လေးနေမကောင်းဖြစ်နေပါတယ်။ အခုတော့ ခရီးသွားဖို့က နည်းနည်းတော့ လွယ်ကူ လာပါပြီ။ ဒါကြောင့် ကျွန်တော့်မိသားစု၊ ကျွန်တော့်ဇနီးတို့နဲ့ အတူတူနေနိုင်ဖို့အတွက် ကျွန်တော် အိန္ဒိယကို သွားတော့မှာပါ။ မကြာခင် ကျွန်တော့်မိသားစုကို မြင်တွေ့ရတော့မှာကို သိရဖို့အတွက်

ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ရာမက်ချ်က ပြောပါတယ်။ ရာမက်ချ်က အသည်းပုံကို ဝမ်းနည်းပြီး ရေးဆွဲခဲ့တာမဟုတ်ဘဲ သူ့ဇနီးနဲ့မိသားစုတို့ကို တွေ့ရတော့မှာကို စိတ်လှုပ်ရှားပြီး စိတ်မအေးနိုင်ဖြစ်ကာ ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရာမက်ချ် အသည်းပုံဆွဲနေတဲ့ ပုံက လူမှုကွန်ယက်မှာ တော်တော် ပျံ့နှံ့သွားခဲ့တာပါ။ ရာမက်ချ်အကြောင်းကို သိသွားခဲ့တဲ့ ဒူဘိုင်းရဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက သူ့ကို ပံ့ပိုးထောက်ပံ့တဲ့အနေနဲ့ လက်ဆောင် ပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်။

Crd

Add a Comment

Your email address will not be published. Required fields are marked *

thirteen + 5 =