၂၀၇၀ ခုႏွစ္တြင္ ကမာၻ႔လူဦးေရ သန္းသုံးေထာင္ေက်ာ္ မွာ အလြန္ျပင္းထန္ေသာ အပူခ်ိန္ထဲတြင္ ေနထိုင္ၾက ရေတာ့မည္ဟု ပညာရွင္မ်ား သတိေပး

သုေတသန အသစ္တစ္ရပ္အရ ၂၀၇၀ ခုႏွစ္မွာ ကမာၻ႔လူဦးေရ သန္းသုံးေထာင္ေက်ာ္ဟာ မေနထိုင္သင့္ေလာက္ေအာင္ ပူျပင္းလွတဲ့ေနရာေတြမွာ ေနထိုင္ၾကရလိမ့္မယ္လို႔ ဆိုပါတယ္။ တကယ္လို႔သာ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈသာ ေလ်ာ့က်မသြားဘူးဆိုရင္ လူအေျမာက္အမ်ား ဟာ ၂၉ ဒီဂရီစီထက္ ပိုမိုပူျပင္းတဲ့ ပ်မ္းမွ်အပူခ်ိန္ေတြမွာ ေနထိုင္ၾကရမယ္လို႔ ဆိုပါတယ္။ဒီအေျခအေနကို လူသားေတြ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၆၀၀၀လုံးလုံး ရွင္သန္ဖြံ႕ၿဖိဳးခဲ့တဲ့ ရာသီဥတု သပၸာယျဖစ္မႈကို ေက်ာ္လြန္သြားတဲ့ အေျခအေနလို႔ ယူဆၾကပါတယ္။ တြဲဖက္သုေတသနမႉး တင္ လင္တန္က ဘီဘီစီကို ေျပာၾကားရာမွာေတာ့ ဒီသုေတသနက ရာသီဥတုေဖာက္ျပန္မႈကို လူသားေဗဒအျမင္နဲ႔ ဖြင့္ဆိုတာျဖစ္တယ္လို႔ ဆိုပါတယ္။

သုေတသီေတြဟာ ကုလသမဂၢရဲ႕ လူဦးေရဆိုင္ရာ အခ်က္အလက္ေတြ ကိုလည္း အသုံးျပဳသလို၊ ကမာၻနဲ႔အဝန္း ျမင့္တက္လာဖြယ္ရွိတဲ့ အပူအခ်ိန္အရ ၃ဒီဂရီစီ ပိုေႏြးလာမယ့္ အလားအလာကိုလည္း တည့္သြင္းစဥ္းစားထားတယ္လို႔ ဆိုပါတယ္။ ကုလအစီရင္ခံစာတစ္ေစာင္မွာေတာ့ ႏိုင္ငံေတြက ပါရီရာသီဥတု သေဘာတူညီခ်က္ကို ဆက္ၿပီး ေထာက္ခံလိုက္နာေနရင္ေသာ္မွ ကမာၻႀကီးဟာ ၃ဒီဂရီစီ ပိုပူလာမယ့္လမ္းေၾကာင္းေပၚကို ေရာက္ႏွင့္ေနခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

သုေတသနအရ ကမာၻ႔လူဦးေရ ရဲ႕ အမ်ားစုႀကီးက ပ်မ္းမွ်အပူခ်ိန္ ၁၁-၁၅ ဒီဂရီစီဝန္းက်င္ ရွိတဲ့ေနရာမွာ စုၿပဳံတိုးေဝွ႔ေနၾကၿပီး အနည္းစုကေလးကပဲ ပ်မ္းမွ်အပူခ်ိန္ ၂၀-၂၅ဒီဂရီစီရွိတဲ့ေနရာေတြမွာ ေနထိုင္ၾကလိမ့္မယ္လို႔ ဆိုပါတယ္။ လူေတြဟာ မ်ားေသာအားျဖင့္ ဒီပုံစံအတိုင္းပဲ ႏွစ္ေထာင္ေပါင္းမ်ာစြာ ေနထိုင္လာခဲ့ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း တကယ္လို႔သာ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ အပူခ်ိန္ ၃ဒီဂရီ ျမင့္တက္လာခဲ့မယ္ဆိုရင္ လူအေျမာက္အမ်ားဟာ ရာသီဥတုသပၸာယျဖစ္မႈကို ေက်ာ္လြန္သြားတဲ့ အပူခ်ိန္ေတြမွာပဲ ေနထိုင္ၾကရေတာ့မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ရာသီဥတုပါရဂူ မစၥတာ လင္တန္က ဘီဘီစီကို ေျပာၾကားရာ မွာေတာ့ ကုန္းေျမက ပင္လယ္ထက္ ပိုၿပီး ျမန္ျမန္ပူေႏြးလာေနလို႔ ၃ဒီဂရီထက္ကို ပိုပူလာလိမ့္မယ္။ ဆာဟာရတစ္ပိုင္းအာဖရိကလို ပူျပင္းၿပီးသားေနရာေတြမွာ လူဦးေရကလည္း မ်ားေနၿပီးသားမို႔ ဒီအေျပာင္းအလဲမွာ အပူဒဏ္ကို ပိုခံၾကရလိမ့္မယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ ၃ဒီဂရီ ပိုမိုပူေႏြးလာတဲ့ကမာၻမွာ သာမန္လူတစ္ေယာက္ဟာ ၇ဒီဂရီ ပိုပူလာတဲ့ အေျခအေနေတြမွာ ေနထိုင္ၾကရေတာ့မယ့္ သေဘာပဲျဖစ္တယ္လို႔ ဆိုပါတယ္။ အပူဒဏ္အခံရႏိုင္ဆုံး နယ္ေျမေဒသေတြထဲမွာ ေျမာက္ၾသစေၾတးလ်၊ အိႏၵိယ၊ အာဖရိက၊ ေတာင္အေမရိကနဲ႔ အေရွ႕အလယ္ပိုင္းက အစိတ္အပိုင္းအေတာ္မ်ားမ်ား ပါဝင္တယ္လို႔ ဆိုပါတယ္။

crd

unicode

၂၀၇၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ သန်းသုံးထောင်ကျော် မှာ အလွန်ပြင်းထန်သော အပူချိန်ထဲတွင် နေထိုင်ကြ ရတော့မည်ဟု ပညာရှင်များ သတိပေး

သုတေသန အသစ်တစ်ရပ်အရ ၂၀၇၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ သန်းသုံးထောင်ကျော်ဟာ မနေထိုင်သင့်လောက်အောင် ပူပြင်းလှတဲ့နေရာတွေမှာ နေထိုင်ကြရလိမ့်မယ်လို့ ဆိုပါတယ်။ တကယ်လို့သာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသာ လျော့ကျမသွားဘူးဆိုရင် လူအမြောက်အများ ဟာ ၂၉ ဒီဂရီစီထက် ပိုမိုပူပြင်းတဲ့ ပျမ်းမျှအပူချိန်တွေမှာ နေထိုင်ကြရမယ်လို့ ဆိုပါတယ်။ဒီအခြေအနေကို လူသားတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀လုံးလုံး ရှင်သန်ဖွံ့ဖြိုးခဲ့တဲ့ ရာသီဥတု သပ္ပာယဖြစ်မှုကို ကျော်လွန်သွားတဲ့ အခြေအနေလို့ ယူဆကြပါတယ်။ တွဲဖက်သုတေသနမှူး တင် လင်တန်က ဘီဘီစီကို ပြောကြားရာမှာတော့ ဒီသုတေသနက ရာသီဥတုဖောက်ပြန်မှုကို လူသားဗေဒအမြင်နဲ့ ဖွင့်ဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသီတွေဟာ ကုလသမဂ္ဂရဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေ ကိုလည်း အသုံးပြုသလို၊ ကမ္ဘာနဲ့အဝန်း မြင့်တက်လာဖွယ်ရှိတဲ့ အပူအချိန်အရ ၃ဒီဂရီစီ ပိုနွေးလာမယ့် အလားအလာကိုလည်း တည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။ ကုလအစီရင်ခံစာတစ်စောင်မှာတော့ နိုင်ငံတွေက ပါရီရာသီဥတု သဘောတူညီချက်ကို ဆက်ပြီး ထောက်ခံလိုက်နာနေရင်သော်မှ ကမ္ဘာကြီးဟာ ၃ဒီဂရီစီ ပိုပူလာမယ့်လမ်းကြောင်းပေါ်ကို ရောက်နှင့်နေခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသနအရ ကမ္ဘာ့လူဦးရေ ရဲ့ အများစုကြီးက ပျမ်းမျှအပူချိန် ၁၁-၁၅ ဒီဂရီစီဝန်းကျင် ရှိတဲ့နေရာမှာ စုပြုံတိုးဝှေ့နေကြပြီး အနည်းစုကလေးကပဲ ပျမ်းမျှအပူချိန် ၂၀-၂၅ဒီဂရီစီရှိတဲ့နေရာတွေမှာ နေထိုင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ လူတွေဟာ များသောအားဖြင့် ဒီပုံစံအတိုင်းပဲ နှစ်ထောင်ပေါင်းမျာစွာ နေထိုင်လာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တကယ်လို့သာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန် ၃ဒီဂရီ မြင့်တက်လာခဲ့မယ်ဆိုရင် လူအမြောက်အများဟာ ရာသီဥတုသပ္ပာယဖြစ်မှုကို ကျော်လွန်သွားတဲ့ အပူချိန်တွေမှာပဲ နေထိုင်ကြရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီဥတုပါရဂူ မစ္စတာ လင်တန်က ဘီဘီစီကို ပြောကြားရာ မှာတော့ ကုန်းမြေက ပင်လယ်ထက် ပိုပြီး မြန်မြန်ပူနွေးလာနေလို့ ၃ဒီဂရီထက်ကို ပိုပူလာလိမ့်မယ်။ ဆာဟာရတစ်ပိုင်းအာဖရိကလို ပူပြင်းပြီးသားနေရာတွေမှာ လူဦးရေကလည်း များနေပြီးသားမို့ ဒီအပြောင်းအလဲမှာ အပူဒဏ်ကို ပိုခံကြရလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ၃ဒီဂရီ ပိုမိုပူနွေးလာတဲ့ကမ္ဘာမှာ သာမန်လူတစ်ယောက်ဟာ ၇ဒီဂရီ ပိုပူလာတဲ့ အခြေအနေတွေမှာ နေထိုင်ကြရတော့မယ့် သဘောပဲဖြစ်တယ်လို့ ဆိုပါတယ်။ အပူဒဏ်အခံရနိုင်ဆုံး နယ်မြေဒေသတွေထဲမှာ မြောက်သြစတြေးလျ၊ အိန္ဒိယ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အစိတ်အပိုင်းအတော်များများ ပါဝင်တယ်လို့ ဆိုပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *

2 + 6 =