က်ဴရွင္ သင္တဲ့ ဆရာ/ဆရာမ ေတြကို သဘာဝ ေဘးအႏၲရာယ္ ကာကြယ္ တားဆီးေရးဥပေဒအရ အေရးယူမယ္

က်ဴရွင္သင္တဲ့အေပၚ ဌာနဆိုင္စုံစမ္း စစ္ေဆးေရးအဆင့္ဆင့္ျပဳလုပ္ကာ အေရးယူေနတာျဖစ္ပါတယ္။ေက်ာင္းခ်ိန္ျပင္ပမွာ က်ဴရွင္သင္ၾကားတဲ့ ပညာေရးဝန္ထမ္းေက်ာင္းဆရာ/ဆရာမေတြကို ကိုဗစ္ကာလထုတ္ျပန္ၫႊန္ၾကားခ်က္နဲ႔ အညီသဘာဝေဘးအႏၲရာယ္ကာကြယ္ တားဆီးေရးဥပေဒအရ အေရးယူသြားမွာျဖစ္တယ္လို႔အေျခခံပညာဦးစီးဌာနကသိရပါတယ္။ေက်ာင္းအုပ္ေတြအေနနဲ႔ လည္း သက္ဆိုင္ရာ ပညာေရးဝန္ထမ္းဆရာ/ဆရာမေတြက်ဳရွင္သင္ၾကားပါက သဘာဝေဘးအႏၲရာယ္ကာကြယ္တားဆီးေရး ဥပေဒအရအေရးယူျခင္းခံရမယ့္ဆို တာကို သိရွိၿပီးလိုက္နာ ေဆာင္႐ြက္မယ့္အေၾကာင္း ဝန္ခံကတိလက္မွတ္ေရးထိုးရမွာျဖစ္ပါတယ္။သိရွိလိုက္နာမည္ျဖစ္ေၾကာင္းကိုေတာ့ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးကို ျပန္လည္ေပးပို႔ရမယ္လို႔သိရပါတယ္။

“က်ဴရွင္ျပႆနာက အဓိကၿမိဳ႕ႀကီးေတြ မွာျဖစ္တယ္။ ပမာဏကိုၾကည့္မယ္ဆိုရင္ေတာကနည္းတယ္။ ရန္ကုန္ဆိုတိုင္စာေရာက္တယ္ ေက်ာင္းသားကို က်ဴရွင္မတက္လို႔ဆိုၿပီး တိုင္စာတက္တယ္။အဲ့ဒါမ်ိဳးေတြအေရးယူရတယ္။ ပညာေရးဝန္ႀကီးဌာန ကေတာ့က်ဴရွင္သင္တာကိုအားမေပးပါဘူး။က်ဴရွင္မတက္လို႔ ခြဲျခားဆက္ဆံတယ္ သင္ၾကားရမယ့္ဟာေတြကို မသင္ၾကားေပးဘူး လုပ္တယ္ဆိုၿပီး မိဘက တိုင္ၾကားလာရင္ အေရးယူတာေတြရွိတယ္။ ခုလည္းရွိတယ္။ခုကိုဗစ္ကာလမွာေတာ့ ပိုတင္းၾကပ္လိုက္ တာျဖစ္တယ္။”လို႔အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းကေျပာပါတယ္။

က်ဴရင္ ျပႆနာဟာ ေက်းလက္ ေတာ႐ြာေတြမွာ အရင္ကထက္ ေလ်ာ့နည္းသြားေပမယ့္ ၿမိဳ႕ႀကီးျဖစ္တဲ့ ရန္ကုန္အပါအဝင္ မႏၲေလး ၊ ခ႐ိုင္အလိုက္ ၿမိဳ႕နယ္ေတြမွာေတာ့ခုခ်ိန္ အထိ မေပ်ာက္ကင္းႏိုင္ေသးဘူးလို႔ ဆိုပါတယ္။ “က်ဴရွင္ကို အားေပးတာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ခုက ကိုဗစ္ျဖစ္ေတာ့ ေက်ာင္းကလည္း မဖြင့္ေသးဘူး။ သူတို႔ ဆရာမကလည္းက်ဴရွင္ဖြင့္ေနၿပီ ကေလးေတြကတက္ခ်င္ေနေတာ့ထားလိုက္တယ္။တစ္လကို ၅၀၀၀ ေပးရတယ္။ အန္တီေျမးေလးက ၄ တန္းတက္ရမွာပါ။”လို႔ ျပည္ၿမိဳ႕နယ္ထဲက ေက်း႐ြာတစ္ခုမွာေနထိုင္သူ ေဒၚသန္းသန္း ကေျပာပါတယ္။

ကိုဗစ္ကာလမတိုင္မီအခ်ိန္က က်ဴရွင္သင္တဲ့ အေပၚ တိုင္ၾကားမႈေတြနဲ႔ပတ္သက္ၿပီး ကနဦးစုံစမ္းစစ္ေဆးေရးျပဳလုပ္ၿပီး ဌာနဆိုင္စုံစမ္းစစ္ေဆးေရးအဆင့္ဆင့္ျပဳလုပ္ကာ အေရးယူေနတာျဖစ္ပါတယ္။ ျပစ္ဒဏ္ကိုေတာ့ က်ဴးလြန္တဲ့ လုပ္ရပ္အေပၚမူတည္ ခ်မွတ္တာျဖစ္ၿပီး ေက်ာင္းသားအခ်င္းခ်င္းခြဲျခားဆက္ဆံတာ ၊က်ဴရွင္သင္တာ မွန္ကန္ရင္ ကနဦး အျဖစ္စာနဲ႔သတိေပးၿပီး ထပ္မံက်ဴးလြန္ခဲ့ရင္ျဖစ္ေစ ၊ေက်ာင္းသူေက်ာင္းသားအေပၚ ျပင္းထန္တဲ့လုပ္ရပ္တစ္ခုခုလုပ္ခဲ့ရင္ ရာထူးေလွ်ာ့ျခင္း ၊ ႏွစ္တိုးရပ္ျခင္း ၊ ေနရာေျပာင္းျခင္းစတဲ့ျပစ္ဒဏ္ေတြခ်မွတ္တယ္လို႔သိရပါတယ္။

Credit Duwun

unicode

ကျူရှင် သင်တဲ့ ဆရာ/ဆရာမ တွေကို သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေးဥပဒေအရ အရေးယူမယ်

ကျူရှင်သင်တဲ့အပေါ် ဌာနဆိုင်စုံစမ်း စစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ကျောင်းချိန်ပြင်ပမှာ ကျူရှင်သင်ကြားတဲ့ ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမတွေကို ကိုဗစ်ကာလထုတ်ပြန်ညွှန်ကြားချက်နဲ့ အညီသဘာဝဘေးအန္တရာယ်ကာကွယ် တားဆီးရေးဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့အခြေခံပညာဦးစီးဌာနကသိရပါတယ်။ကျောင်းအုပ်တွေအနေနဲ့ လည်း သက်ဆိုင်ရာ ပညာရေးဝန်ထမ်းဆရာ/ဆရာမတွေကျုရှင်သင်ကြားပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဥပဒေအရအရေးယူခြင်းခံရမယ့်ဆို တာကို သိရှိပြီးလိုက်နာ ဆောင်ရွက်မယ့်အကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။သိရှိလိုက်နာမည်ဖြစ်ကြောင်းကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ မြို့နယ်ပညာရေးမှူးရုံးကို ပြန်လည်ပေးပို့ရမယ်လို့သိရပါတယ်။

“ကျူရှင်ပြဿနာက အဓိကမြို့ကြီးတွေ မှာဖြစ်တယ်။ ပမာဏကိုကြည့်မယ်ဆိုရင်တောကနည်းတယ်။ ရန်ကုန်ဆိုတိုင်စာရောက်တယ် ကျောင်းသားကို ကျူရှင်မတက်လို့ဆိုပြီး တိုင်စာတက်တယ်။အဲ့ဒါမျိုးတွေအရေးယူရတယ်။ ပညာရေးဝန်ကြီးဌာန ကတော့ကျူရှင်သင်တာကိုအားမပေးပါဘူး။ကျူရှင်မတက်လို့ ခွဲခြားဆက်ဆံတယ် သင်ကြားရမယ့်ဟာတွေကို မသင်ကြားပေးဘူး လုပ်တယ်ဆိုပြီး မိဘက တိုင်ကြားလာရင် အရေးယူတာတွေရှိတယ်။ ခုလည်းရှိတယ်။ခုကိုဗစ်ကာလမှာတော့ ပိုတင်းကြပ်လိုက် တာဖြစ်တယ်။”လို့အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကပြောပါတယ်။

ကျူရင် ပြဿနာဟာ ကျေးလက် တောရွာတွေမှာ အရင်ကထက် လျော့နည်းသွားပေမယ့် မြို့ကြီးဖြစ်တဲ့ ရန်ကုန်အပါအဝင် မန္တလေး ၊ ခရိုင်အလိုက် မြို့နယ်တွေမှာတော့ခုချိန် အထိ မပျောက်ကင်းနိုင်သေးဘူးလို့ ဆိုပါတယ်။ “ကျူရှင်ကို အားပေးတာတော့မဟုတ်ဘူး။ ဒါပေမယ့်ခုက ကိုဗစ်ဖြစ်တော့ ကျောင်းကလည်း မဖွင့်သေးဘူး။ သူတို့ ဆရာမကလည်းကျူရှင်ဖွင့်နေပြီ ကလေးတွေကတက်ချင်နေတော့ထားလိုက်တယ်။တစ်လကို ၅၀၀၀ ပေးရတယ်။ အန်တီမြေးလေးက ၄ တန်းတက်ရမှာပါ။”လို့ ပြည်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာနေထိုင်သူ ဒေါ်သန်းသန်း ကပြောပါတယ်။

ကိုဗစ်ကာလမတိုင်မီအချိန်က ကျူရှင်သင်တဲ့ အပေါ် တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး ဌာနဆိုင်စုံစမ်းစစ်ဆေးရေးအဆင့်ဆင့်ပြုလုပ်ကာ အရေးယူနေတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကိုတော့ ကျူးလွန်တဲ့ လုပ်ရပ်အပေါ်မူတည် ချမှတ်တာဖြစ်ပြီး ကျောင်းသားအချင်းချင်းခွဲခြားဆက်ဆံတာ ၊ကျူရှင်သင်တာ မှန်ကန်ရင် ကနဦး အဖြစ်စာနဲ့သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင်ဖြစ်စေ ၊ကျောင်းသူကျောင်းသားအပေါ် ပြင်းထန်တဲ့လုပ်ရပ်တစ်ခုခုလုပ်ခဲ့ရင် ရာထူးလျှော့ခြင်း ၊ နှစ်တိုးရပ်ခြင်း ၊ နေရာပြောင်းခြင်းစတဲ့ပြစ်ဒဏ်တွေချမှတ်တယ်လို့သိရပါတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *

4 + 20 =