Couple Mask လေးတပ်ပြီး လူငယ် လေးတွေ လို အထာကျကျ လန်းနေ ကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ တို့ စုံတွဲ
|Couple Mask လေးတပ်ပြီး လူငယ် လေးတွေ လို အထာကျကျ လန်းနေ ကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ တို့ စုံတွဲ
ပရိသတ်ကြီးရေ.. အနုပညာလောက မှာ ပရိသတ်တွေကိုယ်စီအခိုင်အမာ နဲ့အောက်မြင်နေကြ သ လို ကြည်နူးစရာကောင်းလွန်းတဲ့ စုံတွဲပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျအ ချစ်ပိုစေတဲ့ ဆယ်လီစုံတွဲကတော့ စိုးသူနဲ့ စိုးမြတ်နန္ဒာ တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။
တစ်ယောက်ကို တစ်ယောက် နားလည် ချစ်မြတ်နိုးမှုလေးတွေနဲ့ တည်ထောင်ဖြတ် သန်း နေကြတဲ့ သူတို့နှစ်ဦးရဲ့ကြည်နူးစရာပုံရိပ်လေးတွေဟာ အေးချမ်းတဲ့မေတ္တာတရားတွေကို ပုံဖော်ထားပြီး လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာ လ ည်း ဖြစ်ပါတယ်..။
ဆယ်စုနှစ်တွေကတည်းက ဇာတ်ကားပေါင်းစွာ နဲ့ အကယ်ဒမီ ထူးချွန်ဆုတွေကိုပါ ဆွတ်ခူး ရှိထားကာ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်ခဲ့ကြပေမယ့် လတ်တလော မှာတော့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း ပရိသတ်တွေက ဆက်လက်အား
ပေးချစ်ခင်နေကြဆဲ ပါပဲနော်..။
ပရိသတ်အချစ်တော် စုံတွဲလေးဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ လိုက်ဖက်လွန်းတဲ့ စုံတွဲ ပုံလေး တွေနဲ့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေသလို အခုတစ်ခါမှာလည်း အမိုက်စားစုံတွဲပုံ ရိပ်လေးတွေ ဝေမျှရင်း ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်ပါတယ်နော်..။
ကျန်းမာရေးဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်နဲ့အညီ ချုပ်လုပ်ထားပြီး နာမည်လေးတွေရေး ထိုး ထားတဲ့ ချည်သား Mask လေးဖြစ်တဲ့ Zoey Mask တွေ တပ်ပြီး အထာကျကျလေး စွန်းမိုက် နေကြတဲ့ စုံတွဲပုံလေးတွေကို မမဒါဒါက ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
Couple Mask လေးတပ်ပြီး လူငယ်လေးတွေလို အထာကျကျ လန်းနေကြတဲ့ သူတို့ရဲ့စုံတွဲ ပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေကလည်း သဘောကျနေကြပြီး လိုက်ဖက်ညီ ကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောထားကြပါတယ်နော်..။
crd : xbmedia