ချစ်မေမေ ရဲ့ အလှအပတွေကိုအမွေ ရထားလို့ မိခင်နဲ့ ချွတ်စွပ်တူပြီး အရမ်း ချစ်စရာကောင်းတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်တွေချစ်ရတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်း ကလုပ်ဆောင်ခဲ့ပြီး သီချင်းဆိုတာပါအပြင် သရုပ်ဆောင်ပါတော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဝိုင်းစုက အခုချိန်မှာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပြီး သူမသီချင်းတိုင်းကလည်း နားထောင်လို့ကောင်းပါတယ်။လက်ရှိမှာလည်း ဝိုင်းစုက သီချင်းသစ်လေးတွေအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်နော်။

ဝိုင်းစုရဲ့ချစ်သူအောင်လကလည်း တေးရေး၊တေးဆို တစ်ယောက်ဖြစ်တာကြောင့် ချစ်သူလေးအတွက်လည်း ကိုယ်တိုင်သီချင်းတွေရေးပေးပါတယ်နော်။ဝိုင်းစုတို့ချစ်သူနှစ်ယောက်က စိတ်တူ၊ကိုယ်တူ၊ဝါသနာတူနဲ့ အရမ်းလိုက်ဖက်ညီကြတဲ့ စုံတွဲလေးပါ။ပရိသတ်တွေကတော့ ဝိုင်းစုတို့နှစ်ယောက်လုံးရဲ့သီချင်းတွေကိုလည်း အားပေးကြသလို သူတို့စုံတွဲလေး ကိုလည်း ချစ်နေကြတာဖြစ်ပါတယ်။

ဝိုင်းစုကတော့ ချစ်မွှေးပါတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သဘောကောင်းဖော် ရွေတဲ့သူလေးပါနော်။ ဟိုးအရင်ကတည်းက ချစ်စရာကောင်းသူလေးဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့မျက်လုံးလှလှလေးတွေကြောင့် အရုပ်မလေးနဲ့တောင်တူပါတယ်။ဝိုင်းစုက မေမေ့ဆီကအလှအပတွေကို အမွေရထားတာဖြစ်လို့ မေမေနဲ့ ချွတ်စွပ်တူပြီး အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Wine Su Khine Thein’s Facebook Account & page

Add a Comment

Your email address will not be published. Required fields are marked *

five + sixteen =