





unicode

ပရိသတ်တွေ စိတ်ဝင် တစားစောင့်မျှော်နေကြတဲ့ ချမ်းမြေ့မောင်ချို ရဲ့ “သင့်အတွက် မနက်ဖြန်” သီချင်း MV

ချစ်စရာကောင်းပြီး ပရိသတ်တွေ ကို လှပတဲ့ အပြုံးလေးတွေနဲ့ စွဲဆောင်နိုင်တဲ့ အဆိုတော်မလေး ချမ်းမြေ့မောင်ချို ဟာ Myanmar Idol Season 3 ရဲ့ 1st Runner Up ဆုရှင် တစ်ယောက်ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲကြီးပြီးတဲ့နောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူ ပရိသတ် အများအပြား ရရှိခဲ့ပြီး အချစ်တွေကို ပိုင်ဆိုင် ထားသူလေး ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုက ELEVEN ဆိုတဲ့ အယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားပြီး အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

မနေ့က မေလ (၂၀) ရက်နေ့မှာတော့ ဝေကြီးရေးသား ထားပြီး ချမ်းမြေ့မောင်ချို သီဆိုထားတဲ့ “သင့်အတွက်မနက်ဖြန်” သီချင်းလေးက Music Video နဲ့တကွ ထွက်ရှိလို့လာပါတယ်။ ဒီသီချင်းလေးက Myanmar Idol ပြိုင်ပွဲမှာကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ ရတာမို့ အခုလို MV ထွက်ရှိဖို့ကို ပရိသတ်တွေက မျှော်လင့်တကြီးဖြစ် ခဲ့ရတာပဲ ဖြစ်ပါတယ်။

“သင့်အတွက်မနက်ဖြန်” သီချင်းက ပြိုင်ပွဲရဲ့ Winner Song ဖြစ်ပေမယ့် Winner ဖြစ်သူ ဖြိုးမြတ်အောင် က 1st Runner Up ဆုရှင် ချမ်းမြေ့မောင်ချိုကိုလည်း ပေးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း မောင်ချိုလေး ရဲ့ “သင့်အတွက်မနက်ဖြန်” သီချင်းလေးကို အားပေးကြ ပါဦးနော်။

Source: ChanMyae MgCho’s fb

Add a Comment

Your email address will not be published. Required fields are marked *

13 − 3 =