ရွားပါး ဇာတ္ပိုစတာေရးနည္းျဖင့္ ေရးဆြဲ ထားသည့္ ေဒၚေအာင္ဆန္းစုၾကည္ ပုံတူ ပန္းခ်ီ

တခ်ိန္က ေခတ္စားခဲ့ၿပီး ခုကာလမွာ ေတြ႕ရနည္းလာၿပီျဖစ္တဲ့ ရွားပါး ဇာတ္ပိုစတာ ေရးနည္းနဲ႔ ေရးဆြဲထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ပုံတူ ပိုစတာ ပန္းခ်ီကားဟာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚ ေရပန္းစားေနပါတယ္။ဒီပိုစတာပုံတူပန္းခ်ီကိုေတာ့ လကၤာဒီပ အႏုပညာအင္အားစုမွ ပန္းခ်ီအႏုပညာရွင္ေတြက ဖန္တီးေရးဖြဲ႕ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီလိုေရးဖြဲ႕ပုံကိုေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၆ ရက္ေန႔က ေရးဖြဲ႕ရာ မွာ ပါဝင္သူတေယာက္ျဖစ္တဲ့ ပန္းခ်ီအႏုပညာရွင္ ေအာင္ေက်ာ္ထြန္းက ေဖ့စ္ဘြတ္ခ္ေပၚမွတဆင့္ လိုက္ဖ္လႊင့္ ျပသခဲ့တာျဖစ္ကာ ဒီကေန႔မွာေတာ့ အဆုံးသတ္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ႀကီးမားတဲ့ ပိုစတာပန္းခ်ီေတြကို တခ်ိန္ကေတာ့ ႐ုပ္ရွင္႐ုံေတြ၊ ဇာတ္ပြဲေတြ ရဲ႕ ေရွ႕ မွာ ခမ္းခမ္းနားနား ထားရွိအသုံးျပဳခဲ့ၾကၿပီး ဒီကေန႔ေခတ္မွာေတာ့ တိုးတက္ျမင့္မား လာတဲ့ နည္းပညာေတြေၾကာင့္ အသုံးျပဳမႈေတြ မေတြ႕ရသေလာက္ နည္းပါးလာခဲ့ၿပီ ျဖစ္ ပါတယ္။

ဒီလိုဖန္တီးေရးဖြဲ႕ရာမွာေတာ့ ေက်ာ္ၾကားတဲ့ ႐ုပ္ရွင္ မင္းသားမင္းသမီး၊ ဇာတ္မင္း သားေတြရဲ႕ ႐ုပ္လုံးႂကြပုံတူေတြကို အဖြဲ႕လိုက္အေနနဲ႔ အလ်ားေပ ၁၀၀ အနံေပ ၂၀ ေလာက္ထိ ႀကီးမားတဲ့ ပိုစတာေတြနဲ႔အတူ ပန္းခ်ီပညာရွင္ေတြဟာ ႐ုပ္ရွင္၊ ဇာတ္သဘင္ ေ႐ႊေခတ္တေခတ္အေနနဲ႔ ရွင္သန္ခဲ့ၾကဖူးပါတယ္။

ခုတခါမွာေတာ့ ဒီေရးဖြဲ႕ဟန္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ပုံတူဖန္တီးမႈကို တေက်ာ့ျပန္ ေလ့လာႏိုင္မွာျဖစ္ကာ ဒီပုံကို ဘယ္သူမဆို လြတ္လပ္စြာယူသုံးခြင့္ရွိေၾကာင္းလည္း ပန္းခ်ီဆရာ ေအာင္ေက်ာ္ထြန္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္ေပၚမွတဆင့္ ခုလိုေရးသား ေဖာ္ျပထားခဲ့တာကို ေတြ႕ရ ပါတယ္။“Poster ေရးတယ္ ဆိုတာ အမ်ားနဲ႔ အုပ္စုဖြဲ႕ေရးရတာမ်ိဳးပါ… လကာ္ဒီပ အႏုပညာ အင္အားစုမွ ေရးျဖစ္တဲ့ အေမစုရဲ႕ ပုံေလးအၿပီးသတ္ပါၿပီ မည္သူမဆို လြတ္လပ္စြာ ယူသုံးခြင့္ျပဳသည္… ပုံအၾကည္လိုခ်င္ပါက Viber ကပို႔ေပးသည္ 09 798231802ကို Hi ပါ”

unicode

ရှားပါး ဇာတ်ပိုစတာရေးနည်းဖြင့် ရေးဆွဲ ထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီ

တချိန်က ခေတ်စားခဲ့ပြီး ခုကာလမှာ တွေ့ရနည်းလာပြီဖြစ်တဲ့ ရှားပါး ဇာတ်ပိုစတာ ရေးနည်းနဲ့ ရေးဆွဲထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပိုစတာ ပန်းချီကားဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။ဒီပိုစတာပုံတူပန်းချီကိုတော့ လင်္ကာဒီပ အနုပညာအင်အားစုမှ ပန်းချီအနုပညာရှင်တွေက ဖန်တီးရေးဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုရေးဖွဲ့ပုံကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရေးဖွဲ့ရာ မှာ ပါဝင်သူတယောက်ဖြစ်တဲ့ ပန်းချီအနုပညာရှင် အောင်ကျော်ထွန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် လိုက်ဖ်လွှင့် ပြသခဲ့တာဖြစ်ကာ ဒီကနေ့မှာတော့ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ကြီးမားတဲ့ ပိုစတာပန်းချီတွေကို တချိန်ကတော့ ရုပ်ရှင်ရုံတွေ၊ ဇာတ်ပွဲတွေ ရဲ့ ရှေ့ မှာ ခမ်းခမ်းနားနား ထားရှိအသုံးပြုခဲ့ကြပြီး ဒီကနေ့ခေတ်မှာတော့ တိုးတက်မြင့်မား လာတဲ့ နည်းပညာတွေကြောင့် အသုံးပြုမှုတွေ မတွေ့ရသလောက် နည်းပါးလာခဲ့ပြီ ဖြစ် ပါတယ်။

ဒီလိုဖန်တီးရေးဖွဲ့ရာမှာတော့ ကျော်ကြားတဲ့ ရုပ်ရှင် မင်းသားမင်းသမီး၊ ဇာတ်မင်း သားတွေရဲ့ ရုပ်လုံးကြွပုံတူတွေကို အဖွဲ့လိုက်အနေနဲ့ အလျားပေ ၁၀၀ အနံပေ ၂၀ လောက်ထိ ကြီးမားတဲ့ ပိုစတာတွေနဲ့အတူ ပန်းချီပညာရှင်တွေဟာ ရုပ်ရှင်၊ ဇာတ်သဘင် ရွှေခေတ်တခေတ်အနေနဲ့ ရှင်သန်ခဲ့ကြဖူးပါတယ်။

ခုတခါမှာတော့ ဒီရေးဖွဲ့ဟန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပုံတူဖန်တီးမှုကို တကျော့ပြန် လေ့လာနိုင်မှာဖြစ်ကာ ဒီပုံကို ဘယ်သူမဆို လွတ်လပ်စွာယူသုံးခွင့်ရှိကြောင်းလည်း ပန်းချီဆရာ အောင်ကျော်ထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသား ဖော်ပြထားခဲ့တာကို တွေ့ရ ပါတယ်။“Poster ရေးတယ် ဆိုတာ အများနဲ့ အုပ်စုဖွဲ့ရေးရတာမျိုးပါ… လကာ်ဒီပ အနုပညာ အင်အားစုမှ ရေးဖြစ်တဲ့ အမေစုရဲ့ ပုံလေးအပြီးသတ်ပါပြီ မည်သူမဆို လွတ်လပ်စွာ ယူသုံးခွင့်ပြုသည်… ပုံအကြည်လိုချင်ပါက Viber ကပို့ပေးသည် 09 798231802ကို Hi ပါ”

Add a Comment

Your email address will not be published. Required fields are marked *

nine + six =