(MM) ျမန္မာ ရဲ နဲ႔ (SG) စင္ကာပူ ရဲ ဘာ ေၾကာင့္ ဒီေလာက္ ကြာျခား ေနရတာလဲ….?

လြန္ခဲ့ေသာ ရက္သတၱ ပတ္ အလြန္ ၁၀ ရက္ေလာက္ ကေပါ့ က်ေတာ့ ဘဏ္ထဲ ကေန Unauthorized Transaction singapore dollar S$400 နီးပါး Hack လိုက္ ရပါတယ္ ။ ဘယ္က မွန္းမသိ ျဖတ္သြားၿပီးေနာက္ စိတ္ညစ္ညဴးစြာ နဲ႔ သိသိခ်င္း ဘဏ္ ကို ခ်က္ျခင္း ဖုန္းေခၚၿပီး ဘဏ္အေကာင့္ ကို အရင္ပိတ္ လိုက္ ပါတယ္။

ေနာက္တစ္ေန႔ မွာ ဘဏ္ကို သြား ကိုယ့္ရဲ႕ ျဖစ္စဥ္ကို အေသးစိတ္ ရွင္းျပပါတယ္။ ဘဏ္ ဝန္ထမ္းေတြေအ နနဲ႔ Emergency case အျဖစ္ ခ်က္ျခင္း အလုပ္ လုပ္ၾက ပါတယ္။ အဲ့ဒီေနာက္ ရဲစခန္း Report လိုအပ္ ပါတယ္ေျပာလို႔ ရဲစခန္းသြားလိုက္ ရပါတယ္.။ တစ္နာရီ ေက်ာ္ေက်ာ္ေလာက္ စစ္ေဆးေမးျမန္းၿပီး အခ်က္ အလက္ေတြ ယူသြား ပါတယ္။ အဲ့ေနာက္ သူတို႔ ရေအာင္လုပ္ေပး ပါမယ္ဆို ၿပီး ျပန္လြတ္လိုက္ ပါတယ္။ ေနာက္တစ္ရက္ေန႔လည္းခင္း မွာ ရဲစခန္းက ဖုန္းေခၚလာၿပီး သူ တို႔ ဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး အလုပ္ လုပ္ေနေၾကာင္း ရွင္းျပၿပီး စိတ္ေအးေအးထား ဖို႔နဲ႔ တျခား ထူးျခားခ်က္ရွိရင္ ျပန္ေျပာ ပါမယ္ ဆိုၿပီး ဖုန္းခ်သြားပါတယ္။

အဲ့ဒီေနာက္ ၇ ရက္ေလာက္ အၾကာ မွာ ပါသြားတဲ့ ပိုက္ဆံေတြ အကုန္ျပန္ ဝင္လာ ပါတယ္။ ဒီေန႔မွာေတာ့ ဘဏ္ကေရာ ရဲစခန္း ကပါ စာေတြလက္ခံရ ရွိခဲ့ပါတယ္။ ေျပာခ်င္တာ ခုမွစမွာပါ။ ပထမဆုံး ဘဏ္ပါ ျဖစ္စဥ္စ ျဖစ္တဲ့ အခ်ိန္ကစ လို႔ လုပ္ကိုင္ေဆာင္႐ြက္ပုံေတြက တကယ္ ေက်နပ္စရာပါ။ အျပစ္ေျပာစရာ အနဲငယ္ ရွိ တာေတာင္ နားလည္ေပးႏိုင္ခဲ့ၿပီး စိတ္ေက်နပ္မႈ အျပည့္အဝရရွိခဲ့ ပါတယ္။

ေနာက္တစ္ ခုကေတာ့ ရဲဌာန ပါ (ဒါကို အဓိကေျပာခ်င္တာပါ) ျဖစ္စဥ္ ျဖစ္တဲ့ေန႔က ရဲစခန္း ေရာက္ၿပီး ရဲေတြ အလုပ္လုပ္ပုံေတြ ၊ ျပည္သူတစ္ေယာက္ေပၚ ဆက္ဆံမႈေတြက တကယ့္ကို ေလးစားအားက် အတုယူခ်င္ စရာပါ.. ပိုက္ဆံျပန္ မရခင္ ၾကားထဲမွာ လည္း စိတ္ပူစရာမလို႔ဖို႔ သူတို႔ အလုပ္လုပ္ေနေၾကာင္း လွမ္းေျပာတာ ကလည္း ထူးျခားခ်က္ပါ ဒီေန႔ရတဲ့ စာဆို အထဲမွာ သူတို႔ ဘာေတြ လုပ္ၿပီးေၾကာင္း ဘာေတြ ဆက္လုပ္ပါမယ္ဆိုတဲ့ အေၾကာင္းအရာအျပင္ တစ္ခုခုဆို ဆက္သြယ္ဖို႔ အရာရွိ တစ္ေယာက္အမည္ နဲ႔ ဖုန္းနံပတ္ပါ ထည့္ေပး ထားပါတယ္။

ျဖစ္စဥ္အစဆုံး မွာ ပိုက္ဆံ တစ္က်ပ္မွ မကုန္ခဲ့သလို လုပ္ငန္းစဥ္ အားလုံး မွာ စိတ္ေက်နပ္မႈ အျပည့္အဝ ရရွိ ခဲ့တာေတာ့ အမွန္ပါ ။ ဒါေတာင္ ကိုယ္ဟာ ႏိုင္ငံျခားသား တစ္ေယာက္ျဖစ္ တာေတာင္ ေသေသခ်ာခ်ာ ဂ႐ုတစိုက္ ဆက္ဆံမႈေတြက ႏိုင္ငံသား ဆိုရင္ေတာ့ ေျပာစရာ လိုမထင္ ေတြးမိတာေလးကေတာ့ က်ေတာ့္ တို႔ ႏိုင္ငံ ရဲ႕ ရဲဌာန ေတြကို ေျပာင္းလဲေစခ်င္မိတာ အမွန္ပါ။

ကိုယ္ဟာ ရဲစခန္းေတြ ကို ေရာက္ဖူးခဲ့ ပါတယ္။ ဘယ္သူ႔ အေဖေခၚ ဘယ္သူ႔ ဆရာေခၚရမွန္း မသိ အထဲမေရာက္ ခင္ ဂိတ္ေစာင့္နဲ႔ တင္ ေၾကာက္ေနခဲ့ရ တာကေတာ့ ကိုယ္ေတြ႕ပါ။ ေပးရျပန္ၿပီ လက္ဖက္ရည္ဖိုး တိုတိတိုတိ ေတြ.. ပိုက္ဆံမရရင္ ေလသံကမာ အလုပ္က မလုပ္ခ်င္ ။ ခုေနာက္ပိုင္း ေနရာ အခ်ိဳ႕ ေျပာင္းလဲခဲ့ေပမယ့္ ေနရာအေတာ္ မ်ားမ်ားက ဒုံရင္းက ဒုံးရင္းရွိေနဆဲပါဘဲ ။ Well Organization ျဖစ္ဖို႔ က်ေတာ္တို႔ ေကာင္းမြန္မွန္ကန္စြာ တည့္မတ္ေပးႏိုင္ တဲ့ အစိုးရ ေကာင္းတစ္ရပ္ လိုအပ္ပါတယ္။

ႏို႔မို႔ဆို ရင္ေတာ့ အစိုးရဌာန ဆိုင္ရာ လုပ္ငန္း ေတာ္ေတာ္ မ်ားမ်ား ကို ျပည္သူ အမ်ားစု က ႐ြံရွာ ႏွာေခါင္းရႈံ႕ေနၾကအူံးမွာဘဲ။ ေကာင္းမြန္ေသာ အစိုးရတစ္ရပ္ရရွိဖို႔ သင့္လက္ထဲမွာ အခြင့္အေရး အျပည့္အဝရွိ ပါတယ္ ။ သင္မဲေပးျခင္း ဟာ သင့္ အနာဂတ္ အတြက္နဲ႔ သင့္ရဲ႕ ေနာင္လာမယ့္ မ်ိဴးဆက္ အတြက္ ပါ ဒါေၾကာင့္ ေကာင္းမြန္းေသာ ရလဒ္ေတြ ဆက္ရ ဖို႔ မဲေပးၾကပါ ။

Myat Hein Khant

unicode

(MM) မြန်မာ ရဲ နဲ့ (SG) စင်ကာပူ ရဲ ဘာ ကြောင့် ဒီလောက် ကွာခြား နေရတာလဲ….?

လွန်ခဲ့သော ရက်သတ္တ ပတ် အလွန် ၁၀ ရက်လောက် ကပေါ့ ကျတော့ ဘဏ်ထဲ ကနေ Unauthorized Transaction singapore dollar S$400 နီးပါး Hack လိုက် ရပါတယ် ။ ဘယ်က မှန်းမသိ ဖြတ်သွားပြီးနောက် စိတ်ညစ်ညူးစွာ နဲ့ သိသိချင်း ဘဏ် ကို ချက်ခြင်း ဖုန်းခေါ်ပြီး ဘဏ်အကောင့် ကို အရင်ပိတ် လိုက် ပါတယ်။

နောက်တစ်နေ့ မှာ ဘဏ်ကို သွား ကိုယ့်ရဲ့ ဖြစ်စဉ်ကို အသေးစိတ် ရှင်းပြပါတယ်။ ဘဏ် ဝန်ထမ်းတွေအေ နနဲ့ Emergency case အဖြစ် ချက်ခြင်း အလုပ် လုပ်ကြ ပါတယ်။ အဲ့ဒီနောက် ရဲစခန်း Report လိုအပ် ပါတယ်ပြောလို့ ရဲစခန်းသွားလိုက် ရပါတယ်.။ တစ်နာရီ ကျော်ကျော်လောက် စစ်ဆေးမေးမြန်းပြီး အချက် အလက်တွေ ယူသွား ပါတယ်။ အဲ့နောက် သူတို့ ရအောင်လုပ်ပေး ပါမယ်ဆို ပြီး ပြန်လွတ်လိုက် ပါတယ်။ နောက်တစ်ရက်နေ့လည်းခင်း မှာ ရဲစခန်းက ဖုန်းခေါ်လာပြီး သူ တို့ ဘဏ်နဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်နေကြောင်း ရှင်းပြပြီး စိတ်အေးအေးထား ဖို့နဲ့ တခြား ထူးခြားချက်ရှိရင် ပြန်ပြော ပါမယ် ဆိုပြီး ဖုန်းချသွားပါတယ်။

အဲ့ဒီနောက် ၇ ရက်လောက် အကြာ မှာ ပါသွားတဲ့ ပိုက်ဆံတွေ အကုန်ပြန် ဝင်လာ ပါတယ်။ ဒီနေ့မှာတော့ ဘဏ်ကရော ရဲစခန်း ကပါ စာတွေလက်ခံရ ရှိခဲ့ပါတယ်။ ပြောချင်တာ ခုမှစမှာပါ။ ပထမဆုံး ဘဏ်ပါ ဖြစ်စဉ်စ ဖြစ်တဲ့ အချိန်ကစ လို့ လုပ်ကိုင်ဆောင်ရွက်ပုံတွေက တကယ် ကျေနပ်စရာပါ။ အပြစ်ပြောစရာ အနဲငယ် ရှိ တာတောင် နားလည်ပေးနိုင်ခဲ့ပြီး စိတ်ကျေနပ်မှု အပြည့်အဝရရှိခဲ့ ပါတယ်။

နောက်တစ် ခုကတော့ ရဲဌာန ပါ (ဒါကို အဓိကပြောချင်တာပါ) ဖြစ်စဉ် ဖြစ်တဲ့နေ့က ရဲစခန်း ရောက်ပြီး ရဲတွေ အလုပ်လုပ်ပုံတွေ ၊ ပြည်သူတစ်ယောက်ပေါ် ဆက်ဆံမှုတွေက တကယ့်ကို လေးစားအားကျ အတုယူချင် စရာပါ.. ပိုက်ဆံပြန် မရခင် ကြားထဲမှာ လည်း စိတ်ပူစရာမလို့ဖို့ သူတို့ အလုပ်လုပ်နေကြောင်း လှမ်းပြောတာ ကလည်း ထူးခြားချက်ပါ ဒီနေ့ရတဲ့ စာဆို အထဲမှာ သူတို့ ဘာတွေ လုပ်ပြီးကြောင်း ဘာတွေ ဆက်လုပ်ပါမယ်ဆိုတဲ့ အကြောင်းအရာအပြင် တစ်ခုခုဆို ဆက်သွယ်ဖို့ အရာရှိ တစ်ယောက်အမည် နဲ့ ဖုန်းနံပတ်ပါ ထည့်ပေး ထားပါတယ်။

ဖြစ်စဉ်အစဆုံး မှာ ပိုက်ဆံ တစ်ကျပ်မှ မကုန်ခဲ့သလို လုပ်ငန်းစဉ် အားလုံး မှာ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိ ခဲ့တာတော့ အမှန်ပါ ။ ဒါတောင် ကိုယ်ဟာ နိုင်ငံခြားသား တစ်ယောက်ဖြစ် တာတောင် သေသေချာချာ ဂရုတစိုက် ဆက်ဆံမှုတွေက နိုင်ငံသား ဆိုရင်တော့ ပြောစရာ လိုမထင် တွေးမိတာလေးကတော့ ကျတော့် တို့ နိုင်ငံ ရဲ့ ရဲဌာန တွေကို ပြောင်းလဲစေချင်မိတာ အမှန်ပါ။

ကိုယ်ဟာ ရဲစခန်းတွေ ကို ရောက်ဖူးခဲ့ ပါတယ်။ ဘယ်သူ့ အဖေခေါ် ဘယ်သူ့ ဆရာခေါ်ရမှန်း မသိ အထဲမရောက် ခင် ဂိတ်စောင့်နဲ့ တင် ကြောက်နေခဲ့ရ တာကတော့ ကိုယ်တွေ့ပါ။ ပေးရပြန်ပြီ လက်ဖက်ရည်ဖိုး တိုတိတိုတိ တွေ.. ပိုက်ဆံမရရင် လေသံကမာ အလုပ်က မလုပ်ချင် ။ ခုနောက်ပိုင်း နေရာ အချို့ ပြောင်းလဲခဲ့ပေမယ့် နေရာအတော် များများက ဒုံရင်းက ဒုံးရင်းရှိနေဆဲပါဘဲ ။ Well Organization ဖြစ်ဖို့ ကျတော်တို့ ကောင်းမွန်မှန်ကန်စွာ တည့်မတ်ပေးနိုင် တဲ့ အစိုးရ ကောင်းတစ်ရပ် လိုအပ်ပါတယ်။

နို့မို့ဆို ရင်တော့ အစိုးရဌာန ဆိုင်ရာ လုပ်ငန်း တော်တော် များများ ကို ပြည်သူ အများစု က ရွံရှာ နှာခေါင်းရှုံ့နေကြအူံးမှာဘဲ။ ကောင်းမွန်သော အစိုးရတစ်ရပ်ရရှိဖို့ သင့်လက်ထဲမှာ အခွင့်အရေး အပြည့်အဝရှိ ပါတယ် ။ သင်မဲပေးခြင်း ဟာ သင့် အနာဂတ် အတွက်နဲ့ သင့်ရဲ့ နောင်လာမယ့် မျိူးဆက် အတွက် ပါ ဒါကြောင့် ကောင်းမွန်းသော ရလဒ်တွေ ဆက်ရ ဖို့ မဲပေးကြပါ ။

Myat Hein Khant

Add a Comment

Your email address will not be published. Required fields are marked *

4 × five =