ပုဂံက ထူးထူး ျခားျခား နာမည္ေတြ နဲ႔ ဘုရားေတြ ျဖစ္တဲ့ မလာျဖစ္ဂူဘုရား နဲ႔ မလုံးျဖစ္ဂူဘုရား သမိုင္း (ျဖစ္ ရပ္ မွန္)

တ႐ုတ္ေျပးဂူဘုရားႀကီး တံတိုင္း ႏွင့္ မင္းဝိုင္းအစု တံတိုင္းအၾကားရွိ လွည္းလမ္းအတိုင္း အေနာက္ေျမာက္ဘက္သို႔သြားေသာ္ အနည္းငယ္ေဝးေသာ ေနရာတြင္ မလာျဖစ္ဂူဘုရား တံတိုင္းသို႔ ေရာက္ေပမည္။ မလာျဖစ္ဂူဘုရားမွာ တံတိုင္း၏ အေရွ႕ေတာင္ေထာင့္ တြင္ရွိသည္။ တံတိုင္းအေနာက္ဘက္ေထာင့္ တြင္ အုတ္ေက်ာင္းပ်က္ႀကီး ရွိေလသည္။မလာျဖစ္ ဂူဘုရား (ဘုရားအမွတ္ ၆၆၄)

ဂူအတြင္းရွိေသာ ေက်ာက္စာအရ သကၠရာဇ္ ၆၃၆ခုတြင္ တ႐ုတ္ေျပးမင္း၏ အမတ္တ်ာသည္ ဤအမနာေျမအရပ္တြင္ တံတိုင္း ၊ ဂူဘုရား ၊ ေက်ာင္းႀကီး ၊ တန္ေဆာင္း ၊ ကပၸိယကုဋီ စေသာအေဆာက္အအုံမ်ားတည္ေဆာက္ေၾကာင္း သိရေလသည္။ ၎ေက်ာက္စာတြင္ပင္ တကာႀကီ မႅျဖစ္ ဟုပါရွိေသာေၾကာင့္ ထိုအမတ္တ်ာ၏ အမည္မွာ မႅျဖစ္ (မလျဖစ္) ဟု ယူဆၿပီး ဂူဘုရား၏ အမည္ကိုလည္း မလာျဖစ္ ဂူဘုရားဟု ေခၚေဝၚေနၾကသည္မွာ ယေန႔တိုင္ပင္ျဖစ္သည္။

ဂူအတြင္းတြင္ လွပေသာ ပန္းခ်ီမ်ားမွာ ေဆးေရာင္မ်ားေမွးမွိန္ေနေသာ္လည္း အေၾကာင္းအရာကို ျမင္ႏိုင္ပါေသးသည္။ အမိုးကုန္းမ်ားတြင္ ဆင္းတုပုံမ်ားအား ပန္းမ်ားႏွင့္ ေရာ၍ လွပစြာ ေရးဆြဲထားေလသည္။ ဂူအျပင္ဘက္တြင္လည္း လွပေသာ အဂၤေတပန္းမ်ား မ်ားစြာရွိေသးသည္။

မလုံးျဖစ္ ဂူဘုရား ဘုရားအမွတ္ ( ၆၆၇)

မလာျဖစ္ဂူဘုရား တံတိုင္း၏ ေျမာက္ဘက္ကပ္၍ မလုံးျဖစ္ ဂူဘုရားတံတိုင္း ရွိေလသည္။ တံတိုင္းမွာ မလာျဖစ္ထက္ ပို၍က်ယ္ဝန္းၿပီး မလုံးျဖစ္ဂူဘုရားမွာ ေတာင္ဘက္တံတိုင္း အလယ္ေလာက္တြင္ ကပ္၍ ရွိေလသည္။ ဂူအေနာက္ေျမာက္ဘက္တံတိုင္းတြင္ အုတ္ေက်ာင္းအလတ္စား ႏွစ္ခု ေတာင္ေျမာက္တန္း၍ ရွိၿပီး ေတာင္ဘက္ေက်ာင္းသည္ ေလးေထာင့္မတ္မတ္ ေအာက္ႏွစ္ခန္းအေပၚထပ္ရွိေလသည္။

မလုံးျဖစ္ဂူအတြင္းတြင္ ေက်ာက္စာႏွစ္ခုရွိရာ တခုမွာ သကၠရာဇ္ ၅၉၂ခုတြင္ ေကာင္းမႈရွင္ သူဖရစ္လင္မယားသည္ စရပ္လွမည္ေသာ ေနရာအေရွ႕တြင္ ဂူေက်ာင္းျပဳလုပ္ေၾကာင္း ၊ ကြၽန္လႉေၾကာင္း ၊ သကၠရာဇ္ ၆၀၇ တြင္လည္း သူဖရစ္မယားက ေျမလႉေၾကာင္းမ်ားပါရွိေလသည္။ အျခားေက်ာက္စာတခုတြင္ သကၠရာဇ္ ၆၀၀၌ သံဗ်င္သက္ရွည္ဆိုသူက စရပ္လွေရွ႕ေတာေက်ာင္း၌ ေျမလႉသည့္အေၾကာင္း ပါရွိေလသည္။

မလုံးျဖစ္ဂူဘုရားတြင္ အျပင္ဘက္ အဂၤေတပန္းမ်ား က်န္ေသာ္လည္း လက္ရာမႈကား မေကာင္းလွေပ။ အတြင္းပန္းခ်ီမ်ားအနက္ အေနာက္မ်က္ႏွာ အမိုးမွ ပန္းဝိုင္းမ်ားသည္ လက္ရာေကာင္းမြန္၍ လွပစြာ ရွိေလသည္။ ဘာေၾကာင့္ မလုံးျဖစ္ဂူဘုရားဟု ေခၚသည့္ အေၾကာင္းမူ မပါရွိေခ်။

Credit – ဦးဗိုေက၏ ပုဂံသုေတသနလမ္းၫႊန္စာအုပ္မွ

unicode

ပုဂံက ထူးထူး ခြားခြား နာမည်တွေ နဲ့ ဘုရားတွေ ဖြစ်တဲ့ မလာဖြစ်ဂူဘုရား နဲ့ မလုံးဖြစ်ဂူဘုရား သမိုင်း (ဖြစ် ရပ် မှန်)

တရုတ်ပြေးဂူဘုရားကြီး တံတိုင်း နှင့် မင်းဝိုင်းအစု တံတိုင်းအကြားရှိ လှည်းလမ်းအတိုင်း အနောက်မြောက်ဘက်သို့သွားသော် အနည်းငယ်ဝေးသော နေရာတွင် မလာဖြစ်ဂူဘုရား တံတိုင်းသို့ ရောက်ပေမည်။ မလာဖြစ်ဂူဘုရားမှာ တံတိုင်း၏ အရှေ့တောင်ထောင့် တွင်ရှိသည်။ တံတိုင်းအနောက်ဘက်ထောင့် တွင် အုတ်ကျောင်းပျက်ကြီး ရှိလေသည်။မလာဖြစ် ဂူဘုရား (ဘုရားအမှတ် ၆၆၄)

ဂူအတွင်းရှိသော ကျောက်စာအရ သက္ကရာဇ် ၆၃၆ခုတွင် တရုတ်ပြေးမင်း၏ အမတ်တျာသည် ဤအမနာမြေအရပ်တွင် တံတိုင်း ၊ ဂူဘုရား ၊ ကျောင်းကြီး ၊ တန်ဆောင်း ၊ ကပ္ပိယကုဋီ စသောအဆောက်အအုံများတည်ဆောက်ကြောင်း သိရလေသည်။ ၎င်းကျောက်စာတွင်ပင် တကာကြီ မ္လဖြစ် ဟုပါရှိသောကြောင့် ထိုအမတ်တျာ၏ အမည်မှာ မ္လဖြစ် (မလဖြစ်) ဟု ယူဆပြီး ဂူဘုရား၏ အမည်ကိုလည်း မလာဖြစ် ဂူဘုရားဟု ခေါ်ဝေါ်နေကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

ဂူအတွင်းတွင် လှပသော ပန်းချီများမှာ ဆေးရောင်များမှေးမှိန်နေသော်လည်း အကြောင်းအရာကို မြင်နိုင်ပါသေးသည်။ အမိုးကုန်းများတွင် ဆင်းတုပုံများအား ပန်းများနှင့် ရော၍ လှပစွာ ရေးဆွဲထားလေသည်။ ဂူအပြင်ဘက်တွင်လည်း လှပသော အင်္ဂတေပန်းများ များစွာရှိသေးသည်။

မလုံးဖြစ် ဂူဘုရား ဘုရားအမှတ် ( ၆၆၇)

မလာဖြစ်ဂူဘုရား တံတိုင်း၏ မြောက်ဘက်ကပ်၍ မလုံးဖြစ် ဂူဘုရားတံတိုင်း ရှိလေသည်။ တံတိုင်းမှာ မလာဖြစ်ထက် ပို၍ကျယ်ဝန်းပြီး မလုံးဖြစ်ဂူဘုရားမှာ တောင်ဘက်တံတိုင်း အလယ်လောက်တွင် ကပ်၍ ရှိလေသည်။ ဂူအနောက်မြောက်ဘက်တံတိုင်းတွင် အုတ်ကျောင်းအလတ်စား နှစ်ခု တောင်မြောက်တန်း၍ ရှိပြီး တောင်ဘက်ကျောင်းသည် လေးထောင့်မတ်မတ် အောက်နှစ်ခန်းအပေါ်ထပ်ရှိလေသည်။

မလုံးဖြစ်ဂူအတွင်းတွင် ကျောက်စာနှစ်ခုရှိရာ တခုမှာ သက္ကရာဇ် ၅၉၂ခုတွင် ကောင်းမှုရှင် သူဖရစ်လင်မယားသည် စရပ်လှမည်သော နေရာအရှေ့တွင် ဂူကျောင်းပြုလုပ်ကြောင်း ၊ ကျွန်လှူကြောင်း ၊ သက္ကရာဇ် ၆၀၇ တွင်လည်း သူဖရစ်မယားက မြေလှူကြောင်းများပါရှိလေသည်။ အခြားကျောက်စာတခုတွင် သက္ကရာဇ် ၆၀၀၌ သံဗျင်သက်ရှည်ဆိုသူက စရပ်လှရှေ့တောကျောင်း၌ မြေလှူသည့်အကြောင်း ပါရှိလေသည်။

မလုံးဖြစ်ဂူဘုရားတွင် အပြင်ဘက် အင်္ဂတေပန်းများ ကျန်သော်လည်း လက်ရာမှုကား မကောင်းလှပေ။ အတွင်းပန်းချီများအနက် အနောက်မျက်နှာ အမိုးမှ ပန်းဝိုင်းများသည် လက်ရာကောင်းမွန်၍ လှပစွာ ရှိလေသည်။ ဘာကြောင့် မလုံးဖြစ်ဂူဘုရားဟု ခေါ်သည့် အကြောင်းမူ မပါရှိချေ။

Credit – ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ

Add a Comment

Your email address will not be published. Required fields are marked *

twenty + four =