SIM Card အေရာင္း ကိုယ္စားလွယ္ မ်ား၊ အေရာင္းဆိုင္မ်ား ႏွင့္ သုံးစြဲ သူမ်ားသို႔ အသိေပး ႏႈိးေဆာ္ခ်က္

၁။ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနသည္ အမ်ားျပည္သူမ်ား အေနျဖင့္ SIM Card မ်ားကို ဝယ္ယူသုံးစြဲရာတြင္ စနစ္တက် မွတ္ပုံတင္ၿပီးမွသာ ဝယ္ယူသုံးစြဲၾကပါရန္ အမ်ားျပည္သူသို႔ အသိေပးႏႈိးေဆာ္ခဲ့ၿပီးျဖစ္ပါသည္။ သို႔ရာတြင္ ယေန႔အခ်ိန္ထိ ႀကိဳတင္ မွတ္ပုံတင္ထားသည့္ SIM Card မ်ားကို အေရာင္းကိုယ္စားလွယ္မ်ား ႏွင့္ အေရာင္းဆိုင္ (Point of Sale)မ်ားတြင္ ဝယ္ယူ ရရွိႏိုင္ေၾကာင္း ေတြ႕ရွိေနရပါသည္။

၂။ အေရာင္းကိုယ္စားလွယ္မ်ား ႏွင့္ အေရာင္းဆိုင္ (Point of Sale) အခ်ိဳ႕သည္ သက္ေသခံ လက္မွတ္ပါ အခ်က္အလက္ မ်ားကို ျပင္ဆင္၍ SIM Card မ်ားကို ႀကိဳတင္မွတ္ပုံတင္ ေရာင္းခ်ေနေၾကာင္းေတြ႕ရွိရပါသည္။ ထိုသို႔ေဆာင္႐ြက္ျခင္းသည္ စာတမ္းအမွတ္အသား လိမ္လည္ အတုျပဳလုပ္ျခင္း ျဖစ္၍ တည္ဆဲဥပေဒမ်ားအရ ျပစ္မႈေျမာက္ပါသျဖင့္ သက္ေသခံလက္မွတ္ပါ အခ်က္အလက္မ်ားကိုျပင္ဆင္၍

SIM Card မ်ားကို ႀကိဳတင္ မွတ္ပုံတင္ေရာင္းခ်ျခင္း မျပဳၾကပါရန္ႏွင့္ SIM Card မ်ားကို ဝယ္ယူသူ၏ သက္ေသခံလက္မွတ္(မူရင္း) ျဖင့္သာ SIM Card မွတ္ပုံတင္၍ေရာင္းခ်ၾကပါရန္ အသိေပးႏႈိးေဆာ္အပ္ပါသည္။

၃။ သုံးစြဲသူ အမ်ားျပည္သူမ်ား အေနျဖင့္လည္း SIM Card မ်ား ဝယ္ယူရာတြင္ မိမိ၏သက္ေသခံလက္မွတ္(မူရင္း)ျဖင့္ မွတ္ပုံတင္ၿပီးမွသာ ဝယ္ယူအသုံးျပဳၾကပါရန္ ႏွင့္ ႀကိဳတင္မွတ္ပုံတင္ထားေသာ SIM Card မ်ားမွာ ပိတ္သိမ္းခံရမည့္ SIM Card မ်ားျဖစ္သည့္အတြက္ မိမိ တို႔၏ျဖည့္သြင္းေငြမ်ား ဆုံးရႈံးနစ္နာမႈမရွိေစေရးအတြက္ ႀကိဳတင္ မွတ္ပုံတင္ထားေသာ SIM Card မ်ားကို ဝယ္ယူသုံးစြဲျခင္း မျပဳၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန

unicode

SIM Card အရောင်း ကိုယ်စားလှယ် များ၊ အရောင်းဆိုင်များ နှင့် သုံးစွဲ သူများသို့ အသိပေး နှိုးဆော်ချက်

၁။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အများပြည်သူများ အနေဖြင့် SIM Card များကို ဝယ်ယူသုံးစွဲရာတွင် စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြပါရန် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ယနေ့အချိန်ထိ ကြိုတင် မှတ်ပုံတင်ထားသည့် SIM Card များကို အရောင်းကိုယ်စားလှယ်များ နှင့် အရောင်းဆိုင် (Point of Sale)များတွင် ဝယ်ယူ ရရှိနိုင်ကြောင်း တွေ့ရှိနေရပါသည်။

၂။ အရောင်းကိုယ်စားလှယ်များ နှင့် အရောင်းဆိုင် (Point of Sale) အချို့သည် သက်သေခံ လက်မှတ်ပါ အချက်အလက် များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် စာတမ်းအမှတ်အသား လိမ်လည် အတုပြုလုပ်ခြင်း ဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါသဖြင့် သက်သေခံလက်မှတ်ပါ အချက်အလက်များကိုပြင်ဆင်၍

SIM Card များကို ကြိုတင် မှတ်ပုံတင်ရောင်းချခြင်း မပြုကြပါရန်နှင့် SIM Card များကို ဝယ်ယူသူ၏ သက်သေခံလက်မှတ်(မူရင်း) ဖြင့်သာ SIM Card မှတ်ပုံတင်၍ရောင်းချကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

၃။ သုံးစွဲသူ အများပြည်သူများ အနေဖြင့်လည်း SIM Card များ ဝယ်ယူရာတွင် မိမိ၏သက်သေခံလက်မှတ်(မူရင်း)ဖြင့် မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုကြပါရန် နှင့် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များမှာ ပိတ်သိမ်းခံရမည့် SIM Card များဖြစ်သည့်အတွက် မိမိ တို့၏ဖြည့်သွင်းငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် ကြိုတင် မှတ်ပုံတင်ထားသော SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Add a Comment

Your email address will not be published. Required fields are marked *

2 × four =