crd : bagosar
unicode
မန္တလေး ပြည်ကြီး တံခွန်က မြေကိစ္စ အရှုပ်တော်ပုံ (ရုပ်/သံ)
မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်(ဇ)ရပ်ကွက် နန(၂၆)အိမ်အမှတ်(၁၀)အိမ်ဝင်းထဲတွင် ဝင်နေသူတွေ မရှိခင် ၃၀.၇.၂၀၂၀ ရက်နေ့နံနက် (5:00)လောက်က တရုတ်များက အလုပ်သမားတွေလွှတ်ပြီး ခြံဝင်းခတ်ခိုင်းတယ်ဆိုပြီး video ဖိုင်တက်လာပါတယ်။
အခုလိုပြဿနာတွေ ကလည်း မြောက်မြားစွာတွေ့နေ၊ ကြားနေရတော့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်တော့ video ကြည့်ရုံ နဲ့ မဝေဖန်လိုပါဘူး။
တရားဥပဒေအရ ပိုင်ဆိုင်မှု အထောက်အထားပြနိုင်ရင် ဘယ်သူ့အပိုင်ဆိုတာသိပြီး ပြီးသွားမယ့်ကိစ္စပါ။ နိုင်ငံရေး လူမျိုးရေးတွေ တော့ ဆွဲမထည့်စေလိုပါ။
မြန်မာနိုင်ငံမှာ အခုလို မြေကိစ္စအငြင်းပွားဖွယ်ရာဖြစ်ပွားမှုတွေ မကြာခဏဆိုသလို ပေါ်ပေါက်နေနေကြပါ။ နောင်အနာဂတ် မှာ အခုလိုမျိုး ပြဿနာတွေကို ကောင်းမွန်စွာကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
crd : bagosar