




crd : panpyoelat

unicode

ခွဲစိတ်စရာ မလိုပဲ သုံးမွှာပူးမွေးဖွား ခဲ့သည့် မိခင်နှင့် ကလေးများအား နိုင်ငံတော် မှ ဆုငွေ ၅သိန်း ထောက်ပံ့

ခွဲစိတ်စရာမလိုပဲ သုံးမွှာပူးမွေးဖွား ခဲ့သည့် မိခင်နှင့် ကလေးများအား နိုင်ငံတော်မှ ဆုငွေ ၅သိန်း ထောက်ပံ့သုံးမွှာပူးနှင့်အထက် မွေးဖွားသော မိခင်နှင့်ကလေးများအား မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့သည့်ဆုငွကျပ် ၅ သိန်းအား သုံးမွှာပူး မွေးဖွားခဲ့သည့် မိခင်နှင့်ကလေးများအတွက် ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် ကုတင် ၂၀၀ ဆေးရုံကြီးတွင် ဒေါက်တာအောင်အောင်နှင့် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦး တို့က ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

သုံးမွှာပူးမွေးဖွားခဲ့သည့် မိသားစုဝင်များမှာ ကျောက်ပန်းတောင်းမြို့ နယ်၊ သနပ်ပင်ကျေးရွာ မှာ တောင်သူ ဖခင်ဦးမြင့်သိန်းဖြစ်ပြီး မိခင် ဒေါ်ပိုမှ မေလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်က ပုပ္ပါးတိုက်နယ် ဆေးရုံတွင် ခွဲစိတ်စရာမလိုပဲ ရိုးရိုးမွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ သမီးမိန်းခ လေး ၃ ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါသုံးမွှာပူး ကလေး သူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ခံ ယူရန် လိုအပ်သောကြောင့် ပုပ္ပါးတိုက်နယ်ဆေးရုံမှ ညောင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး သို မွေးဖွားခဲ့သည့်နေ့က ပင်လွှဲ ပြောင်းကုသမှု ခံယူလျက်ရှိကြောင်း ဖခင်ဖြစ်သူ ဦးမြင့်သိန်းထံမှ သိရသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

one × 2 =