မီးသတ္ကား အတိုက္ခံရလို႔ ရခဲ့တဲ့ေလ်ာ္ေၾကး ကို မီးသတ္ဌာန ကို ျပန္လည္ လႉဒါန္းခဲ့တဲ့ ကားပိုင္ရွင္

ေလ်ာ္ေၾကးျပန္ရတဲ့ ေငြက်ပ္သိန္း ၃၀အထဲမွ ၁၀ သိန္းကို ျပန္လႉေပးခဲ့တာပါ။ မီးသတ္ကား က မီးနီျဖတ္ေမာင္းလာၿပီး လမ္းမွန္က အိမ္စီးကား ကို တိုက္မိခဲ့တာ ျဖစ္တဲ့အတြက္ နစ္နာေၾကး အျဖစ္ သိန္း ၃၀ေပးခဲ့ရာမွာ နစ္နာသူ အိမ္စီးကားပိုင္ရွင္က ၁၀သိန္းကို ျပန္လည္လႉဒါန္းေပးခဲ့တာပါ။ မီးေလာင္ျပင္လာတဲ့ မီးသတ္ကားနဲ႔ အိမ္စီး ကားတိုက္မႈက ေ႐ႊျပည္သာၿမိဳ႕နယ္ အတြင္းျဖစ္ပြား ခဲ့တာျဖစ္ၿပီး မီးသတ္စခန္းက ေလ်ာ္ေၾကးအျဖစ္ ေငြက်ပ္ သိန္း ၃၀ ေပးခဲ့ေသာ္လည္း နစ္နာသူ အိမ္စီးကားပိုင္ရွင္ကေလ်ာ္ေၾကးေငြထဲကေန ၁၀သိန္း ျပန္လည္ လႉဒါန္းခဲ့ပါတယ္။

“ကြၽန္ေတာ့္ ကားဒ႐ိုင္ဘာက ေ႐ႊျပည္သာေကြ႕ မီးပြိဳင့္မွာ မီးစိမ္းလို႔အေကြ႕ မီးသတ္ကားက မီးနီကို ျဖတ္အေမာင္း မွာ တိုက္မိ တာပါ။ ျဖစ္စဥ္ေၾကာင့္ ကားပ်က္စီးမႈကိုတြက္ၾကည့္လိုက္ေတာ့ ေဘာ္ဒီဆရာက ၃၅သိန္းက်မယ္လို႔ ေျပာလို႔ အဲ့ေလာက္ပဲ ျပန္ေပးဖို႔ေတာင္းဆို ခဲ့ၿပီး သူတို႔ဘက္က သိန္း ၃၀ ျပန္ေလ်ာ္ေပးပါတယ္။”လို႔ နစ္နာသူ အိမ္စီး ကားပိုင္ရွင္ ဦးေ႐ႊမိုးကေျပာပါတယ္။ယာဥ္တိုက္မႈ ျဖစ္စဥ္ေၾကာင့္ အိမ္စီးကားမွာ ျပန္ျပင္လို႔မရေတာ့တာေၾကာင့္ တိုက္ေၾကအပ္ခဲ့ရၿပီး စုစုေပါင္း ကားတန္ဖိုးရဲ႕ သိန္း ၃၀ေက်ာ္ ဆုံးရႈံးနစ္နာခဲ့တယ္ လို႔လည္း သိရပါတယ္။

“ကြၽန္ေတာ့္ကားက ျပင္ဖို႔ လုပ္ေပမယ့္ ဘယ္လိုမွ အဆင္မေျပေတာ့လို႔ ကားကို တိုက္ေၾကျပန္အပ္လိုက္ရပါ တယ္။အဲ့ကရတာနဲ႔ ေလ်ာ္ေၾကးသိန္း ၃၀နဲ႔ဆိုရင္ေတာင္ ကားတန္ဖိုးရဲ႕ သိန္း ၃၀ေလာက္ ဆုံးရႈံးနစ္နာခဲ့ရပါတယ္။ ဒါေပမယ့္လည္း မီးသတ္တပ္ဖြဲ႕အတြက္လည္း အေထြေထြကုန္က်စရိတ္ အတြက္ ကြၽန္ေတာ္တတ္ႏိုင္သေလာက္ ျဖစ္တဲ့ ၁၀သိန္း ျပန္လႉေပးျဖစ္ခဲ့ပါတယ္။”လို႔ ဦးေ႐ႊမိုးက ဆက္လက္ ေျပာျပပါတယ္။ယာဥ္တိုက္မႈ ျဖစ္စဥ္ကေတာ့ ဇူလိုင္လ ၂၅ရက္ေန႔ ေန႔လည္ ၁၁နာရီခြဲေလာက္မွာ ျဖစ္ခဲ့တာ ျဖစ္ၿပီး အိမ္စီးကား ေမာင္းႏွင္လာသူ ကားဒ႐ိုင္ဘာ ကေတာ့ ေလအိတ္ပြင့္ခဲ့လို႔ ထိခိုက္ဒဏ္ရာ မရခဲ့ဘူးလို႔ သိရပါတယ္။

Credit Duwun

မီးသတ်ကား အတိုက်ခံရလို့ ရခဲ့တဲ့လျော်ကြေး ကို မီးသတ်ဌာန ကို ပြန်လည် လှူဒါန်းခဲ့တဲ့ ကားပိုင်ရှင်

လျော်ကြေးပြန်ရတဲ့ ငွေကျပ်သိန်း ၃၀အထဲမှ ၁၀ သိန်းကို ပြန်လှူပေးခဲ့တာပါ။ မီးသတ်ကား က မီးနီဖြတ်မောင်းလာပြီး လမ်းမှန်က အိမ်စီးကား ကို တိုက်မိခဲ့တာ ဖြစ်တဲ့အတွက် နစ်နာကြေး အဖြစ် သိန်း ၃၀ပေးခဲ့ရာမှာ နစ်နာသူ အိမ်စီးကားပိုင်ရှင်က ၁၀သိန်းကို ပြန်လည်လှူဒါန်းပေးခဲ့တာပါ။ မီးလောင်ပြင်လာတဲ့ မီးသတ်ကားနဲ့ အိမ်စီး ကားတိုက်မှုက ရွှေပြည်သာမြို့နယ် အတွင်းဖြစ်ပွား ခဲ့တာဖြစ်ပြီး မီးသတ်စခန်းက လျော်ကြေးအဖြစ် ငွေကျပ် သိန်း ၃၀ ပေးခဲ့သော်လည်း နစ်နာသူ အိမ်စီးကားပိုင်ရှင်ကလျော်ကြေးငွေထဲကနေ ၁၀သိန်း ပြန်လည် လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော့် ကားဒရိုင်ဘာက ရွှေပြည်သာကွေ့ မီးပွိုင့်မှာ မီးစိမ်းလို့အကွေ့ မီးသတ်ကားက မီးနီကို ဖြတ်အမောင်း မှာ တိုက်မိ တာပါ။ ဖြစ်စဉ်ကြောင့် ကားပျက်စီးမှုကိုတွက်ကြည့်လိုက်တော့ ဘော်ဒီဆရာက ၃၅သိန်းကျမယ်လို့ ပြောလို့ အဲ့လောက်ပဲ ပြန်ပေးဖို့တောင်းဆို ခဲ့ပြီး သူတို့ဘက်က သိန်း ၃၀ ပြန်လျော်ပေးပါတယ်။”လို့ နစ်နာသူ အိမ်စီး ကားပိုင်ရှင် ဦးရွှေမိုးကပြောပါတယ်။ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အိမ်စီးကားမှာ ပြန်ပြင်လို့မရတော့တာကြောင့် တိုက်ကြေအပ်ခဲ့ရပြီး စုစုပေါင်း ကားတန်ဖိုးရဲ့ သိန်း ၃၀ကျော် ဆုံးရှုံးနစ်နာခဲ့တယ် လို့လည်း သိရပါတယ်။

“ကျွန်တော့်ကားက ပြင်ဖို့ လုပ်ပေမယ့် ဘယ်လိုမှ အဆင်မပြေတော့လို့ ကားကို တိုက်ကြေပြန်အပ်လိုက်ရပါ တယ်။အဲ့ကရတာနဲ့ လျော်ကြေးသိန်း ၃၀နဲ့ဆိုရင်တောင် ကားတန်ဖိုးရဲ့ သိန်း ၃၀လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း မီးသတ်တပ်ဖွဲ့အတွက်လည်း အထွေထွေကုန်ကျစရိတ် အတွက် ကျွန်တော်တတ်နိုင်သလောက် ဖြစ်တဲ့ ၁၀သိန်း ပြန်လှူပေးဖြစ်ခဲ့ပါတယ်။”လို့ ဦးရွှေမိုးက ဆက်လက် ပြောပြပါတယ်။ယာဉ်တိုက်မှု ဖြစ်စဉ်ကတော့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည် ၁၁နာရီခွဲလောက်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အိမ်စီးကား မောင်းနှင်လာသူ ကားဒရိုင်ဘာ ကတော့ လေအိတ်ပွင့်ခဲ့လို့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *

6 − 6 =