မထင္မွတ္တဲ့ သူမရဲ႕အမွားတစ္ခုကို ပရိတ္ သတ္မ်ားခြင့္လႊတ္ေပးဖို႔ ေတာင္းပန္လိုက္တဲ့ ျဖဴျဖဴေထြး

ခ်စ္စရာေကာင္းၿပီး ဂဝရတရားအျပည့္ ရွိၿပီး ႐ိုးသားေဖာ္ေ႐ြလြန္းတဲ့ ျဖဴျဖဴေထြးကိုေတာ့ လူႀကီး လူငယ္ ပရိသတ္မေ႐ြး ခ်စ္ခင္ၿပီးသား ျဖစ္မွာပါ။ သူမဟာ ဆင္းရဲခ်ိဳ႕တဲ့တဲ့ ေက်ာင္းသူတစ္ေယာက္အျဖစ္ကေန အြန္လိုင္းဆယ္လီတစ္ေယာက္အျဖစ္ ေက်ာ္ၾကားလာခဲ့ၿပီး အခုဆိုရင္ ကိုယ္ပိုင္တိုက္၊ ကိုယ္ပိုင္ကား တို႔နဲ႔ ေအာင္ျမင္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေအာင္ျမင္လာတာနဲ႔အမွ် အလႉအတန္းေတြ ကို ရက္ရက္ေရာေရာ ျပဳလုပ္လာတဲ့ ျဖဴျဖဴေထြးက ႐ုပ္ရွင္ နယ္ပယ္က ဝါရင့္ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္ႀကီးေတြကိုလည္း ဂါရဝျပဳတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးေတြမရွိတဲ့ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ေတြကို သူမရဲ႕ အြန္လိုင္းေၾကာ္ျငာေတြမွာ ထည့္သြင္း အသုံးျပဳၿပီး ေခၚ႐ိုက္ေလ့ရွိသလို ။

ေငြသား၊ ဆန္၊ ဆီ၊ ဆားတို႔နဲ႔ ဂါရဝျပဳကန္ေတာ့ေလ့ ရွိတဲ့ ျဖဴျဖဴေထြးဟာ ဒီကေန႔မွာေတာ့ ဝါဝါေအာင္၊ ေအာင္ခိုင္ အစရွိတဲ့ သ႐ုပ္ေဆာင္ႀကီးေတြကိုလည္း ကန္ေတာ့ခဲ့ပါတယ္။ ျဖဴျဖဴေထြးက ဝါရင့္ဇာတ္ပို႔ႀကီးေတြကို ဝမ္းသာအားရကန္ေတာ့ရင္း ေျခအိတ္မခြၽတ္မိတဲ့သူမ အျဖစ္ေလးကို “ေျခအိတ္ခြၽတ္ဖို႔ေတာင္ ေမ့သြားေသာမိမိအျဖစ္ 😢” ဆိုၿပီး ခြင့္လႊတ္ေပးဖို႔ ေျပာ ထားပါတယ္။

သူမရဲ႕ မထင္မွတ္ထားတဲ့ အမွား တစ္ခုေၾကာင့္ ပရိသတ္ေတြကို အထင္အျမင္မလြဲေစရေအာင္ ေျပာထားတာပဲ ျဖစ္ပါတယ္ ဘာပဲျဖစ္ျဖစ္ ပရိသတ္ေတြကေတာ့ ျဖဴျဖဴေထြးကို အရင္အတိုင္းခ်စ္ၿမဲ ခ်စ္ဆဲပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလး တစ္ရက္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါ တယ္ေနာ္။

uniocde

မထင်မှတ်တဲ့ သူမရဲ့အမှားတစ်ခုကို ပရိတ် သတ်များခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်တဲ့ ဖြူဖြူထွေး

ချစ်စရာကောင်းပြီး ဂဝရတရားအပြည့် ရှိပြီး ရိုးသားဖော်ရွေလွန်းတဲ့ ဖြူဖြူထွေးကိုတော့ လူကြီး လူငယ် ပရိသတ်မရွေး ချစ်ခင်ပြီးသား ဖြစ်မှာပါ။ သူမဟာ ဆင်းရဲချို့တဲ့တဲ့ ကျောင်းသူတစ်ယောက်အဖြစ်ကနေ အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပြီး အခုဆိုရင် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကား တို့နဲ့ အောင်မြင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အောင်မြင်လာတာနဲ့အမျှ အလှူအတန်းတွေ ကို ရက်ရက်ရောရော ပြုလုပ်လာတဲ့ ဖြူဖြူထွေးက ရုပ်ရှင် နယ်ပယ်က ဝါရင့်ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေကိုလည်း ဂါရဝပြုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေမရှိတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကို သူမရဲ့ အွန်လိုင်းကြော်ငြာတွေမှာ ထည့်သွင်း အသုံးပြုပြီး ခေါ်ရိုက်လေ့ရှိသလို ။

ငွေသား၊ ဆန်၊ ဆီ၊ ဆားတို့နဲ့ ဂါရဝပြုကန်တော့လေ့ ရှိတဲ့ ဖြူဖြူထွေးဟာ ဒီကနေ့မှာတော့ ဝါဝါအောင်၊ အောင်ခိုင် အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကိုလည်း ကန်တော့ခဲ့ပါတယ်။ ဖြူဖြူထွေးက ဝါရင့်ဇာတ်ပို့ကြီးတွေကို ဝမ်းသာအားရကန်တော့ရင်း ခြေအိတ်မချွတ်မိတဲ့သူမ အဖြစ်လေးကို “ခြေအိတ်ချွတ်ဖို့တောင် မေ့သွားသောမိမိအဖြစ် 😢” ဆိုပြီး ခွင့်လွှတ်ပေးဖို့ ပြော ထားပါတယ်။

သူမရဲ့ မထင်မှတ်ထားတဲ့ အမှား တစ်ခုကြောင့် ပရိသတ်တွေကို အထင်အမြင်မလွဲစေရအောင် ပြောထားတာပဲ ဖြစ်ပါတယ် ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ဖြူဖြူထွေးကို အရင်အတိုင်းချစ်မြဲ ချစ်ဆဲပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေး တစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 7 =