သီဟတင္စိုး အမႈမွာ တရားစြဲခံရတဲ့ အိမ္အကူ ေဒၚခင္မာျမင့္ ေထာင္ဒဏ္ ခ်မွတ္ခံရၿပီ

ယခု သတင္းကို ( Pyi Myanmar ) စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ ျခင္း ျဖစ္ပါသည္

သီဟတင္စိုးအမႈတြင္ တရားစြဲဆိုခံရသည့္ အိမ္အကူေဒၚခင္မာျမင့္ ကို ေထာင္(၇)ႏွစ္ႏွင့္ ပြဲစားေဒၚညိဳကို ေထာင္(၅)အသီးသီး ခ်မွတ္

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ သီဟတင္စိုးက အဓမၼျပဳက်င့္သည္ ဟု လိမ္လည္တိုင္တန္းခဲ့ကာ ေလွ်ာ္ေၾကး ေငြေတာင္း ခံခဲ့သည္ဆိုေသာကိစၥေၾကာင့္ တရားစြဲဆိုခံထားရသည့္ အိမ္အကူေဒၚခင္မာျမင့္ကို ေထာင္ဒဏ္ ခုႏွစ္ႏွစ္ ႏွင့္ ပြဲစားေဒၚညိဳကို ေထာင္ဒဏ္ ငါးႏွစ္ အသီးသီး ခ်မွတ္လိုက္ ေၾကာင္း သိရသည္။

ဇူလိုင္လ ၃၀ ရက္က သဃၤန္းကြၽန္း ၿမိဳ႕နယ္ တရား႐ုံးမွ ၄င္းတို႔ ႏွစ္ဦးအေပၚ အထက္ပါအတိုင္း အမိန္႔ခ် မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း ေဒၚညိဳအမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္တင္က ျပည္ျမန္မာကို ေျပာသည္။

အိမ္အကူခင္မာျမင့္ကို သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၁၁ (နစ္နာေစရန္ ရည္႐ြယ္၍ ျပစ္မႈက်ဴးလြန္သည္ဟု မမွန္မကန္စြပ္စြဲျခင္း) ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၈၉ (ေျခာက္လွန္႔ေတာင္းယူမႈကို က်ဴးလြန္ရန္တစ္ဦး တစ္ေယာက္ေသာသူအား ျပစ္မႈတစ္ခုခုျဖင့္ စြပ္စြဲမည္ဟု ေၾကာက္ေအာင္ ျပဳျခင္း) ျဖင့္ ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ျပစ္ဒဏ္မ်ားကို သီးျခားစီ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ပြဲစား ေဒၚညိဳကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၈၉( ေျခာက္လွန္႔ေတာင္းယူမႈကို က်ဴးလြန္ရန္ တစ္ဦး တစ္ေယာက္ေသာသူအား ျပစ္မႈတစ္ခုခုျဖင့္ စြပ္စြဲမည္ဟုေၾကာက္ေအာင္ ျပဳျခင္း) ျဖင့္ ေထာင္ဒဏ္ ငါး ႏွစ္က်ခံေစ ရန္အမိန္႔ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

လြန္ခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္းက ႐ုပ္ရွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ သီဟတင္စိုးႏွင့္ ေဒၚဇင္မာဦးတို႔ ဇနီး ေမာင္ႏွံအိမ္တြင္ အိမ္အကူလုပ္ကိုင္ေနသည့္ ခင္မာျမင့္က သီဟတင္စိုးအေနျဖင့္ ၄င္းအေပၚ အဓမၼျပဳ က်င့္သည္ဟုဆိုကာ သု၀ဏၰနယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္ၿပီး၊ အမႈဖြင့္ၿပီး ေလးရက္ ေျမာက္ေန႔ တြင္ လိမ္လည္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း အမႈေပၚေပါက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈမွာ စစ္ေဆးခ်ိန္ (၂)ႏွစ္ခန္႔ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

မင္းရန္ေနာင္
Credit = Pyi Myanmar

unicode

သီဟတင်စိုး အမှုမှာ တရားစွဲခံရတဲ့ အိမ်အကူ ဒေါ်ခင်မာမြင့် ထောင်ဒဏ် ချမှတ်ခံရပြီ

ယခု သတင်းကို ( Pyi Myanmar ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက် ခြင်း ဖြစ်ပါသည်

သီဟတင်စိုးအမှုတွင် တရားစွဲဆိုခံရသည့် အိမ်အကူဒေါ်ခင်မာမြင့် ကို ထောင်(၇)နှစ်နှင့် ပွဲစားဒေါ်ညိုကို ထောင်(၅)အသီးသီး ချမှတ်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည် ဟု လိမ်လည်တိုင်တန်းခဲ့ကာ လျှော်ကြေး ငွေတောင်း ခံခဲ့သည်ဆိုသောကိစ္စကြောင့် တရားစွဲဆိုခံထားရသည့် အိမ်အကူဒေါ်ခင်မာမြင့်ကို ထောင်ဒဏ် ခုနှစ်နှစ် နှင့် ပွဲစားဒေါ်ညိုကို ထောင်ဒဏ် ငါးနှစ် အသီးသီး ချမှတ်လိုက် ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်က သင်္ဃန်းကျွန်း မြို့နယ် တရားရုံးမှ ၄င်းတို့ နှစ်ဦးအပေါ် အထက်ပါအတိုင်း အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါ်ညိုအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင်က ပြည်မြန်မာကို ပြောသည်။

အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ (နစ်နာစေရန် ရည်ရွယ်၍ ပြစ်မှုကျူးလွန်သည်ဟု မမှန်မကန်စွပ်စွဲခြင်း) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၉ (ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန်တစ်ဦး တစ်ယောက်သောသူအား ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲမည်ဟု ကြောက်အောင် ပြုခြင်း) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်များကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲစား ဒေါ်ညိုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၉( ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် တစ်ဦး တစ်ယောက်သောသူအား ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲမည်ဟုကြောက်အောင် ပြုခြင်း) ဖြင့် ထောင်ဒဏ် ငါး နှစ်ကျခံစေ ရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၁၈ ခုနှစ်အတွင်းက ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးနှင့် ဒေါ်ဇင်မာဦးတို့ ဇနီး မောင်နှံအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည့် ခင်မာမြင့်က သီဟတင်စိုးအနေဖြင့် ၄င်းအပေါ် အဓမ္မပြု ကျင့်သည်ဟုဆိုကာ သု၀ဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး၊ အမှုဖွင့်ပြီး လေးရက် မြောက်နေ့ တွင် လိမ်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုမှာ စစ်ဆေးချိန် (၂)နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

မင်းရန်နောင်
Credit = Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *

4 × four =