ကိုယ်ဝန်ဆောင် လို့တောင် ထင်မှားလောက် တဲ့ လူနာ သမီးလေး တစ်ယောက် ရဲ့ ဖြစ်ရပ် (သတိထားကြဖို့ မျှဝေပေး လိုက်ပါတယ်)

ကိုယ်ဝန်ဆောင် လို့တောင် ထင်မှားလောက် တဲ့ လူနာ သမီးလေး တစ်ယောက် ရဲ့ ဖြစ်ရပ် (သတိထားကြဖို့ မျှဝေပေး လိုက်ပါတယ်)

တာချီလိတ်မှာ ဆရာဝန်က ဗိုက်အနေအထား ကိုကြည့်ပြီး ကိုယ်ဝန်ဆောင်လို့ ထင်ယောင် ထင်မှား ဖြစ်ပါသေးတယ် (သမီးလေးအနားမှာစောင့်ရင်း ဒီpostလေးကို ရေးလိုက်တာပါ)ဒီနေ့ သမီးလေးအနားမှာစောင့်ရင်းဒီpostလေးကို ရေးလိုက်တာပါ.မိတ်ဆွေတချို့ ကလည်း မိခင်ဖခင်တွေဖြစ်တဲ့သားသမီးရှင်တွေ ဗဟုသုတ ရပြီးသားသမီးတွေကို အစားအသောက်ဆင်ချင်နိုင်အောင်လို့ ရေးပေးပါဆိုလို့ပါ။

ရောဂါအစသင်္ကြန်မတိုင်မီကျတော် တို့မိသားစု ကျိုင်းတုံဘက်အလည်ထွက်ပါတယ်.တာချီလိတ်မှာညအိပ်တော့ သမီးလေးဝမ်းမသွားပဲဗိုက်က အောင့်ပြီး တင်းလာပါတယ်.ဆရာဝန်ပြပါတယ် တာချီလိတ်မှာဆရာဝန်က ဗိုက်အနေအထားကိုကြည့်ပြီးကိုယ်ဝန်ဆောင်လို့ ထင်ယောင်ထင်မှားဖြစ်ပါသေးတယ်.မိခင်ဖြစ်သူ မှ အပျိုဖြစ်ကြောင်းပြောတော့ ဗိုက်အနေအထားကိုကြည့်ကာအမြန်ဆုံး ဓာတ်မှန်ရိုက်ကာ စနစ်တကျကုသဖို့ လမ်းညွှန်ပါတယ်။ကျိုင်းတုံကနေကျိုက်ထီးဆောင်းသို့ ပြန်ကာ သင်္ကြန်အကျိုနေ့မှာ သမီးလေးက သီလရှင် ဝတ်ပါတယ်။

KTAက ရဟန်းဝတ်ပီ ဇင်းကျိုက်တောင် မှာနေကြပါတယ်.ပထမတော့ ဝမ်းချုပ်ပြီးဗိုက်အောင့်တယ်လို့ ထင်နေတာဖြစ်ပြီးတရက်၂ရက်အတွင်း ဗိုက်ကတင်းတင်းလာပြီး ညဆို ကိုယ်ပူအဖျားတက်တော့တာဘဲ.ဒါနဲ့ချက်ချင်းပဲ မဲဆောက်အင်တာနေရှင်နယ်ဆေးရုံကို ဇင်းကျိုက်မှ အပြေးတက်လာပါတော့တယ်။ဆေးရုံက စနစ်တကျဆေးစစ်ပါတယ်ဆီး ဝမ်း သွေး အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်တယ် အသဲ အဆုတ်ကျောက်ကပ် နှလုံးစစ်တယ် အကုန်ကောင်းပါတယ်။

နောက်ဝမ်းဗိုက်ကို ဓာတ်မှန်အဖြေရရေတွေတွေ့ပါတယ်.ဒါနဲ့ချက်ချင်း စုပ်ထုတ်တယ်ရေ၂ လီတာကျော် သုံးပုလင်းခန့် ထွက်ကာသမီးလေးဗိုက်တင်းတာ သက်သာပါတော့တယ်။ရောဂါလက္ခဏာက ညဆိုခဏခဏကိုယ်ပူပါတယ်ဆေးရုံရောက်ပြီး ဆေးသွင်း တာတောင်၆ရက်လောက်ထိကိုယ်ပူတုန်းပါ။ ဝမ်းဗိုက်တွင်းက ရေကိုစစ်ထားတာ အဖြေစောင့်ရင်းဆရာဝန်က သွေးထုတ်ကာရောဂါပိုးကို မွေးပြီး အဖြေရှာပါတယ်။

ဆေးစစ်ထားချက်အဖြေက ကင်ဆာမဟုတ်ကြောင်း ဝမ်းဗိုက်အမှေးတီဘီဖြစ်နိုင်ကြောင်းဝမ်းဗိုက်ထဲက စုပ်ထားတဲ့ အရည်အဖြေမရခင်(7)ရက်မြောက်နေ့မှာ တီဘီဆေး စမ်းတိုက်ရာအဖျားတက်တဲ့ အကြိမ်ကျဆင်းပါတော့တယ်။နောက်ဆုံးဗိုက်ထဲမှရေကို စစ်ထားတဲ့အဖြေကတီဘီပိုးတွေ့ကြောင်းအတည်ပြုကာ တီဘီဆေးသောက်စေပါတော့တယ်.ထိုင်းနိုင်ငံ ဆေးကုသမှုက စနစ်ကျပါတယ်ရောဂါရှာဖွေတယ် သွေးဖောက်ရောဂါပိုးကိုမွေးပြီး ပိုးသတ်ပါတယ်။ရောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့သမီးလေးက ခြေလေးချောင်းသား မစားပါဘူး ဒါကြောင့် အသားအတု အသားတုလုံးတွေဆိုအရမ်းကြိုက်ပါတယ်။

တတိယနှစ်ကျောင်း တက်ပါတယ်။ ရန်ကုန်မှာ လမ်းဘေးအစာတွေ လက်လုပ်ချဉ်တွေအရမ်းကြိုက်တယ်.အကင်နဲ့အသားတုတွေဆို အရမ်းကြိုက်တယ်.အဲ့တော့ ဆရာဝန်တွေရဲ့သုံးသပ်ချက်က အစားမှားတယ်လို့ ဆိုတယ်.တရုတ်က ဝင်တဲ့ အသားလုံးအတုတွေက အနံ့အရသာ ဓာတုပစ္စည်းတွေ ပါဝင်တယ် FDAစစ်တာ နည်းတယ်.အချဉ်ကလည်းအရောင်တင်ဆေးမှုန့်တွေနဲ့ အက်ဆစ်ဓာတ်များတယ်။ ဒါကြောင့် ကလေးများကို အစားအသောက်ဂရုတစိုက်ဆင်ခြင်ကြစေခြင်ပါတယ်။ကျတော့်ရဲ့သမီးလေလို မခံစားစေချင်ပါဘူး။

ခုဆိုသမီးလေး တီဘီဆေးသောက်တာ ၃ လကျော်ပြီး ဝမ်းဗိုက်ကာ ကောင်းကာပေါင်ရင်းနားမှာ ဝမ်းဗိုက်ကဲ့သို့ အရည်အိတ်လက်ဝါးတအုပ်လောက်ဖြစ်ကာယနေ့မှာ ခွဲစိတ်ကုသမှုခံရပါမယ်။ဝမ်းဗိုက်အမှေးတီဘီသည် ဆရာဝန်မှပြောရာအဆုတ်တီဘီကဲ့သို့ တပါးသူ အားမကူးပါ.ဝေဒနာရှင်ကသာ အထူးဂရုပြုနေထိုင်ပါကိုယ်ခံအားနည်း၍ တခြားရောဂါများအလွယ်တကူ ကူးဆက်နိုင်ပါသည်..

(ဘဝတူ မိဘများ ဗဟုသုတရစေရန်အလို့ငှာ)

KTA…3.8.2018

Credit: Kyan Tine Aung

Add a Comment

Your email address will not be published. Required fields are marked *

five × 3 =