တ႐ုတ္က ပို႔လိုက္တဲ့ ဘာမွန္း မသိတဲ့မ်ိဳးေစ့ေတြ အေမရိကန္ ေတြဆီ ေရာက္လာ၊ မစိုက္ပ်ိဳး ရန္ အစိုးရ သတိေပး

တ႐ုတ္ႏိုင္ငံမွ ထူးဆန္းတဲ့ မ်ိဳးေစ့ေတြကို အေမရိကန္ႏိုင္ငံ တစ္ဝန္းက ျပည္သူေတြဆီ စာတိုက္ပုံးေတြ ကေန ေရာက္ရွိေနတာေၾကာင့္ လက္ခံရခက္ ျဖစ္ေနၿပီး ဒီ ျဖစ္စဥ္အေပၚ အာဏာပိုင္ေတြကလည္း သတိထားေနပါတယ္။ ဒီ ျဖစ္စဥ္ကို သိရွိေၾကာင္းနဲ႔ ပေဟဠိျဖစ္ဖြယ္ ထူးဆန္းတဲ့ မ်ိဳးေစ့ေတြ လက္ခံ ရရွိသူေတြအေနနဲ႔ ဒါဟာ အႏၲရာယ္ ျဖစ္ေစႏိုင္ပုံရွိၿပီး မစိုက္ပ်ိဳး သင့္ဘူးလို႔ စိုက္ပ်ိဳးေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ဝါရွင္တန္မွ ဗာဂ်ီးနီးယား ျပည္ နယ္ တစ္ေလွ်ာက္ရွိ ေနထိုင္သူေတြ အေနနဲ႔ တ႐ုတ္ႏိုင္ငံမွ မွာယူျခင္းမရွိဘဲ စာထည့္ပုံးေတြထဲ ထူးဆန္းစြာ ေရာက္ရွိလာတဲ့ မ်ိဳးေစ့ထုပ္ေတြကို ေျမျပင္မွာ စိုက္ပ်ိဳးျခင္း မျပဳလုပ္ၾကဖို႔ သတိေပးခ်က္ ထုတ္ျပန္ထားၿပီး ယင္းမ်ိဳးေစ့ေတြဟာ သီးႏွံစိုက္ပ်ိဳးေရးနဲ႔ ေမြးျမဳေရးကိုပါ အႏၲရာယ္ ျဖစ္ေစႏိုင္ တဲ့ အပင္ေတြ ေပါက္ေရာက္လာႏိုင္ေၾကာင္း အာဏာပိုင္ေတြက ေျပာဆိုပါတယ္။

ယင္းမ်ိဳးေစ့ေတြကို လိုက္လံ သိမ္းဆည္းေနၿပီး စိုက္ပ်ိဳးေရးနဲ႔ ပတ္ဝန္းက်င္ အတြက္ သက္ေရာက္မႈ ရွိ/မရွိ ဆုံးျဖတ္ဖို႔အတြက္ စမ္းသပ္စစ္ေဆးသြားမွာ ျဖစ္တယ္လို႔ အမိေျမကာကြယ္ေရးနဲ႔ နယ္စပ္ေရးရာ ကာကြယ္ေစာင့္ေရွာက္ေရး ဦးစီးဌာန လက္ေအာက္ေအဂ်င္စီျဖစ္တဲ့ USDA က ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ေျပာၾကား ခဲ့ပါတယ္။

“ဒီ မ်ိဳးေစ့ေတြက ဘာေတြလည္းဆိုတာ ကြၽန္ေတာ္တို႔ မသိဘူး။ အေမရိကန္ႏိုင္ငံ ထဲမွာ ဒါကို စိုက္ပ်ိဳးထုတ္လုပ္ၿပီး ထိခိုက္မႈေတြ ျဖစ္လာမွာမ်ိဳးကို ကြၽန္ေတာ္တို႔ အျဖစ္မခံဘူး။”ဟု ကန္တက္ကီျပည္နယ္ စိုက္ပ်ိဳးေရးေကာ္မရွင္နာမင္းႀကီး ႐ိုင္ယန္က CBS သတင္းဌာနကို ေျပာပါတယ္။ “ကြၽန္ေတာ္တို႔ဟာ ကမာၻမွာ ေဘးအကင္းဆုံးနဲ႔ ေပါ ႂကြယ္ဝဆုံး အစားအစာ ထုတ္လုပ္မႈျဖန႔္ျဖဴးမႈ ရွိထားတယ္။ အခု မ်ိဳးေစ့ေတြကို ဖ်က္ဆီးပစ္ဖို႔ လိုတယ္။”လို႔ သူက ေျပာပါတယ္။

အဲဒီမ်ိဳးေစ့ေတြ လက္ခံရရွိသူေတြအေနနဲ႔ ျပည္နယ္ရဲ႕ စိုက္ပ်ိဳးေရးဌာန ခ်ဳပ္ဆီ ဆက္သြယ္သင့္တယ္လို႔လည္း သူက ျဖည့္စြက္ေျပာပါတယ္။ USDA မွ ေျပာၾကားခ်က္အရ ယင္းမ်ိဳးေစ့ ထုပ္ေတြဟာ မွားယြင္းေရာက္ရွိလာျခင္း၊ အျခားတစ္ေယာက္က ပို႔လိုက္ျခင္း စတဲ့အေထာက္အထားေတြ မေတြ႕ရွိရေၾကာင္း၊ မ်ိဳးေစ့ထုပ္ေတြဟာ တ႐ုတ္ႏိုင္ငံမွ ေရာက္ရွိလာျခင္းျဖစ္ၿပီး တနလၤာေန႔မွာေတာ့ ႏိုင္ငံတစ္ဝန္းရွိ ေနထိုင္သူေတြဆီ ယင္းမ်ိဳးစိတ္ေတြ ေရာက္ရွိေနတာ သတိျပဳမိေၾကာင္း USDA ေအဂ်င္စီက ေျပာဆိုပါတယ္။

ႏိုင္ငံတြင္းကို တရားမဝင္ မ်ိးေစ့ေတြ ဝင္ေရာက္မႈ ရပ္တန႔္ေအာင္ နဲ႔ အေမရိကန္ရဲ႕ စိုက္ပ်ိဳးေရးကို ကာကြယ္ဖို႔ ျပည္ထဲေရးနဲ႔ ျပည္နယ္တာဝန္ရွိသူေတြနဲ႔ အတူေဆာင္႐ြက္လ်က္ ရွိတယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ဝါရွင္တန္နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ဆက္ဆံေရးဟာ အခုႏွစ္ အတြင္း ဆိုး႐ြားလာၿပီး ႏွစ္ႏိုင္ငံၾကားက ကုန္သြယ္ေရးနဲ႔ နည္းပညာ ဆက္ႏြယ္မႈဟာ ဆယ္စုႏွစ္တစ္ခုမွာ အနိမ့္ဆုံး ျဖစ္လာတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာဆိုပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က တ႐ုတ္စာတိုက္ဝန္ေဆာင္မႈဟာ မ်ိဳးေစ့ ပို႔ေဆာင္ေရး ကန႔္သတ္ခ်က္ကို တင္းၾကပ္စြာ လိုက္နာေၾကာင္း၊ ဒီကိစၥနဲ႔ ပတ္သတ္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ တ႐ုတ္ႏိုင္ငံကို ေတာင္းဆိုထားေၾကာင္း ၿပီးခဲ့တဲ့ အဂၤါေန႔က ေန႔စဥ္သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ အခုလို တ႐ုတ္က ထူးဆန္းတဲ့ မ်ိဳးေစ့ေတြကို အေမရိကန္ႏိုင္ငံရဲ႕ ကန္တက္ကီ၊ နယူးေယာက္၊ ေျမာက္ကယ္႐ိုလိုင္းနား၊ မာရီလန္နဲ႔ ဗာဂ်င္းနီးယားျပည္နယ္ေတြမွာ လက္ခံရရွိေနတာ ျဖစ္ပါတယ္။

unicode

တရုတ်က ပို့လိုက်တဲ့ ဘာမှန်း မသိတဲ့မျိုးစေ့တွေ အမေရိကန် တွေဆီ ရောက်လာ၊ မစိုက်ပျိုး ရန် အစိုးရ သတိပေး

တရုတ်နိုင်ငံမှ ထူးဆန်းတဲ့ မျိုးစေ့တွေကို အမေရိကန်နိုင်ငံ တစ်ဝန်းက ပြည်သူတွေဆီ စာတိုက်ပုံးတွေ ကနေ ရောက်ရှိနေတာကြောင့် လက်ခံရခက် ဖြစ်နေပြီး ဒီ ဖြစ်စဉ်အပေါ် အာဏာပိုင်တွေကလည်း သတိထားနေပါတယ်။ ဒီ ဖြစ်စဉ်ကို သိရှိကြောင်းနဲ့ ပဟေဠိဖြစ်ဖွယ် ထူးဆန်းတဲ့ မျိုးစေ့တွေ လက်ခံ ရရှိသူတွေအနေနဲ့ ဒါဟာ အန္တရာယ် ဖြစ်စေနိုင်ပုံရှိပြီး မစိုက်ပျိုး သင့်ဘူးလို့ စိုက်ပျိုးရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်မှ ဗာဂျီးနီးယား ပြည် နယ် တစ်လျှောက်ရှိ နေထိုင်သူတွေ အနေနဲ့ တရုတ်နိုင်ငံမှ မှာယူခြင်းမရှိဘဲ စာထည့်ပုံးတွေထဲ ထူးဆန်းစွာ ရောက်ရှိလာတဲ့ မျိုးစေ့ထုပ်တွေကို မြေပြင်မှာ စိုက်ပျိုးခြင်း မပြုလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး ယင်းမျိုးစေ့တွေဟာ သီးနှံစိုက်ပျိုးရေးနဲ့ မွေးမြုရေးကိုပါ အန္တရာယ် ဖြစ်စေနိုင် တဲ့ အပင်တွေ ပေါက်ရောက်လာနိုင်ကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။

ယင်းမျိုးစေ့တွေကို လိုက်လံ သိမ်းဆည်းနေပြီး စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင် အတွက် သက်ရောက်မှု ရှိ/မရှိ ဆုံးဖြတ်ဖို့အတွက် စမ်းသပ်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အမိမြေကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန လက်အောက်အေဂျင်စီဖြစ်တဲ့ USDA က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြား ခဲ့ပါတယ်။

“ဒီ မျိုးစေ့တွေက ဘာတွေလည်းဆိုတာ ကျွန်တော်တို့ မသိဘူး။ အမေရိကန်နိုင်ငံ ထဲမှာ ဒါကို စိုက်ပျိုးထုတ်လုပ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာမျိုးကို ကျွန်တော်တို့ အဖြစ်မခံဘူး။”ဟု ကန်တက်ကီပြည်နယ် စိုက်ပျိုးရေးကော်မရှင်နာမင်းကြီး ရိုင်ယန်က CBS သတင်းဌာနကို ပြောပါတယ်။ “ကျွန်တော်တို့ဟာ ကမ္ဘာမှာ ဘေးအကင်းဆုံးနဲ့ ပေါ ကြွယ်ဝဆုံး အစားအစာ ထုတ်လုပ်မှုဖြန့်ဖြူးမှု ရှိထားတယ်။ အခု မျိုးစေ့တွေကို ဖျက်ဆီးပစ်ဖို့ လိုတယ်။”လို့ သူက ပြောပါတယ်။

အဲဒီမျိုးစေ့တွေ လက်ခံရရှိသူတွေအနေနဲ့ ပြည်နယ်ရဲ့ စိုက်ပျိုးရေးဌာန ချုပ်ဆီ ဆက်သွယ်သင့်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။ USDA မှ ပြောကြားချက်အရ ယင်းမျိုးစေ့ ထုပ်တွေဟာ မှားယွင်းရောက်ရှိလာခြင်း၊ အခြားတစ်ယောက်က ပို့လိုက်ခြင်း စတဲ့အထောက်အထားတွေ မတွေ့ရှိရကြောင်း၊ မျိုးစေ့ထုပ်တွေဟာ တရုတ်နိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်ပြီး တနင်္လာနေ့မှာတော့ နိုင်ငံတစ်ဝန်းရှိ နေထိုင်သူတွေဆီ ယင်းမျိုးစိတ်တွေ ရောက်ရှိနေတာ သတိပြုမိကြောင်း USDA အေဂျင်စီက ပြောဆိုပါတယ်။

နိုင်ငံတွင်းကို တရားမဝင် မျိးစေ့တွေ ဝင်ရောက်မှု ရပ်တန့်အောင် နဲ့ အမေရိကန်ရဲ့ စိုက်ပျိုးရေးကို ကာကွယ်ဖို့ ပြည်ထဲရေးနဲ့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ အတူဆောင်ရွက်လျက် ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဝါရှင်တန်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အခုနှစ် အတွင်း ဆိုးရွားလာပြီး နှစ်နိုင်ငံကြားက ကုန်သွယ်ရေးနဲ့ နည်းပညာ ဆက်နွယ်မှုဟာ ဆယ်စုနှစ်တစ်ခုမှာ အနိမ့်ဆုံး ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က တရုတ်စာတိုက်ဝန်ဆောင်မှုဟာ မျိုးစေ့ ပို့ဆောင်ရေး ကန့်သတ်ချက်ကို တင်းကြပ်စွာ လိုက်နာကြောင်း၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တရုတ်နိုင်ငံကို တောင်းဆိုထားကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အခုလို တရုတ်က ထူးဆန်းတဲ့ မျိုးစေ့တွေကို အမေရိကန်နိုင်ငံရဲ့ ကန်တက်ကီ၊ နယူးယောက်၊ မြောက်ကယ်ရိုလိုင်းနား၊ မာရီလန်နဲ့ ဗာဂျင်းနီးယားပြည်နယ်တွေမှာ လက်ခံရရှိနေတာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

20 + sixteen =