သုံးဘီးေမာင္းၿပီး ေက်ာင္းထားေပးခဲ့ တဲ့ ဖခင္ ကို ဂုဏ္ယူစြာ ထုတ္ေဖာ္ခဲ့ တဲ့ သြား ဆရာဝန္မေလး

သုံးဘီးေမာင္းၿပီး ေက်ာင္းထားေပးခဲ့တဲ့ ဖခင္ကို ဂုဏ္ယူစြာ ထုတ္ေဖာ္ခဲ့တဲ့ သြားဆရာဝန္မေလး။ လက္ရွိအခ်ိန္မွာ သြားဆရာဝန္တစ္ေယာက္အျဖစ္ ဘဝလမ္းေၾကာင္း ေျဖာင့္ျဖဴးေနၿပီျဖစ္တဲ့ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ သူမရဲ႕ ဖခင္ ကို ဂုဏ္ယူစြာနဲ႔ ထုတ္ေဖာ္လိုက္ပါတယ္။ သူမရဲ႕ဖခင္ဟာ ညီမျဖစ္သူကိုလည္း ေဆးဝါးကြၽမ္းက်င္ဘာသာရပ္နဲ႔ ေက်ာင္းၿပီးေအာင္ ထားေပးခဲ့သူပါ။

အမည္ကေတာ့ Marga Santiago Suobiron ျဖစ္ပါတယ္။ သူမရဲ႕ဖခင္ဟာ မိသားစု မေျပလည္တဲ့ၾကားက သုံးဘီးေမာင္းၿပီး သူမတို႔ ညီအစ္မႏွစ္ေယာက္ကို ေက်ာင္းၿပီးေအာင္ ထားခဲ့သူပါ။ ဖခင္ဟာ သုံးဘီး ကိုေတာင္ အငွားေမာင္းရတဲ့ဘဝနဲ႔ သူတို႔ညီအစ္မႏွစ္ေယာက္ကို ေက်ာင္းၿပီးေအာင္ ထားခဲ့ပါသတဲ့။ Marga ဟာ ဖခင္ကို ေက်းဇူးတင္ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန မွ်ေဝခဲ့ပါတယ္။ ထိုသို႔မွ်ေဝရင္းနဲ႔ သူမရဲ႕လုပ္ရပ္ကို လူသိန္းေပါင္းမ်ားစြာက သတိထားမိခဲ့သလို၊ ဒီအေၾကာင္းကိုပဲ ေဒသခံမီဒီယာေတြက ျပန္လည္ေဖာ္ျပေပးခဲ့တာေၾကာင့္ လူမႈကြန္ရက္မွာ နာမည္ႀကီး လာပါေတာ့ တယ္။

Marga အေနနဲ႔ ငယ္ငယ္က ေလယာဥ္မယ္ ျဖစ္ခ်င္ခဲ့ေပမယ့္ မိခင္ကေတာ့ သူမကို ဘဏ္တစ္ခုခုမွာ စာရင္းကိုင္ျဖစ္ျဖစ္ လုပ္ေစခ်င္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူမက သခ်ၤာဘာသာရပ္မွာ အားနည္းတဲ့အတြက္ အဲဒီႏွစ္ခု စလုံးနဲ႔ မနီးစပ္ခဲ့ဘဲ၊ ဖခင္ျဖစ္ေစခ်င္တဲ့ သြားဆရာဝန္တစ္ေယာက္ျဖစ္ဖို႔ အခြင့္အလမ္း မ်ားသြားခဲ့တာပါ။ ကနဦးတုန္းကေတာ့ ဖခင္တိုက္တြန္းခ်က္ကို သူမက လက္မခံခဲ့ပါဘူး။

သိတဲ့အတိုင္း သြား/ေဆးတက္ ဖို႔ဆိုတာ ေတာ္႐ုံစရိတ္စက တက္ႏိုင္႐ုံနဲ႔ မျဖစ္ႏိုင္လို႔ပါ။ ဖခင္က သြား/ေဆးတက္ဖို႔ကိုသာ ေ႐ြးခ်ယ္ဖို႔ တိုက္တြန္းခဲ့ၿပီး ေငြေရးေၾကးေရး စိတ္မပူဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒီလိုနဲ႔ သြား/ေဆးကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာပါ။ Marga ရဲ႕ဖခင္ဟာ ေတာင္သူလုပ္ငန္းကို မနက္(၄)နာရီမွာ ထၿပီးလုပ္ပါတယ္။ (၆)နာရီမွာ အိမ္ျပန္လာၿပီး၊ မနက္စာစား (၇)နာရီဆို သုံးဘီးနဲ႔ ေငြရွာ ထြက္ပါတယ္။ သူမတို႔မိသားစု ကို တျခားသူေတြက အကူအညီေတြ ေပးၾကတာ မွန္ေပမယ့္ ဖခင္ျဖစ္သူရဲ႕ ဇြဲလုံံ့လနဲ႔ဝီရိယသာ မရွိဘူးဆိုရင္ သူမတို႔ ညီအစ္မေတြ ဘာရယ္ဆိုတာ ျဖစ္လာမွမဟုတ္ဘူးလို႔ ေျပာပါတယ္။

Marga ဟာ ဖိလစ္ပိုင္ႏိုင္ငံ၊ Iloilo ၿမိဳ႕က နာမည္ႀကီးေဆးတကၠသိုလ္ျဖစ္တဲ့ Iloilo Doctors College ကေန ေဒါက္တာဘြဲ႕ရယူခဲ့ပါတယ္။ ဇူလိုင္(၅)ရက္ေန႔က သူမရဲ႕ ဖခင္ကို ဂုဏ္ျပဳေၾကာင္းတင္ခဲ့တဲ့ ေဖ့စ္ဘြတ္ခ္ပို႔စ္ဟာ တျခားသူေတြအတြက္ အားက်စရာ အတုယူစရာ ျဖစ္ခဲ့ၿပီး၊ လိုက္ခ္ျပဳလုပ္သူ (၃၄၀၀၀)အထိ ရွိခဲ့ပါတယ္။ ျပန္လည္မွ်ေဝသူ (၁၂၀၀၀)အထိ ရွိခဲ့ပါတယ္။ ခရက္ဒစ္

unicode

သုံးဘီးမောင်းပြီး ကျောင်းထားပေးခဲ့ တဲ့ ဖခင် ကို ဂုဏ်ယူစွာ ထုတ်ဖော်ခဲ့ တဲ့ သွား ဆရာဝန်မလေး

သုံးဘီးမောင်းပြီး ကျောင်းထားပေးခဲ့တဲ့ ဖခင်ကို ဂုဏ်ယူစွာ ထုတ်ဖော်ခဲ့တဲ့ သွားဆရာဝန်မလေး။ လက်ရှိအချိန်မှာ သွားဆရာဝန်တစ်ယောက်အဖြစ် ဘဝလမ်းကြောင်း ဖြောင့်ဖြူးနေပြီဖြစ်တဲ့ အမျိုးသမီး တစ်ယောက်ကတော့ သူမရဲ့ ဖခင် ကို ဂုဏ်ယူစွာနဲ့ ထုတ်ဖော်လိုက်ပါတယ်။ သူမရဲ့ဖခင်ဟာ ညီမဖြစ်သူကိုလည်း ဆေးဝါးကျွမ်းကျင်ဘာသာရပ်နဲ့ ကျောင်းပြီးအောင် ထားပေးခဲ့သူပါ။

အမည်ကတော့ Marga Santiago Suobiron ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ မိသားစု မပြေလည်တဲ့ကြားက သုံးဘီးမောင်းပြီး သူမတို့ ညီအစ်မနှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့သူပါ။ ဖခင်ဟာ သုံးဘီး ကိုတောင် အငှားမောင်းရတဲ့ဘဝနဲ့ သူတို့ညီအစ်မနှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့ပါသတဲ့။ Marga ဟာ ဖခင်ကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မျှဝေခဲ့ပါတယ်။ ထိုသို့မျှဝေရင်းနဲ့ သူမရဲ့လုပ်ရပ်ကို လူသိန်းပေါင်းများစွာက သတိထားမိခဲ့သလို၊ ဒီအကြောင်းကိုပဲ ဒေသခံမီဒီယာတွေက ပြန်လည်ဖော်ပြပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီး လာပါတော့ တယ်။

Marga အနေနဲ့ ငယ်ငယ်က လေယာဉ်မယ် ဖြစ်ချင်ခဲ့ပေမယ့် မိခင်ကတော့ သူမကို ဘဏ်တစ်ခုခုမှာ စာရင်းကိုင်ဖြစ်ဖြစ် လုပ်စေချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမက သချင်္ာဘာသာရပ်မှာ အားနည်းတဲ့အတွက် အဲဒီနှစ်ခု စလုံးနဲ့ မနီးစပ်ခဲ့ဘဲ၊ ဖခင်ဖြစ်စေချင်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်း များသွားခဲ့တာပါ။ ကနဦးတုန်းကတော့ ဖခင်တိုက်တွန်းချက်ကို သူမက လက်မခံခဲ့ပါဘူး။

သိတဲ့အတိုင်း သွား/ဆေးတက် ဖို့ဆိုတာ တော်ရုံစရိတ်စက တက်နိုင်ရုံနဲ့ မဖြစ်နိုင်လို့ပါ။ ဖခင်က သွား/ဆေးတက်ဖို့ကိုသာ ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပြီး ငွေရေးကြေးရေး စိတ်မပူဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ သွား/ဆေးကို ရွေးချယ်ဖြစ်ခဲ့တာပါ။ Marga ရဲ့ဖခင်ဟာ တောင်သူလုပ်ငန်းကို မနက်(၄)နာရီမှာ ထပြီးလုပ်ပါတယ်။ (၆)နာရီမှာ အိမ်ပြန်လာပြီး၊ မနက်စာစား (၇)နာရီဆို သုံးဘီးနဲ့ ငွေရှာ ထွက်ပါတယ်။ သူမတို့မိသားစု ကို တခြားသူတွေက အကူအညီတွေ ပေးကြတာ မှန်ပေမယ့် ဖခင်ဖြစ်သူရဲ့ ဇွဲလုံံ့လနဲ့ဝီရိယသာ မရှိဘူးဆိုရင် သူမတို့ ညီအစ်မတွေ ဘာရယ်ဆိုတာ ဖြစ်လာမှမဟုတ်ဘူးလို့ ပြောပါတယ်။

Marga ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo မြို့က နာမည်ကြီးဆေးတက္ကသိုလ်ဖြစ်တဲ့ Iloilo Doctors College ကနေ ဒေါက်တာဘွဲ့ရယူခဲ့ပါတယ်။ ဇူလိုင်(၅)ရက်နေ့က သူမရဲ့ ဖခင်ကို ဂုဏ်ပြုကြောင်းတင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ဟာ တခြားသူတွေအတွက် အားကျစရာ အတုယူစရာ ဖြစ်ခဲ့ပြီး၊ လိုက်ခ်ပြုလုပ်သူ (၃၄၀၀၀)အထိ ရှိခဲ့ပါတယ်။ ပြန်လည်မျှဝေသူ (၁၂၀၀၀)အထိ ရှိခဲ့ပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *

one + ten =