unicode
Online သုံးသူ တစ်ချို့ တွေ့ရာမြင်ရာ မကောင်းပြော ဆဲဆိုနေရတဲ့ အဓိက အကြောင်းအရင်းကိုပြောပြလာတဲ့ Blogger မဝင်းမင်းသန်း
ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။
Beauty Blogger မဝင်းမင်းသန်းကတော့ လူမှုကွန်ယက် မှာ သူ့ရဲ့ Beauty Tips တွေကြောင့် ထင်ရှားသလိုပရိသတ်အခိုင်အမာ ရရှိထားသူတစ်ဦးပါ။ဒါ့အပြင် သူမရဲ့ ဒဲ့ဒိုးပြောဆိုဟန်တွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးခြင်းနဲ့ချစ်ခြင်းကို တပြိုင်တည်းရရှိထားတာလည်းဖြစ်ပါတယ်။ လတ်တလော မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ လက်ရှိဆိုရှယ် မီဒီယာ မှာ ရိုင်းပြတဲ့ အပြုအမူတွေပိုမိုများပြားလာရတဲ့ အကြောင်းအရင်းကို ဖွင့်ဟပြောဆိုလာခဲ့တာပါ။
မဝင်းမင်းသန်းက ” လူတွေက တဖြည်းဖြည်း Quality ကျ လာတယ်…. သူများကိုဆဲလိုက်ရမှ၊အားလုံးသဘောတူတဲ့အရာတစ်ခုကို အကန်ပြောလိုက်ရမှ သူတို့ကိုသူတို့Hero လို့ထင်တဲ့လူတွေများလာတယ်…..အဲ့လိုမျိုး လူတွေ ကလည်းတဖြည်းဖြည်းများလာတာပေါ့…..တချိန်လုံးကြီးလိုက်ဝေဖန်နေပြီး ဝေဖန်မှုရှိမှ အောင်မြင်တာတွေဘာတွေအဲ့လောက်ကြီးထိမလိုဘူးပေါ့နော်…..အမတို့ မြန်မာပြည်က အရမ်းကို ဖိနှိပ်ထားခံခဲ့ရတော့ အခုချိန်မှာ အရမ်းကို ပြောချင်နေကြတာပေါ့….. ” ဟု သူမအမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ” ငယ်ရွယ်တဲ့ မိဘတွေကြောင့် Quality မပြည့်တဲ့ မိဘတွေကနေပြီးတော့ Quality မပြည့်တဲ့ သားသမီးတွေမွေးလာကြတယ်…တကယ်တမ်းအလုပ်လုပ်နေတဲ့ လူတွေက သူများဝလား ပိန်တာ နို့တွေတွဲနေလား ပြောဖို့အချိန်မရှိဘူး” လို့လည်း ရိုင်းစိုင်းတဲ့သူတွေအပေါ် သူမအမြင်ကို ပြောပြလာခဲ့တာပါ။ ဒါကတော့ Online ပေါ်မှာ ရိုင်းပြစွာဆဲဆိုနေသူတွေ အပေါ်သူမရဲ့ အမြင်လေးကို မဝင်းမင်းသန်းက ပြောပြာထားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ…. ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း မှတ်ချက်ပေးခဲ့ကြပါအုန်းနော်။။
Add a Comment
Your email address will not be published. Required fields are marked *
fifteen + sixteen =