ညီမ အရင်းဖြစ်သူမှ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး အားနှိပ်စက်သော သတင်းများကြောင့် အမျီုးသမီးရေးရာ အဖွဲ့ မှသွားရောက် မေးမြန်း

ညီမ အရင်းဖြစ်သူမှ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး အားနှိပ်စက်သော သတင်းများကြောင့် အမျီုးသမီးရေးရာ အဖွဲ့ မှသွားရောက် မေးမြန်း

ယ​နေ့ ( 20 .5.2020 ), Fb လူမှု့ကွန်ယက်၌ ပျံ့နှံ့​နေ​သော ​အောင်ပန်းမြို့ မဂ်လာရပ်ကွက်တွင်​နေထိုင်လျှက် ရှိသည့် အငြိမ်းစား​ကျောင်းအုပ် ဆရာမကြီးအား ညီမအရင်းဖြစ်သူမှ နှိပ်စက်ညှင်းပမ်း သတင်းများ​ကြောင့် ​အောင်ပန်းမြို့ အသင်းခွဲမှ မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေးအသင်း နှင့် အမျီုးသမီး​ရေးရာ အဖွဲ့တို့မှ သွား​ရောက်​တွေ့ဆုံ ​ဆွေး​နွေး​မေးမြန်း ခဲ့ကြပါသည်။

ယခုအခါတွင် ဆရာမကြီးသည် အသက် ( ၈၂ ) နှစ် ရှိပြီဖြစ်ပြီး/ ကျန်းမာ​ရေး​ကောင်းမွန်သည် / သတိ​ကောင်းစွာ ရှိသည်/ မှတ်ဥာဏ်များမချို့ယွင်း​သေးပါ / စာကို​ကောင်းစွာဖတ်နိုင်၍ အမြင်မှုန်ဝါးခြင်းမရှိ / လမ်း​လျှောက်ရာတွင် လူတွဲ​ဖေးကူ မစရာမလို/ ကျင်ကြီးကျင်ငယ် အား ကိုယ်တိုင် စွန့်နိုင်သူဖြစ်​နေ​သေး​ကြောင်းဝမ်း​မြောက် စွာသိရှိ​တွေ့ မြင်ခဲ့ရပါသည်

ဆရာမကြီး၏ ကျန်ရှိ​နေသည့်လက်ကျန်အချိန် အတွက် အ​ကောင်းဆုံးနှင့်အဆင်​ပြေဆုံး ဖြစ်​စေရန် ကူညီ​ထောက်ပံ့​ပေးရန်ရည်ရွယ်ပါ​ကြောင်း/ လက်ရှိ အုပ်ထိန်း​နေသည့်ညီမဖြစ်သူကို မိမိတို့၏ သ​ဘောဆန္ဒအား ပွင့်ပွင့်လင်းလင်း​ပြော​စေလို​ကြောင်း ​ပြောကြားရာတွင် အိမ်ရှင်ညီမဖြစ်သူက မိမိသည်ကျန်းမာ​ရေး မ​ကောင်းပါ​ကြောင်း မိသားစုစားဝတ်​နေ​ရေးအတွက်လဲ တဖက်မှရုန်းကန်​နေရပါ၍ ​ရေရှည်အတွက်ဆိုလျှင် အဆင်​ပြေမည်မဟုတ်ပါ​ကြောင်း ၊

အမျီုးသမီး​ရေးရာအဖွဲ့မှကူညီ​ပေးမည့် ဘိုးဘွားရိပ်သာ သက်ကြီးရွယ် အို​စောင့်​ရှောက်​ရေး ဌာနသို့ ပို့ ​ဆောင်ချင်ပါသည်ဟု ​ပြောကြားလာပါသည် ။ဆက်လက်၍အငြိမ်းစား​ကျောင်းအုပ်ဆရာမကြီးအား ကျမတို့အဖွဲ့ မှ ကျန်းမာ​ရေး/ ​စားဝတ်​နေ​ရေး /ကျန်ရှိ​နေသည့် ဘဝ​နေ​ရေးတွင် တရားဘာဝနာ များကျင့်ကြံ ပွားများ အားထုတ်နိုင်​စေ​ရေး အတွက် ရည်ရွယ်၍ ဘိုးဘွားရိပ်သာသို့ ပို့​ဆောင်​ပေးမည်ဟု​ပြောကြားရာ/ ဆရာမကြီးမှမိသားစုနှင့်တိုင်ပင်ပြီးလျှင်အ​ကြောင်းပြန်မည်ဖြစ်​ကြောင်း သိရှိခဲ့ရပါသည်။

ဆရာမကြီးမှသွားမည်ဟု အ​ဖြေသိရသည်နှင့် ကျမတို့​အောင်ပန်းမြို့မှ ရပ်မိရပ်ဖများ /မြို့ဖွံ့ဖြိုးတိုးတက်​ရေးအဖွဲ့ / မြို့အုပ်ချုပ်​ရေးမှူး / မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းနှင့် အမျိုးသမီး​ရေးရာ အဖွဲ့ တို့မှဦး​ဆောင်လျှက် ပရဟိတလူမှု့ ကူညီမှု့ အသင်းအဖွဲ့ များ တို့ နှင့် စု​ပေါင်းတိုင်ပင် ၍အ​ကောင်းဆုံး စီစဉ်​ဆောင်ရွက်ကြမည်ဟု သိရသည်။
(တွေ့ဆုံမှု့ မှတ်တမ်း ဓါတ်ပုံများနှင့်အတူတင်ပြ အပ်ပါသည်)

Source – Aye Aye Han

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =